ဆိတ်

Capra aegagrus hircus Linnaeus, 1758 Capra depressa Linnaeus, 1758 Capra mambrica Linnaeus, 1758 Capra reversa Linnaeus, 1758

Domestic goat
Temporal range: 0.01–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Neolithic–Recent
ဆိတ်
A pygmy goat on a tree stump
ယဉ်ပါးအောင် မွေးမြူထား
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Bovidae
မျိုးရင်းသေး: Caprinae
မျိုးဇာတ်: Caprini
မျိုးစု: Capra
မျိုးစိတ်:
C. hircus
ဒွိနာမ
Capra hircus
Synonyms

ဆိတ်
ဆိတ်နှစ်ကောင် ခေါင်းဆောင်နေရာလုရန်အတွက် ခေါင်းချင်းဆိုင် ဝှေ့နေစဉ်

ဆိတ်သည် ပါဏဗေဒအလိုအရ 'ကက်ပရာ'မျိုးစုဝင် စားမြုံ့ပြန်ကောင်ဖြစ်သည်။ သိုးနှင့် ဆိတ်တို့သည် ပုံပန်းချင်း အလွန်ဆင်တူလေသည်။ သားမွေးအတွက် မွေးမြူသော သိုးတစ်မျိုးမှာ ဆိတ်နှင့် ခွဲ၍မရေအောင် ဆင်တူနေသဖြင့် တိရစ္ဆာန်အကြောင်း မကျွမ်းကျင်သူများအဖို့ အမြီးအနေ အထားကို ကြည့်၍သာလျှင် ခွဲခြားနိုင်ပေမည်။ ဆိတ်၏အမြီးမှာ အပေါ်သို့ထောင်နေ၍ သိုး၏အမြီးမှာ အောက်သို့ကုပ် ကျနေသည်။ သိုးနှင့်ဆိတ် ခွဲခြား၍သိနိုင်သည့် အခြားတချက်မှာ ဆိတ်၏ကိုယ်လုံး ကိုယ်ဖန်သည် သိုးထက် ငယ်သည့်အပြင်၊ ဆိတ်အမွေးမှာ ပိုရှည်သည်။ ပိုဖြောင့်သည်။

ဆိတ်များကို လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀-ကျော်ခန့်မှစ၍ မွေးမြူခဲ့သည်ဟု အထောက်အထားများအရ သိရသည်။ ဆိတ်သည်လည်း လူတို့အတွက် အလွန်အသုံးဝင်သော အဖိုးတန်တိရစ္ဆာန်တမျိုးပင် ဖြစ်သည်။ ဆိတ်များကို အသားစားရန်အတွက်သာမက ဆိတ်နို့အလို့ငှါလည်း မွေးမြူကြသည်။ အသားနှင့်နို့အပြင် ဆိတ်သားရေသည်လည်း အသုံးဝင်ပေသည်။ အချို့ဒေသများတွင် ဆိတ်သားရေဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ စသည်တို့ကို ပြုလုပ်သုံးစွဲကြသည်။ အချို့ဒေသများတွင် ဆိတ်များကို ပေါ့ပါးသော ပစ္စည်းတင်လှည်းဆွဲရန်အထိ သုံးနိုင်သည်ဟု သိရသည်။ သို့သော် ယခုအခါ အချို့နိုင်ငံများတွင် ဆိတ်ပေါက်ဖွားနှုန်း အလွန်မြင့်မားနေသောကြောင့် ခြံဖြင့် စနစ်တကျ မမွေးမြူနိုင်တော့ဘဲ သဘာဝအတိုင်း လွှတ်ကျောင်းထားရသည်။ ထိုဆိတ်များသည် ၎င်းတို့စားကျက်ရရှိရန် သဘာဝတောရိုင်းပင်များကို ဖျက်ဆီးစားသောက်ကြသည်ကို ကြုံတွေ့နေရသည်။

ဆိတ်ရိုင်းများကို ဥရောပတိုက်အာဖရိကမြောက်ပိုင်းနှင့် ဟိမဝန္တာတောင်များပေါ်၌ တွေ့ရသည်။ လူတို့မွေးမြူကြသော ဆိတ်ယဉ်တို့မှာ ပါးရှားနိုင်ငံရှိ ဆိတ်ရိုင်းများမှ ဆင်းသက်လာကြသည်ဟု ယူဆရသည်။ ရှေးပဝေသဏီကာလမှစ၍ ကမ္ဘာပေါ်ရှိ အရပ်ရပ်တွင် ဆိတ်ကိုမွေးမြူခဲ့ကြသည်။ အာရှမိုင်းနားရှိ အန်ဂိုးရားမြို့ကို အစွဲပြု၍ အန်ဂိုးရားဆိတ်ဟု အမည်တွင်သော ဆိတ်မျိုးမှာ ဓမ္မဟောင်းကျမ်းစာခေတ်မှစ၍ ထင်ရှားခဲ့သည်။ အန်ဂိုးရားဆိတ်သည် အရှေ့တိဗက်နိုင်ငံမှ ပေါက်ပွားလာသည်။ အန်ဂိုးရားဆိတ်တွင် ရှည်လျား၍ ပိုးသားကဲ့သို့သားမွေးများ တစ်ကိုယ်လုံးကို ဖုံးအုပ်လျက်ရှိသည်။ ထိုသားမွေးများဖြင့် မိုးဟဲခေါ် ဆိတ်မွေးထည်ကို ရက်လုပ်သည်။ အန်ဂိုးရားဆိတ် မျိုးပေါင်း များစွာရှိရာ၊ အာဖရိကတိုက်တောင်ပိုင်း၊ ဩစတြေးလျတိုက်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဤဆိတ်မျိုးကို သားမွေးအတွက် မွေးမြူကြသည်။

သားမွေးအတွက်မွေးမြူကြသော အခြားဆိတ်တစ်မျိုးမှာ ကသ္မီရဆိတ်မျိုးဖြစ်သည်။ ကသ္မီရဆိတ်သည် သာမန်ဆိတ်နှင့်ပို၍တူသည်။ အန်ဂိုးရားဆိတ်မှာ သိုးနှင့်ပို၍ ဆင်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသော ကသ္မီရရှောစောင်ကို ထိုကသ္မီရဆိတ်မှရသော သားမွေးဖြင့် ရက်လုပ်လေသည်။ ကသ္မီရဆိတ်၏ အတွင်းထပ် သားမွေးကို ရှောစောင်အဖြစ် ရက်လုပ်သည်။ အပြင် အမွေးများရှည် လေလေ၊ အတွင်းဘက် သားမွေးထပ်မှာ ထူထဲပေါများလာလေလေ ဖြစ်သည်။ အလျားနှင့်အနံ တစ်ကိုက်ခွဲစီရှိသော ရှောစောင်ရရှိရန်အတွက် ဆိတ်ဆယ်ကောင်မှ သားမွေးများကို လိုလေသည်။ ထို့ပြင် လက်ဖြင့်သာ ရက်လုပ်သောကြောင့်၊ စောင်တစ်ထည်ပြီးမြောက်ရန် တစ်နှစ်ခန့်မျှကြာသည်။ ထိုကြောင့် ကသ္မီရ ရှောင်စောင်သည် အလွန်အဖိုးထိုက်တန်၏။ အဆင်ဆန်း ရှောစောင်တစ်ထည်ကို တစ်ခါတစ်ရံ ပေါင် ၃ဝဝ မျှ ပေးရသည်။ အန်ဂိုရားဆိတ်နှင့် ကသ္မီရဆိတ်နှစ်မျိုးလုံးမှာ အရွယ်ငယ်၍၊ နားရွက်များတွဲလျားကျသည့်အပြင် ဦးချိုများ လိမ်နေသည်။

တရုတ်နိုင်ငံ၊ ဂရိတ်ဗြိတိန်နိုင်ငံ၊ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် ဆိတ်များကို နို့စားရန်အတွက် မွေးမြူကြသည်။ နို့စားဆိတ်မျိုးတွင် ဆွစ်ဇာလန်နိုင်ငံမှ တော်ဂင်ဗုနှင့် ဆာနင်မျိုးများမှာ အကောင်းဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဆိတ်မျိုးတွင် စူရတ်မြို့မှ စူရတီဆိတ်မျိုးသည် ထင်ရှား၏။ အများအားဖြင့် အရောင်ဖြူသည်။

သားမွေးအတွက်နှင့် ဆိတ်နို့အတွက်သာလျှင် ဆိတ်ကို မွေးမြူကြသည်မဟုတ်ပေ။ အသားစားရန်အတွက် ဖြစ်စေ၊ သားရေအတွက်ဖြစ်စေ၊ ဆိတ်ကို မွေးမြူကြသေးသည်။ ဆိတ်ကလေး သားရေကို လက်အိတ်နှင့် ဖိနပ်ချုပ်ရာ၌ အသုံးများသည်။ သို့သော် ယခုအချိန်တွင် ကြွက်သားရေနှင့် ခွေးသားရေတို့ကို ဆိတ်ကလေး သားရေတုများပြုလုပ်၍ ရောင်းချလျက်ရှိကြသည်။ ဖိနပ်များ၊ စာရွက်စာတမ်းများထည့်ရန် လက်ဆွဲအိတ်၊ စာအုပ်များအတွက် မိုရော့ကို သားရေဖုံးနှင့် အခြားပစ္စည်းများကို ဆိတ်ရေဖြင့် ချုပ်လုပ်ကြသည်။ သားမွေး စောင်နှင့် သားမွေး ကိုယ်ရုံထည်များ ချုပ်လုပ်ရန် အင်ဂိုးရားဆိတ်ရေကို သားမွေးများမပယ်ဘဲ အသုံးပြုကြသည်။

သို့ဖြစ်၍ လူတို့အတွက် ဆိတ်သည် များစွာအသုံးဝင်သည်ဟု ဆိုရပေမည်။ ထို့ပြင် ဆိတ်သည် အလွန်ကြံ့ခိုင်သဖြင့် ရောဂါရုတ်တရက်မကူးစက်တတ်ချေ။ ဆိတ်သည် ရွက်ကြမ်း ရွက်နုမရှောင်၊ သစ်ပင်တို့၏ အခေါက်ကိုခွာစား၍ အသက်ရှင် နေနိုင်သည့် သတ္တဝါမျိုးဖြစ်သည်။ ထို့ကြောင့် အခြားတိရစ္ဆာန်များကို မွေးမြူ၍မဖြစ်နိုင်အောင် အစာရေစာ အလွန်ရှားသော အရပ်မျိုးတွင် ဆိတ်ကိုမွေးမြူနိုင်၏။ ဆိတ်၏ သာမန်သက်တမ်းမှာ ၈ နှစ်မှ ၁၂ နှစ်ထိဖြစ်သည်။ ဆိတ်မတို့သည် တစ်ကြိမ်လျှင် ဆိတ်ကလေးနှစ်ကောင် သုံးကောင်မျှ မွေးဖွားလေ့ရှိသည်။ တစ်ခါတစ်ရံ တစ်ကြိမ်လျှင်ဆိတ်ကလေး လေးကောင်မှ ငါးကောင်အထိလည်း မွေးတတ်သည်။ ဆိတ်မတွင် ဇီးကပ်၍၊ ၂၁ သီတင်း၊ ၂၂ သီတင်းအတွင်းသို့ရောက်မှ သားဖွားတတ်သည်။ ဆိတ်မ၏ အသက် ၁၅ လကျော်မှ မျိုးစပ်ပေးသင့်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပခုက္ကူမြို့ဂျန် အောကိုလိုနီခေတ်နန္ဒမာလာဘိဝံသဂျပန်ယန်းငွေရခိုင်လူမျိုးကွီလူမျိုးနိုင်ငံရေးမြွေသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သရဏဂုံရာဇာဓိရာဇ်အံ့ကျော်ကလေးမွေးခြင်းသက္ကရာဇ်သုခ (ပန်းချီဆရာ)စအိုဖြင့် လိင်ဆက်ဆံခြင်းအမေရိကန်ပြည်ထောင်စုအင်္ဂလိပ်-မြန်မာ စစ်ပွဲများအားအနော်ရထာမြန်မာအက္ခရာသမိုင်းရှားစောင်းလက်ပတ်ပင်ငါးပါးသီလရှင်စောပုအာဋာနာဋိယသုတ်အသည်းရောင် အသားဝါ ရောဂါ စီပိုးအစ္စရေးနိုင်ငံမူးယစ်ဆေးဝါးနန်းလုံးကြိုင်စိုးထွဋ်မအင်္ဂါ အစေ့မြန်မာအဘိဓာန်မေပလောင်လူမျိုးပေါင်မြို့အလောင်းမင်းတရားအာခါလူမျိုးကိုလိုနီဝတ်မှုန်ရွှေရည်ကြက်တောင်ရိုက်ခြင်းတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းစိုင်းစိုင်းခမ်းလှိုင်တက္ကသိုလ်ဘုန်းနိုင်ဟယ်ရီပေါ်တာ (ဇာတ်ကောင်)မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပီမိုးနင်းခရမ်းပင်ငှက်ဖျားရောဂါအလီ၊ မိုဟာမက်ရိုဟင်ဂျာကောသလမင်း အိပ်မက် (၁၆)ချက်မိုးသီရိလင်္ကာနိုင်ငံတာချီလိတ်မြို့ဂျပန်နိုင်ငံရခိုင်ပြည်တပ်မတော်ရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ပုလွေမှုတ်ခြင်းဟင်္သာတထွန်းရင်အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပျိုမြှေးဗိဿနိုးမြို့ဟောင်းအာကာသသုဂတော သုဂတဓာနံနာရီဇော်ဂျီ (စာရေးဆရာ)စာပေစစ်တက္ကသိုလ် (ပြင်ဦးလွင်)မေသန်းနုမြန်မာနိုင်ငံ၏ ရပ်ကွက်များကွန်ပျူတာသိပ္ပံပညာတိုကျိုမြို့သင်္ကြန်အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ထိုင်းနိုင်ငံ၏ ပြည်နယ်များတပ်မတော်🡆 More