ကုံကုမံ

ကုံကုမံ (Saffron) သည် အဖိုးတန်သော ပန်းဝတ်ဆံ တစ်မျိုးဖြစ်၍ ယင်းတို့ကို ရှေးရောမနှင့် ဂရိလူမျိုးတို့ လက်ထက်မှ အစပြုကာ လိမ္မော်ရောင် ဆိုးဆေးအဖြစ် သော်လည်းကောင်း၊ အမွှေးနံ့သာ အဖြစ်သော် လည်းကောင်း ဘယဆေး အဖြစ်သော် လည်းကောင်း၊ အစဉ်အဆက် အသုံးပြုလာခဲ့ကြသည်။ ရှေးခေတ်ဂရိနှင့် အိုင်ယာလန်နိုင်ငံတို့တွင် ကုံကုမံသည် အထက်တန်းကျလှသော ထီးသုံးနန်းသုံး ဆိုးဆေးဖြစ်ခဲ့ဘူးသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် ဒံပေါက်ထမင်း၌ ထည့်လေ့ရှိသဖြင့် လူသိများသည်။ ဤကဲ့သို့ ထမင်းဟင်းလျာများ၌ ထည့်သောအခါ ကုံကုမံတွင် အပူဓာတ် ပါဝင်သောကြောင့် အစာကြေသည်ဟု ဆိုသည်။

ကုံကုမံ
ပန်းပွင့်မှ ခြွေ၍ အခြောက်ခံထားသော ကုံကုမံ ဝတ်ဆံ

ကုံကုမံကို ကိတ်မုန့်၊ ချိုချဉ်သကြားလုံး စသည်များတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ဆေးဖက်ဝင်သည် ဆိုသော်လည်း အမှန်စင်စစ် ကုံကုမံ၌ ရောဂါများကို ပျောက်ကင်းစေနိုင်သော သတ္တိမရှိဟု သိရသည်။ ကုံကုမံပင်များ ပေါက်ရာဒေသမှာ ဥရောပအနောက်တောင်ပိုင်း၊ ဂရိနိုင်ငံနှင့် အီရန်(ပါရှား)နိုင်ငံများ ပါဝင်သော မြေထဲပင်လယ် အရှေ့ဒေသ တဝိုက်ဖြစ်သည်။ နောင်သော် ကုံကုမံ၏ အဖိုးတန်မှုကြောင့် ကုံကုမံပင်များကို စပိန်နိုင်ငံအင်္ဂလန်နိုင်ငံပင်ဆယ်ဗေးနီးယားပြည်နယ် (အမေရိကန်) စသော အခြားနိုင်ငံများ၌ လည်း စိုက်ပျိုးလာကြသည်။

ကုံကုမံပင်သည် နှစ်ကြာခံသည့် အပင်တစ်မျိုးဖြစ်သည်။ မြေအောက်အမြစ်ရင်းတွင် ကြက်သွန်နီကဲ့သို့သော ဥမျိုးရှိ၍ ထိုဥ၏ ထိပ်မှ အရွက်၊ ဖူးတံနှင့် အပွင့်များ ဖူးထွက်ပေါ်လာကြသည်။ မြက်ရွက်နှင့် ဆင်တူသော အရွက်များမှာ ၅လက်မမှ ၉လက်မ အထိရှည်လျားသည်။ ဖူးတံမှာ ရှည်းလျားကာ ခေါင်းပွဖြစ်၍ ထိုဖူးတံထိပ်ဖျားမှ ဆောင်းဦးပေါက်ရာသီတွင် ခရမ်းရောင်နုသန်းသော ကတော့ပုံ ပန်းပွင့်အဖြူများ ပွင့်လာကြသည်။ ကုံကုမံပန်း၌ ပွင့်ချက်၆ချပ်ပါရှိသည်။ အပွင့်၏ အလယ်ဗဟိုတွင် ဝတ်ဆံမတိုင်ရှိ၍ ထိုတိုင်ထိပ်တခု၌ တစ်လက်မ သာသာရှည်သော နီရဲနေသည့် ဝတ်ဆံထိပ် ၃ပင်စီ ပေါက်ကြသည်။

ကုံကုမံဆိုသည်ကား အခြားမဟုတ်။ စုသိမ်း အခြောက်ခံထားသော အဆိုပါ ဝတ်ဆံထိပ် ကလေးများပင်ဖြစ်၏။ ပန်းပွင့်ပေါင်း ၄၀၀၀မှ ဝတ်ဆံပေါင်း၁၂၀၀၀လောက်ကို စုသိမ်း၍အခြောက်ခံမှ ကုံကုမံ အလေးချိန် တစ်အောင်စခန့်ရသဖြင့် ကုံကုမံသည် ရှေးယခင်ကထက် အဖိုးများစွာ တန်ခဲ့သည်။ ထို့ကြောင့်လည်း ကုံကုမံတွင် အခြားပန်းဝတ်ဆံများကိုရော၍ လူမသမာများကစီးပွားရှာ ရောင်းချလာကြသည်။ ထိုပြစ်မှု ကျူးလွန်သူများကို အလယ်ခေတ်ကသေဒဏ်ပေး၍ပင် နှိပ်ကွပ်သည်ဟုဆိုသည်။

ယခုခေတ်တွင်လည်း ကုံကုမံအတုများရှိသဖြင့် ကုံကုမံကို ဈေးကြီးပေးဝယ်၍ အသုံးပြုလိုသူများအဖို့ အတုနှင့် အစစ်ကို ခွဲခြားသိရှိရန် လိုအပ်သည်။ ကုံကုမံအစစ်သည် စီးကရက်ကဲ့သို့ နီညိုရောင်ရှိသည့် အမျှင်ကလေးများ ဖြစ်သည်။ အနံ့သင်း၍စားကြည့်လျှင် အရသာ ခါးသက်သက်ရှိသည့်အပြင် ပူရှိန်းရှိန်းရှိနေသည်ကို တွေ့ရပေမည်။ လျှာပေါ်၌လည်း အဝါရောင်စွဲကျန်ရစ်လိမ့်မည်။ ကုံကုမံ အစစ်ကို စပိန်နိုင်ငံမှ တင်သွင်းရရှိ၍ မြန်မာနိုင်ငံ၌ မီးကုံကုမံဟု တွင်သည်။

အသားအရေပေါ်၍ ဤကုံကုမံကို အရည်ဖျော်၍ လိမ်းထားလျှင် မီးဒဏ်ကို ခံနိုင်သဖြင့် မီးကုံကုမံဟု ခေါ်ဆိုသည်။ မြန်မာနိုင်ငံ၌ ကုံကုမံဟူသော အမည်ဖြင့် ရောင်းလေ့ရှိသော ကုံကုမံအတုမှာ ကုံကုမံအစစ်ထက် အနီရောင် ပို၍လွင်သည်။ အနံ့နည်း၍ အရသာတွင်လည်း အခါးဓာတ်၊ အပူဓာတ် ခေါင်းပါးသည်။ ကြာဆံဝတ်ဆံနှင့် တူသောကြောင့် ထိုကုံကုမံအတုမှာ မြန်မာနိုင်ငံ၌ ကြာကုံကုမံ ဟူ၍တွင်သည်။

ကိုးကား

Tags:

ဒံပေါက်မြန်မာနိုင်ငံအိန္ဒိယအိုင်ယာလန်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

တရုတ်ဘန်ကောက်မြို့မြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းပြင်သစ်နိုင်ငံရာသီအလိုက်ပွင့်သောပန်းများကြွက်နို့မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ပြည်သူ့ခုခံတော်လှန်စစ်သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ပုသိမ်မြို့ရှမ်းပြည်နယ်နွေရာသီအောင်ခြင်း ၈ ပါးကားလိုး ကော်လိုဒီစေတီပုထိုးများမစ်(ဂ်)-၂၉၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းညောင်ရေသွန်းပွဲတစ်ကိုယ်ရည်အာသာဖြေခြင်းဆင်ဖြူရှင်မင်းဗိုလ်ချုပ်မှူးကြီးခင်ညွန့် (ဗိုလ်ချုပ်ကြီး)ချင်းလူမျိုးဝတ်မှုန်ရွှေရည်အတွင်း ၃၇ မင်းဂျိုးဇတ် စတာလင်မိကျောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သိဒ္ဓတ္ထမင်းသားကိုးပါးသီလနတ်ပင့်ဂါထာမြသမုဒ္ဒရာဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရန်ကုန်တိုင်းဒေသကြီးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပြင် ၃၇ မင်းအင်္ဂလိပ်ဘာသာစကားလွှမ်းမိုးမြန်မာနိုင်ငံ၏ အမည်များအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရာသီခွင်ဖော်ကာမြန်မာနိုင်ငံရှိ ခရိုင်များခွန်ဆာဖားယူနိုက်တက်ကင်းဒမ်းနိုင်ငံယောက်ျား အင်္ဂါတံရဲဘော်သုံးကျိပ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ပွေး(ရောဂါ)စိုင်းစိုင်းခမ်းလှိုင်သက်ရှိပိဋကတ် သုံးပုံအင်းလေးကန်တရားဂုဏ်တော်နှလုံးသွေးကြောကျဉ်းရောဂါမန္တလေးမြို့ကမ္ဘာ့အထိမ်းအမှတ်နေ့မြန်မာဝီကီပီးဒီးယားဗီယက်နမ်နိုင်ငံဣန္ဒြေထူးအိမ်သင်ကင်ဆာရောဂါနတ်မင်းကြီးလေးပါးပြည်ထဲရေး ဝန်ကြီးဌာနစအိုဖြင့် လိင်ဆက်ဆံခြင်းအိချောပိုဂေါ်ရင်ဂျီကျွန်းသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊စွယ်စုံကျမ်းထွေးလေးပုပ္ပါးတောင်ကလပ်လားရှိုးမြို့🡆 More