မြန်မာနိုင်ငံ၏ ဘာသာစကားများ

မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။ မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘာသာစကားများ
မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဘာသာစကားများပြ မြေပုံ

တိုင်းရင်းသား လူမျိုးစုများ ပြောဆိုအသုံးပြုသည့် ဘာသာစကားများကို အုပ်စုကြီးငါးခု အနေဖြင့် ခွဲခြားနိုင်သည်။ ယင်းတို့မှာ တရုတ်-တိဗက် (Sino-Tibetan)၊ မွန်-ခမာ (Austroasiatic)၊ တိုင်း-ကဒိုင် (Tai–Kadai)၊ အင်ဒို-ဥရောပ (Indo-European) နှင့် ဩစတြိုနီးရှန်း (Austronesian) တို့ဖြစ်ကြပြီး သင်္ကေတ ဘာသာစကား ကိုလည်း အသုံးပြုသည်။

မြန်မာဘာသာစကား

မြန်မာဘာသာစကားသည် ဗမာလူမျိုးများနှင့် ဆက်စပ်လူမျိုးခွဲတို့၏ ဒေသခံစကားဖြစ်သည်။ မြန်မာဘာသာစကားကို လူဦးရေ ၃၆သန်းခန့်က ပင်ကိုဘာသာစကားအဖြစ် အသုံးပြုနေကြသည်။ အခြားလူဦးရေ ၁၀ သန်းခန့်သည် မြန်မာဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုသည်။

မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ပါဝင်ပြီး တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) ၏ အခွဲဖြစ်သော Burmish ဘာသာစကားအုပ်စုတွင် ပါဝင်သည်။ တိဗက်-ဗမာနွယ်စကားအုပ်စုတွင် မြန်မာဘာသာသည် အကျယ်ပြန့်ဆုံး ပြောဆိုသုံးနှုန်းသည့် စကားဖြစ်ကာ တရုတ်-တိဗက် ဘာသာစကားများတွင် ဒုတိယအကျယ်ပြန့်ဆုံး ပြောဆိုသည့် ဘာသာစကား ဖြစ်သည်။ မြန်မာဘာသာသည် တရုတ်-တိဗက် ဘာသာစကားများတွင် စတုတ္ထမြောက် အရေးအသားစနစ်ကို ဖွံ့ဖြိုးသည့် ဘာသာဖြစ်သည်။ မြန်မာစာများတွင်ပါဠိစကားလုံးများကိုထည့်သွင်းအသုံးပြုကြပေသည်။

တိုင်းရင်းသား ဘာသာစကားများ

မြန်မာဘာသာစကားနှင့် မြန်မာဒေသိယစကားများ အပြင်၊ ရှမ်းဘာသာစကား (၃.၂ သန်း ပြောဆို)၊ ကရင်ဘာသာစကား (၂.၆ သန်း ပြောဆို)၊ ဂျိန်းဖောဘာသာစကား (၉၀၀,၀၀၀ ခန့်ပြောဆို)၊ အမျိုးမျိုးသော ချင်းဘာသာစကား (၇၈၀,၀၀၀ ပြောဆို) နှင့် မွန်ဘာသာစကား (မွန်-ခမာ၊၁.၁ သန်း ခန့်ပြောဆို) အပါအဝင် အခြားဘာသာစကား တစ်ရာခန့်ရှိသည်။ ထိုဘာသာစကားအများစုသည် မြန်မာအက္ခရာကို အသုံးပြုကြသည်။

မြန်မာ သင်္ကေတဘာသာစကားသည် တစ်မျိုး သို့မဟုတ် နှစ်မျိုးရှိသည်ဆိုသည်မှာ တိတိကျကျ မသိရပေ။

အင်္ဂလိပ်ဘာသာစကား

ယနေ့အချိန်တွင် မြန်မာဘာသာစကားသည် ပင်မဘာသာစကားဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကား အနေဖြင့် ပြောဆို အသုံးပြုနေကြသည်။ ၁၉ ရာစုနှောင်းပိုင်း မှ ၁၉၆၄ ခုနှစ်အထိ အဆင့်မြင့်ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားသည် ပင်မဘာသာစကား ဖြစ်ခဲ့သည်။


အောက်ခြေမှတ်စု

ကျမ်းကိုး စာစုစာရင်း

  • Goddard၊ Cliff (2005)၊ The Languages Of East And Southeast Asia: An Introduction၊ Oxford University Press၊ ISBN 0-19-924860-5
  • Lewis၊ M. Paul, ed. (2015)၊ Ethnologue: Languages of the World (18 ed.)၊ SIL International4 April 2015 တွင် ပြန်စစ်ပြီး
  • Lintner၊ Bertil (2003)၊ "Myanmar/Burma"၊ in MacKerras၊ Colin (ed.)၊ Ethnicity in Asia၊ Routledge၊ ISBN 0-415-25816-2
  • Thein၊ Myat (2004)၊ Economic Development of Myanmar၊ Institute of Southeast Asian Studies၊ ISBN 981-230-211-5

ပြင်ပလင့်ခ်များ

Tags:

မြန်မာနိုင်ငံ၏ ဘာသာစကားများ မြန်မာဘာသာစကားမြန်မာနိုင်ငံ၏ ဘာသာစကားများ တိုင်းရင်းသား ဘာသာစကားများမြန်မာနိုင်ငံ၏ ဘာသာစကားများ အင်္ဂလိပ်ဘာသာစကားမြန်မာနိုင်ငံ၏ ဘာသာစကားများ အောက်ခြေမှတ်စုမြန်မာနိုင်ငံ၏ ဘာသာစကားများ ကျမ်းကိုး စာစုစာရင်းမြန်မာနိုင်ငံ၏ ဘာသာစကားများ ပြင်ပလင့်ခ်များမြန်မာနိုင်ငံ၏ ဘာသာစကားများမြန်မာနိုင်ငံမြန်မာဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တရုတ်ပြည်သူ့သမ္မတနိုင်ငံမော်စီတုန်းကြို့ထိုးခြင်းဘိုးမင်းခေါင်မြန်မာနိုင်ငံ၏ စီးပွားရေးပန်းချီနန်းမွေစံနတ်ဆယ်ပါးသီလဟင်္သာတထွန်းရင်မင်္ဂလသုတ်မဟော်သဓာစိန်ပုဂံဗောဇ္ဈင်္ဂသုတ်မုန့်လုံးရေပေါ်ခွေးရူးပြန်ရောဂါချောက်မြို့မြန်မာနိုင်ငံ၏ ပညာရေးကြွက်နို့ဆေးဝါးကရင်လူမျိုးစွမ်းအင်တောင်ကိုရီးယားနိုင်ငံအားဖားကန့်မြို့မြန်မာ့ပြည်တွင်းပဋိပက္ခများဗမာ့လွတ်လပ်ရေးတပ်မတော်မဂ္ဂင် ၈ ပါးစောလူးမင်းကနေဒါနိုင်ငံကချင်လူမျိုးစစ်ကိုင်းတိုင်းဒေသကြီးစကားကြီး ဆယ်မျိုးအင်္ဂလန်နိုင်ငံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအင်းလေးကန်တောက်တဲ့လေဖြတ်ခြင်းခင်ပွန်းကြီးဆယ်ပါးကနောင်မင်းသားကချင်ပြည်နယ်ရဲဝင်းဦးတရားကိုဩဒိနိတ်တိုင်းစစ်ဌာနချုပ်ပညာ၂၄ ပစ္စည်းဖိုးစိန်၊ ဦး (ဂရိတ်)ကင်ဂိုအွန်ဆော်ဒီအာရေဗျနိုင်ငံလိင်တူစုံမက်ခြင်းတရုတ်ဗင်နီဇွဲလားနိုင်ငံဧရာဝတီတိုင်းဒေသကြီးဖြူဖြူကျော်သိန်းငါးမျိုးစိတ်များ စာရင်းဗေဒင်အိမ်XXXတဲန်တာရွှန်သောတာပန်ကိုယ်ကျင့်တရားရာသီခွင်မြန်မာအဘိဓာန်စွယ်တော်ပင်မင်းသုဝဏ်ဂါထာခြောက်ဆယ်ပျို့ကွန်ဒုံးထူးအိမ်သင်နေဝင်း (ဗိုလ်ချုပ်ကြီး)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထားဝယ်မြို့တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းကျိုက်သလ္လံစေတီနန်းမတော်မယ်နု🡆 More