လတ္တီကျူ

ကမ္ဘာလုံးမြေပုံကိုကြည့်လျှင် အီကွေတာမှ မြောက်နှင့် တောင်ဘက်များသို့ မျဉ်းပြိုင်များဆွဲထားသည်ကို တွေ့ရပေလိမ့်မည်။ အဆိုပါ မျဉ်းပြိုင်များသည် အမှန်ရှိသော မျဉ်းပြိုင်များကား မဟုတ်ချေ။ ကမ္ဘာပေါ်တွင် တစ်နေရာနှင့် တစ်နေရာ၏ အကွာအဝေးကို တိုင်းတာနိုင်ရန် ပထဝီဝင်ဆရာများက စုပေါင်း၍အကြံထုတ်ကာ ရေးဆွဲထားခြင်းမျှသာဖြစ်သည်။ ထိုမျဉ်းပြိုင်များကို လတ္တီတွဒ်များဟုခေါ်သည်။

လတ္တီကျူ
ဝင်ရိုးစွန်းမှ ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများသည် လောင်ဂျီကျူမျဉ်းများ ဖြစ်ကြပြီး အီကွေတာနှင့်အပြိုင်မျဉ်းများသည် လတ္တီကျူမျဉ်းများ ဖြစ်ကြသည်။

လတ္တီတွဒ်မျဉ်းတစ်ကြောင်းနှင့်တစ်ကြောင်းကို များသောအားဖြင့် ၁ဝ° (၁ဝ ဒီဂရီ) စီခြား၍ ဆွဲထားကြသည်။ အီကွေတာ၏မြောက်ဘက်ရှိ လတ္တီတွဒ်များကို မြောက်လတ္တီတွဒ်များဟုခေါ်၍ အီကွေတာ၏ တောင်ဘက်ရှိ လတ္တီတွဒ်များကို တောင်လတ္တီတွဒ်ဟုခေါ်သည်။ ကမ္ဘာကြီးသာ တိကျစွာ လုံးဝန်းလျက်ရှိလျှင် ဒီဂရီတိုင်းသည် ကမ္ဘာပေါ်တွင် အကွာအဝေးချင်း အတူတူ ဖြစ်ရပေမည်။ သို့သော် ကမ္ဘာကြီးသည် မြောက်နှင့်တောင် ဝင်းရိုး စွန်းနေရာများတွင် ပြားလျက်ရှိသဖြင့် ဝင်ရိုးဒေသများနှင့် အီကွေတာအနီးရှိ ဒေသများတွင် တစ်ဒီဂရီ၏ အကွာအဝေးသည် အနည်းငယ်ကွာခြားလေသည်။ အီကွေတာမှ မြောက်ဝင်ရိုးစွန်းအထိကိုလည်းကောင်း၊ တောင်ဝင်ရိုးစွန်းအထိကိုလည်းကောင်း ၉၀° စီခွဲခြားထားသည်။ အကွာအဝေးကိုတွက်ရာတွင် အီကွေတာမှစ၍တွက်သဖြင့် အီကွေတာကို ဝ°(သုညဒီဂရီ) ဟု မှတ်သားထားကြသည်။

ကမ္ဘာပေါ်တွင် အရှေ့နှင့်အနောက်ကိုလည်း တိုင်းတာရန်လိုသေး သည်။ ထို့ကြောင့် ပထဝီဝင်ဆရာများက ကြံစည်ကြရာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးတွင် ၁၆၇၅ ခုနှစ်မှ စတင်၍ တည်ထောင်ခဲ့သော ဗြိတိသျှတော်ဝင်နက္ခတ်မျှော်စင်ထားရှိရာ ဂရင်းနစ်အရပ်ကို ဖြတ်၍ဆွဲထားသော မွန်းတည့်မျဉ်းမှ အစပြုကြရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် လတ္တီတွဒ် တိုင်းတာရာတွင် အီကွေတာကို သုညဒီဂရီဟု သတ်မှတ်ခဲ့ကြသကဲ့သို့ ဂရင်းနစ် လောင်ဂျီတွဒ်ကိုလည်း သုညဒီဂရီအဖြစ် သတ်မှတ်ကြရန် သဘောတူကြသည်။


ကိုးကား

Tags:

အီကွေတာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးပိဂို (ကစားပွဲ)မကွေးတိုင်းဒေသကြီးပျူဂျူး (စာရေးဆရာမ)ကြွက်နို့သံချပ်ကာယန္တရားတပ်ဖွဲ့ကပဋိစ္စသမုပ္ပါဒ်ဝ လူမျိုးစုန်းကဝေအတတ်မုတ်သုန်ကမ္မဝါစာဝဋ္ဋသုတ်ဗျိုင်းအချစ်မြဝတီမြို့နယ်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းမြန်မာနိုင်ငံ၏ ရပ်ကွက်များပညာရေးဝန်ကြီးဌာနဖိုးစိန်၊ ဦး (ဂရိတ်)အောင်လအန်ဆန်းကုန်းဘောင်ခေတ်နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ရာပြည့်အရှေ့တောင်အာရှပေါက်မြို့အာဋာနာဋိယသုတ်နယ်စပ်ရေးရာ ဝန်ကြီးဌာနဆွစ်ဇာလန်နိုင်ငံမီးသတ်ဦးစီးဌာနဗောဇ္ဈင်္ဂသုတ်ငှက်သိုက်အင်္ဂလိပ်ဘာသာစကားဘုရား (ဗုဒ္ဓဘာသာ)ကျန်းမာရေးငုရွှေဝါပင်အာဆီယံထိပ်သီးအစည်းအဝေးဂျာနယ်ကျော် မမလေးမြန်မာအက္ခရာသိဒ္ဓတ္ထမင်းသားကာလသားရောဂါဒိဋ္ဌိမဟာဗောဓိစေတီပဲခူးရိုးမတောင်အကြည်တော်စိတ်ဇာတ်ကြီးဆယ်ဘွဲ့ရခိုင်ဘာသာစကားကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကဗျာလင်္ကာချောက်မြို့တရားဂုဏ်တော်Minecraftဖိလစ်ပိုင်နိုင်ငံရေးမြို့နယ်စောလူးမင်းရွှေဥဒေါင်းဗုဒ္ဓဘာသာအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နရသူ (ပုဂံ)ကရမက်စွယ်တော်ပင်စိုင်းစိုင်းခမ်းလှိုင်အီသီယိုးပီးယားနိုင်ငံမန်ချက်စတာ ယူနိုက်တက်ဂျပန်နိုင်ငံမြန်မာနိုင်ငံ၏ ပထဝီဝင်နွားသနပ်ခါးရေမြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းအရိုးမြန်မာနိုင်ငံ၏ ရွာများသစ်တောတိုင်းစစ်ဌာနချုပ်ဂျိုးလေးရွာ၊ ဝေါမြို့နယ်🡆 More