ကွန်နက်တီကတ်ပြည်နယ်

ကွန်နက်တီကတ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ မူလပြည်နယ်ကြီး ၁၃ ခုတွင် အပါအဝင်ဖြစ်၍ အတ္တလန္တိတ်ကမ်းခြေဘက်တွင် တည်ရှိသည်။ ထိုပြည်နယ်၏ မြောက်ဘက်တွင် မက်ဆာချူးဆက်ပြည်နယ်၊ အရှေ့ဘက်တွင် တရုတ်ကျွန်း၊ တောင်ဘက်တွင် နယူးယောက်ပြည်နယ်တို့က နယ်နိမိတ် သတ်မှတ် ထားလေသည်။ ကွန်နက်တီကတ်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅ဝ⁠ဝ၉ သာရှိ၍ ၁၉၅ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂ဝ⁠ဝ၇၂၈ဝ ယောက်ဖြစ်ရာ အကျယ်အဝန်းနှင့် မမျှအောင် လူဦးရေ ထူထပ်လေသည်။ ထိုနယ်တွင် မြို့ပေါင်းများစွာရှိ၍ မြို့တော်မှာ ကွန်နက်တီကတ်မြစ်ပေါ်တွင် တည်ရှိသော ဟာ့တ်ဖို့မြို့ ဖြစ်၏။ ၁၉၅ဝခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၇⁠၇၃၉၇ ယောက် ရှိ သည်။ အခြားမြို့များမှာ ၁၉၅ဝ ခု လူဦးရေ ၁၆၄⁠၄၄၃ ယောက်ရှိသော နယူးဟေးဗင်းမြို့နှင့် ၁၉၅ဝ ခု လူဦးရေ ၁၅၈၇ဝ၉ ယောက် ရှိသည့် ဗရစ်ဂျပို့မြို့တို့ ဖြစ်လေသည်။ ကမ္ဘာ၌ ထင်ရှားကျော်ကြားလှသော ယေးလ်တက္ကသိုလ်မှာ နယူးဟေးဗင်း မြို့တွင် ရှိလေသည်။ ကွန်နက်တီကတ်ပြည်နယ်သည် မြေဩဇာ ထက်သန်ကောင်းမွန်ခြင်း မရှိသဖြင့် လယ်ယာစိုက်ပျိုးရေး ကောင်းစွာမဖြစ်ထွန်းချေ။ သို့ရာတွင် နွားနို့ထွက်ပစ္စည်းလုပ်ငန်းနှင့် သစ်သီးခြံများမှာ နယ်၏စီးပွားရေးကို များစွာ အထောက်အပံ့ပေးလေသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသည့်ပြည်နယ်ဖြစ်သည့် အားလျော်စွာ ထွက်ကုန်များမှာ စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ပစ္စည်းသာလျှင် ဖြစ်သည်။ ထိုပြည်နယ်၏ အများဆုံး ထွက်ကုန်များမှာ ခဲယမ်းမီးကျောက်များ၊ လေယာဉ်ပျံ စသည့် စစ်သုံးပစ္စည်းများ၊ နာရီများနှင့် ဆေးလိပ် ဆေးတံ စသောကုန်စည်များ ဖြစ်ကြလေသည်။

ကွန်နက်တီကတ်ပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကွန်နက်တီကတ် အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကွန်နက်တီကတ် အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodကွန်နက်တီကတ်ကိုလိုနီ
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
January 9, 1788 (5th)
အကြီးဆုံးမြို့ဘရစ်ချ်ပို့တ်
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများဂရိတ်တား ဟတ်ဒ်ဖို့ဒ်
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးဒန်မာလွိုင်း
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
နန်စီဝိုင်းမင်းန်
လူဦးရေ
 • စုစုပေါင်း၃,၅၁၈,၂၈၈ (၂၀၀၉ est.)
၃,၄၀၅,၅၆၅ (၂၀၀၀)
 • သိပ်သည်းမှု၇၀၂.၉/sq mi (၂၇၁.၄၀/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၆၈,၅၉၅
 • ဝင်ငွေအဆင့်တတိယ
ဘာသာစကား
 • ရုံးသုံးဘာသာစကားNone
လတ္တီကျူ40°58′ N to 42°03′ N
လောင်ဂျီကျူ71°47′ W to 73°44′ W

ကိုးကား



Tags:

နယူးယောက်ပြည်နယ်မက်ဆာချူးဆက်ပြည်နယ်ယေးလ်တက္ကသိုလ်

🔥 Trending searches on Wiki မြန်မာဘာသာ:

၃၈ ဖြာ မင်္ဂလာခါကာဘိုရာဇီကာလသားရောဂါပီမိုးနင်းပုဗ္ဗဏှသုတ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နတ်အဲလ်ဘတ် အိုင်းစတိုင်းရှမ်းပြည်နယ်တရားရှမ်းဘာသာစကားကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးမြန်မာနိုင်ငံလိင်ဆက်ဆံခြင်းဦးနုအင်းဝမြို့ငါးပါးသီလတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်လီတာထားဝယ်မြို့သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ဓဇဂ္ဂသုတ်ရက္ခိုင့်တပ်တော်မြန်မာနိုင်ငံရှိ ရွာများ စာရင်းကျောက်စိမ်းစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးလက်ဖက်သုပ်ကိုယ်ဝန်ဆောင်ခြင်းကာလီမယ်တော်သောမတ် အက်ဒီဆင်ဗဒုံမင်းအောင်လံမြို့မော်လမြိုင်မြို့ကြိတ်မှန်ပင်မန်ကျည်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကျော်ဟိန်းတပ်မတော်နေ့ထန်းလျက်စေတသိက်အောင်လအန်ဆန်းမြိတ်မြို့အောင်လရာပြည့်မြွေမိုင်တဲလ် မြန်မာကျေးရွာအုပ်စု၂၄ ပစ္စည်းအင်းဝမင်းဆက်စကားပုံကိုကိုးကျွန်းမိုးကုတ်မြို့ညစ်ညမ်းခြင်းများကရင်လူမျိုးအမြောက်ငလျင်လှုပ်ခြင်းစကားကြီး ဆယ်မျိုးမင်္ဂလာတရား ၃၈-ပါးရဲဘော်သုံးကျိပ်ကရင်ရိုးရာပွဲတော်များကချင်လွတ်မြောက်ရေးတပ်မတော်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များအလောင်းစည်သူခင်ကြည်တိုင်းစစ်ဌာနချုပ်မင်္ဂလသုတ်ဂဠုန်လွတ်လပ်ရေးကြေညာစာတမ်းလိင်စိတ်ဆွခြင်း၃၂ ကောဋ္ဌာသအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့စံပယ်ပန်း🡆 More