ကုလသမဂ္ဂ

ကုလသမဂ္ဂ (အင်္ဂလိပ်: United Nations) သည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ဖွဲ့စည်းထားသည်။

ကုလသမဂ္ဂ အင်္ဂလိပ်: United Nations အာရပ်: الأمم المتحدة ရိုးရှင်းတရုတ်: 联合国 ပြင်သစ်: Organisation des Nations unies ရုရှား: Организация Объединённых Наций စပိန်: Naciones Unidas ၏ အလံတော်
အလံတော်
ကုလသမဂ္ဂ အင်္ဂလိပ်: United Nations အာရပ်: الأمم المتحدة ရိုးရှင်းတရုတ်: 联合国 ပြင်သစ်: Organisation des Nations unies ရုရှား: Организация Объединённых Наций စပိန်: Naciones Unidas ၏ တံဆိပ်တော်
တံဆိပ်တော်
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများပြ မြေပုံ [မှတ်စု ၁]
ဌာနချုပ်နယူးယောက်မြို့ (International territory)
ရုံးသုံးဘာသာစကားများ
အမျိုးအစားIntergovernmental organization
အဖွဲ့ဝင်အဖွဲ့ဝင် ၁၉၃ နိုင်ငံ
လေ့လာစောင့်ကြည့်သူ ၂ နိုင်ငံ
ဦးဆောင်သူများ
အန်တိုနီရို ဂူတာရက်စ်
• ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်
အမီနာ မိုဟာမက်
• အထွေထွေညီလာခံ ဥက္ကဋ္ဌ
ပီတာ သွန်မဆင်
• စီးပွားရေးနှင့် လူမှုရေးကောင်စီ ဥက္ကဋ္ဌ
Frederick Musiiwa Makamure Shava
• လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ
Elbio Rosselli
တည်ထောင်
• ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုး
၂၆ ဇွန် ၁၉၄၅ (၁၉၄၅-၀၆-၂၆)
• Charter entered into force
၂၄ အောက်တိုဘာ ၁၉၄၅ (၁၉၄၅-၁၀-၂၄)
ဝက်ဘ်ဆိုဒ်
un.org
un.int

သမိုင်းကြောင်း

ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ သမိုင်းအမွေကို ဆက်ခံသော အဖွဲ့ကြီး ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) ဟူသော အမည်သည် ၁၉၄၂ ခုနှစ်၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations) တွင် [[ဝင်စတန်ချာတန်] နှင့် ရုစဗဲ့ကာစင်တို့က စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ဧပြီ (၂၅) တွင် ကုလသမဂ္ဂ ညီလာခံကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) တက်ရောက်ခဲ့ကြကာ ကုလသမဂ္ဂ ကြေညာစာတမ်း (Carter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၄၅ အောက်တိုဘာ (၂၄) တွင် ကုလသမဂ္ဂ အမည်ဖြင့် တရားဝင် ပေါ်ထွန်းခဲ့ပြီး ပြင်သစ်တရုတ်ဆိုဗီယက်ဗြိတိန် နှင့် အမေရိကန် နိုင်ငံ (၅) နိုင်ငံသည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်လာကာ အခြား နိုင်ငံ (၄၆) နိုင်ငံလည်း ပါဝင်ခဲ့သည်။ ပထမဆုံး အထွေထွေ ညီလာခံကို ၁၉၄၆ ဇန်နဝါရီတွင် လန်ဒန်မြို့၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ (၅၁) နိုင်ငံ တက်ရောက်ခဲ့ကြ ပြီးအောင်ဆန်းအက်တလီစာချုပ်ကို ကျောက်စာ ရေးထိုး ဂတိ ပြုခဲ့ ကြ သည်။။။။

အဖွဲ့ဝင်နိုင်ငံများ

၁၄ ဇူလိုင် ၂၀၁၁ ခုနှစ်တွင် တောင်ဆူဒန်နိုင်ငံမှ ၁၉၃ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂသို့ ဝင်လာခဲ့သည်။

ကုလသမဂ္ဂ 
နှစ်အလိုက်ဝင်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများ

ဖွဲ့စည်းပုံ

ကုလသမဂ္ဂ 
ကုလသမဂ္ဂ အထွေထွေ ညီလာခံ

အထွေထွေ ညီလာခံ

    အထွေထွေ ညီလာခံသည် ကုလသမဂ္ဂ၏ အဓိက အစည်းအဝေးဖြစ်သည်။ နှစ်စဉ် ကျင်းပ၍ အဖွဲ့ဝင် နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

လုံခြုံရေးကောင်စီ

ကုလသမဂ္ဂ 
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ
    လုံခြုံရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် ယာယီအလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံတို့ ပါဝင်ကြသည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန် နှင့် အမေရိကန်တို့ ဖြစ်ကြပြီး ၎င်းတို့သည် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိကြသည်။ ကျန်အလှည့်ကျအဖွဲ့ဝင်နိုင်ငံများကိုမူ မဲခွဲတင်မြောက်ပြီး ဗီတိုအာဏာ သုံးစွဲပိုင်ခွင့်မရှိပေ။

အထွေထွေ အတွင်းရေးမှူးချုပ်ရုံး

ကုလသမဂ္ဂ 
အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အဆောက်အဦ
    အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် နိုင်ငံတကာမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထား၍ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးထိုင်သည်။ ကုလသမဂ္ဂ၏ အစည်းအဝေးများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုသည်။ လုံခြုံရေး ကောင်စီနှင့် အထွေထွေ ညီလာခံတို့က တိုက်ရိုက် တာဝန်ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်သည်။

ဘဏ္ဍာရေး

၂၀၁၉-၂၀၂၁ ခုနှစ်အတွက် ရန်ပုံငွေ အချိုးကျ ထည့်ဝင်မှု ထိပ်ဆုံး ၂၅ နိုင်ငံ
အဖွဲ့ဝင်နိုင်ငံများ ထည့်ဝင်မှု
(% of UN budget)
ကုလသမဂ္ဂ  အမေရိကန်
၂၂.၀၀၀
ကုလသမဂ္ဂ  တရုတ်
၁၂.၀၀၅
ကုလသမဂ္ဂ  ဂျပန်
၈.၅၆၄
ကုလသမဂ္ဂ  ဂျာမနီ
၆.၀၉၀
ကုလသမဂ္ဂ  ယူနိုက်တက်ကင်းဒမ်း
၄.၅၆၇
ကုလသမဂ္ဂ  ပြင်သစ်
၄.၄၂၇
ကုလသမဂ္ဂ  အီတလီ
၃.၃၀၇
ကုလသမဂ္ဂ  ဘရာဇီး
၂.၉၄၈
ကုလသမဂ္ဂ  ကနေဒါ
၂.၇၃၄
ကုလသမဂ္ဂ  ရုရှား
၂.၄၀၅
ကုလသမဂ္ဂ  တောင်ကိုရီးယား
၂.၂၆၇
ကုလသမဂ္ဂ  ဩစတြေးလျ
၂.၂၁၀
ကုလသမဂ္ဂ  စပိန်
၂.၁၄၆
ကုလသမဂ္ဂ  တူရကီ
၁.၃၇၁
ကုလသမဂ္ဂ  နယ်သာလန်
၁.၃၅၆
ကုလသမဂ္ဂ  မက္ကဆီကို
၁.၂၉၂
ကုလသမဂ္ဂ  ဆော်ဒီအာရေဗျ
၁.၁၇၂
ကုလသမဂ္ဂ   ဆွစ်ဇာလန်
၁.၁၅၁
ကုလသမဂ္ဂ  အာဂျင်တီးနား
၀.၉၁၅
ကုလသမဂ္ဂ  ဆွီဒင်
၀.၉၀၆
ကုလသမဂ္ဂ  အိန္ဒိယ
၀.၈၃၄
ကုလသမဂ္ဂ  ဘယ်လ်ဂျီယမ်
၀.၈၂၁
ကုလသမဂ္ဂ  ပိုလန်
၀.၈၀၂
ကုလသမဂ္ဂ  အယ်လ်ဂျီးရီးယား
၀.၇၈၈
ကုလသမဂ္ဂ  နော်ဝေ
၀.၇၅၄
အခြား အဖွဲ့ဝင်နိုင်ငံများ
၁၂.၁၆၈

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများမှ အချိုးကျ ထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ရပ်တည်သည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် ရန်ပုံငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ (၄.၁၉) ဘီလီယံ ခန့် ရှိသည်။ အဓိက အသုံးစရိတ်များသည် ကုလသမဂ္ဂ၏ အဓိက လုပ်ငန်းဖြစ်သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် အသုံးပြုသည်။ ၂၀၀၅ - ၀၆ ဘဏ္ဍာနှစ်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့် ရှိသည်။

အထွေထွေ အတွင်းရေးမှူးချုပ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဦးဆောင် ကျင်းပသူဖြစ်ပြီး ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ခေါင်းဆောင်လည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် အထွေထွေညီလာခံက အတည်ပြုခြင်း ဖြစ်သည်။ မဲပေးရာတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတိုင်းက မဲပေးခွင့် ရှိသည်။

မှတ်စုများ

ကိုးကား


Tags:

ကုလသမဂ္ဂ သမိုင်းကြောင်းကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကုလသမဂ္ဂ ဖွဲ့စည်းပုံကုလသမဂ္ဂ ဘဏ္ဍာရေးကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကုလသမဂ္ဂ မှတ်စုများကုလသမဂ္ဂ ကိုးကားကုလသမဂ္ဂနယူးယောက်မြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသံလွင်မြစ်စိတ်ချရသော လိင်ဆက်ဆံမှုအပူချိန်ကျောက်ကပ်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ထားဓမ္မစကြာသုတ္တန်လိင်ဆက်ဆံခြင်းမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေချမ်းချမ်းတပ်မတော် (လေ)နဂါးနီသီချင်းဒုက္ခသစ္စာပထဝီဝင်သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)ပါရာဇိကမှန်လုံအိမ်ဓာတ်ငွေ့သစ်တောနီနီခင်ဇော်ပါဠိပုသိမ်မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြန်မာ့ ပထမဆုံးများဖော်ကာဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံနေအဖွဲ့အစည်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းဘဲစာပေလိမ်လည်မှုမြန်မာနိုင်ငံရှိ မြို့နယ်များကျင့်ဝတ်မလေးရှားနိုင်ငံရွှေမန်းတင်မောင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများနတ်ပြည် ၆ ထပ်ကျင်ဒွေးရွာ၊ ကန်ပက်လက်မြို့နယ်ငါး (တိရစ္ဆာန်)အစ္စရေးနိုင်ငံရွှေဥဒေါင်းပရိတ်ကြီး ၁၁ သုတ်မင်းရောင်၊ ဗိုလ် (မြို့လုလင်သူကြီး)မက္ခရာမင်းသားကြီးအရှေ့တောင်အာရှနိုင်ငံများအသင်းတိုက်မင်းအောင်လှိုင်ဂဠုန်မြန်မာနိုင်ငံရေးသမိုင်းငါးမျိုးစိတ်များ စာရင်းအောင်သူ (ဘောလုံးသမား)ရတနသုတ်အက်တမ်မိုးဟေကိုတပ်မတော် (ရေ)ဂီတာကလေးမြို့အီသီယိုးပီးယားနိုင်ငံသတိပဋ္ဌာန်မြန်မာစာပေအဖြူဆင်းခြင်းအရိုးနာဂစ်မုန်တိုင်းအင်္ဂါဂြိုဟ်တယ်လီဖုန်း ကုတ်နံပါတ်ကာလာမသုတ်ကျန်စစ်သားဘွဲ့ဝတ်စုံရာဟုသံတွဲမြို့မြောင်းမြမြို့မျိုးပွားခြင်းစင်ကာပူနိုင်ငံခန့်စည်သူ🡆 More