ကိုယ်ဝန်ရှိလာပါလျှင် မိခင်ဘေး အန္ကရာယ် ကင်းရန် မွေးလာသော ကလေး လည်း ကျန်းမာဖို့ ကိုယ်ဝန်ဆောင်နေတုန်းမှာ၊ မွေးဖွားနေတုန်းမှာ၊ မီးတွင်းမှာ အရေးတကြီးလုပ်စရာများရှိသည်။ ကိုယ်ဝန်အပ်ခြင်း ( ဗိုက်အပ်ခြင်း ) သည် ထိုအရေးတကြီးလုပ်စရာများထဲက တစ်ခုဖြစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဤဆောင်းပါးကို ဆရာဝန်တစ်ဦးမှ ကိုယ်ဝန်ဆောင်အား စစ်ဆေးခြင်း နှင့် ပေါင်းစပ်ရန် အကြံပြုထားပါသည်။ (ဆွေးနွေးရန်) |
ကိုယ်ဝန်ရှိနေတယ်လို့သိသိခြင်း အစောဆုံးစောင့်ရှောက်မှုကိုခံယူသင့်သည်။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်သည် ကိုယ်ဝန် စောင့်ရှောက်မှု ကို အနည်းဆုံး (၄) ကြိမ်ရသင့်သည်။
အကယ်၍ လိုအပ်သည်များရှိလာလျှင်မူ ကိုယ်ဝန် စောင့်ရှောက်ပေးသူရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။
လုံခြုံစိတ်ချရသော မိခင်ဘဝရရှိစေရေးအတွက် စနစ်တကျ စောင့်ရှောက်မှု ပေးနိုင်သော ဆရာဝန်၊ သူနာပြု နှင့် သားဖွားဆရာမများနှင့် ကိုယ်ဝန်ကိုအပ်ပြီး စောင့်ရှောက်မှု ခံယူသင့်သည်။
မိခင်၏ရောဂါရာဇဝင်၊ မွေးဖွားမှုနှင့်ဆိုင်သောရာဇဝင်ယူပြီး ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။ ဒီမှတ်တမ်းက ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျှောက်လုံး နဲ့ မီးဖွားသောအချိန်မှာလိုအပ်သော စောင့်ရှောက်မှုများအတွက် အထောက်အကူပြုနိုင်သည်။
ကာလသားရောဂါ ရှိ မရှိ စစ်ဆေးရန် အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော်၊ ရောဂါရှိခဲ့ပါက မိခင်မှတဆင့် ဗိုက်ထဲမှကလေးအား ကူးစက်နိုင်ပါသောကြောင့် မိမိခင်ပွန်းနှင့်အတူတူ ဆေးကုသမှူ စောစောခံယူထားပါက ကလေးကိုရောဂါမကူးအောင် ကြိုတင်ကာကွယ်ရာရောက်သည်။
ဆွေးနွေးတိုင်ပင်ပြီး HIV ပိုး ရှိ၊ မရှိ စစ်ဆေးခံယူနိုင်သည်။ ပိုးရှိခဲ့ပါက မိခင်မှတဆင့်ကလေးကို မကူးအောင် ကြို တင်ကာကွယ်နိုင်သောနည်းလမ်းများရှိသည်။
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူ ရန်သွားသောအခါ အတူလိုက်ပါပေး နိုင်ပြီး၊ အိမ်တာဝန်အပါအဝင် လိုအပ်သည်များကို ကူညီပေးရပါမည်။ မွေးဖွား ရန် နှင့် အခြေအနေများအတွက် အတူတူပြင်ဆင်ကြရပါမည်။ ဥပမာ အားဖြင့် ငွေကြို စုထားခြင်း၊ အရေးပေါ်ဗိုက်နာပါက ဆေးရုံချက်ချင်းသွားနိုင်ရန် လိုအပ်သည့် ပစ္စည်းများ၊ သွားလာရေး စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရှိခြင်း တို့ဖြစ်သည်။
မိခင်နှင့် မွေးလာမည့်ကလေး၏ကျန်းမာရေးမှာ ရပ်ရွာ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးသောကြောင့်
This article uses material from the Wikipedia မြန်မာဘာသာ article ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.