ထူးအိမ်သင်သည် ၁၉၈၀ ခုနှစ်လယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို ပေါ့ရော့ခ်၊ ပေါ့ဂျက်ဇ် စသည်ဖြင့် မတူညီသည့်အသွင်များဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။ အနုပညာသက်တမ်း ၁၈ နှစ်တာကာလအတွင်း တကိုယ်တော် အယ်လ်ဘမ် ၁၄ ခုထိ ထုတ်လုပ်ခဲ့ပြီး သူ၏ အနုပညာလက်ရာများသည် မြန်မာပရိသတ်များကြားတွင် ယနေ့တိုင် လွှမ်းမိုးနေဆဲဖြစ်သည်။
ထူးအိမ်သင် | |
---|---|
မွေးဖွား | ကျော်မြင့်လွင် ၁ ဇူလိုင်၊ ၁၉၆၃ ပုသိမ်မြို့၊ မြန်မာနိုင်ငံ |
ကွယ်လွန် | ၁၄ ဩဂုတ်၊ ၂၀၀၄ ရန်ကုန်၊ မြန်မာ။ | (အသက် ၄၁)
အခြား အမည်များ | သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ သျှပ်မှူးကျော် (ကလောင်အမည်)၊ လင်းထက် (ကလောင်အမည်)၊ရဲသင်ရန်(ကလောင်အမည်) |
လူမျိုး | မွန် |
အလုပ်အကိုင် | အဆိုတော်၊ တေးရေးသူ၊ကဗျာဆရာ |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၆–၂၀၀၄ |
ကျော်ကြားမှုအရင်းခံ | ကျော်ကြားသော အဆိုတော် တေးရေးသူ |
သားသမီး | မိကွန်ထော |
မိဘ(များ) | ဦးထွန်းမြင့်၊ ဒေါ်မြရီ |
ဝက်ဘ်ဆိုဒ် | htooeainthin.com |
ဂီတခရီးလမ်း | |
ဂီတဟန် | ရော့ခ် ဂီတ၊ ပေါ့ရောခ်၊ ဂျက်စ်၊ bossa nova |
တူရိယာ | ဂစ်တာ၊ ပီယာနို၊ ဒရမ်၊ပက်ကားရှင်း၊ဟာမိုနီကာ |
လက်မှတ် | |
အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန်ဖြစ်သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်သည်။
အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်သည်။ ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့သည်။
၁၉၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီးသီချင်းကြောင့် ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရသည်။ သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြသည်။ ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့သည်။
၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက် ၄၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကိုချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက်အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။
စဉ် | တေးအမည် | ထုတ်ဝေနှစ် | စတူဒီယို | တီးဝိုင်း | တေးသံသွင်း |
---|---|---|---|---|---|
၁ | နာရီပေါ်က မျက်ရည်စက်များ | ၁၉၈၇ | Oasis | The Aces | ဂန္ဓမာတေးသံသွင်း |
၂ | မှော်ဆရာအိပ်မက် | ၁၉၈၈ (Feb) | Oasis | The Aces | ပန်းနုလဝန်းတေးသံသွင်း |
၃ | သက်ငြိမ် | ၁၉၈၉ (Oct) | Oasis | The Aces | Country Boy Recording |
၄ | အတ္တပုံဆောင်ခဲများ | ၁၉၉၁ (Jan) | Oasis | Emperor | စံပယ်ဦးတေးသံသွင်း |
၅ | အကြင်နာအိပ်မက် | ၁၉၉၁ (Jun) | Oasis, May | T Four, Emperor, Success | ယင်းမာတေးသံသွင်း |
၆ | အရင်အတိုင်း | ၁၉၉၁ (Dec) | Oasis | Emperor | ဂျူပီတာတေးသံသွင်း, Ko Ye Music Production |
၇ | စကားလုံးမရှိတဲ့ ကောင်းကင် | ၁၉၉၅ (Feb) | Oasis | Emperor | နှင်းဆီလှိုင်းတေးထုတ်လုပ်ရေး |
၈ | ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium) | ၁၉၉၆ (Dec) | May | Iron Cross | Sein Min Music Production |
၉ | မြို့ပြလရောင်တမ်းချင်း | ၁၉၉၆ (Oct) | Oasis | Session Players | Mercury Recording |
၁၀ | ဝင်ရိုးစွန်းမီး | ၁၉၉၇ (Feb) | LYNN | Session Players | NASA Recording |
၁၁ | အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း | ၁၉၉၇ (May) | LYNN | Iron Cross | IC Music Production |
၁၂ | အမှတ်တရ ဒဏ်ရာသီချင်းများ | ၁၉၉၉ (Jun) | Oasis | Emperor | Heart Music Production |
၁၃ | အစိမ်းရောင် ရက်စွဲများ | ၂၀၀၁ (Nov) | Oasis | Iron Cross | စံပယ်ဦးတေးသံသွင်း |
၁၄ | တစ်နေ့စာအလွဲများ | ၂၀၀၃ (Oct) | Oasis | Emperor | မန်းသီရိတေးသံသွင်း |
၁၅ | ချစ်ခြင်းအားဖြင့် | ၂၀၀၅ (Aug) | Oasis, PTL, Nawarat | Iron Cross, The Trees, Session Players |
This article uses material from the Wikipedia မြန်မာဘာသာ article ထူးအိမ်သင်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.