ပရာမီးသီးယပ်စ်

ဂရိဒဏ္ဍာရီတွင် ပရာမီးသီးယပ်စ် (ရှေးဟောင်းဂရိ: Προμηθεύς; အင်္ဂလိပ်: Prometheus, /prəˈmiːθiəs/; ဖြစ်နိုင်သည့်အနက်-အမြော်အမြင်) သည် တိုက်တန်မီး နတ်ဘုရားဖြစ်သည်။ ပရာမီးသီးယပ်စ်သည် လူသားများကို ရွံ့မှ ဖန်ဆင်းခြင်း၊ နတ်ဘုရားများကို အာခံ၍ မီးကို ခိုးယူကာ လူ့လောကတိုးတက်စေရန်အတွက် ပေးသနားခဲ့သူအဖြစ် ဖော်ပြကြကာ ၎င်း၏ ဉာဏ်ပညာ၊ လူသား၊ လူ့အကျိုးကို ရပ်တည်ကာကွယ်သူအဖြစ်လည်း ကျော်ကြားပေသည်။ ပရာမီးသီးယပ်စ်ကို ကမ္ဘာဦးကာလ ရေကြီးမှုဇာတ်လမ်း၏ သူရဲကောင်းဖြစ်သော ဒြူးကေးလီယန်၏ ဖခင်အဖြစ် ရေးသားမှုများလည်း ရှိကြပေသည်။

ပရာမီးသီးယပ်စ်
ဂရိဒဏ္ဍာရီလာ အမြော်အမြင်၊ လက်မှုအတတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ကျီစားလှည့်ဖြားသော တိုက်တန်နတ်ဘုရား
ပရာမီးသီးယပ်စ်
ကိုယ်ရေး အချက်အလက်
မိဘများအိုင်းယပစ်တပ်စ် နှင့် အေစိယာ (သို့) ကလစ်မင်နီး
မွေးချင်းအာ့တ်လာ့စ်၊ အဲပစ်မင်းသီးယပ်စ်၊ မန်နီးရှီးယပ်စ်၊ အန်ရှလီ
ပရာမီးသီးယပ်စ်
ပရာမီးသီးယပ်စ်၏ ပန်းပု၊ နီကိုလပ်စ် ဆီဘက်စ်တီန် အာဒမ်၏ လက်ရာ၊ ၁၇၆၂၊ လူးဗရာပြတိုက်

မီးကို ခိုးယူ၍ လူ့လောကသို့ ပေးအပ်ခြင်းအတွက် ပရာသီးမီးယပ်စ်အား အပြစ်ပေးခြင်းသည် ရှေးခေတ်၊ ယနေ့ခေတ် ယဉ်ကျေးမှုများတွင် အလွန်ရေပန်းစားသော အကြောင်းအရာတစ်ခုဖြစ်၏ ။ အိုလံပတ်တောင်နတ်ဘုရားများ၏ အရှင် ဇုစ်သည် ပရာမီးသီးယပ်စ်ကို စည်းကမ်းစဉ်လာဖောက်ဖျက်သည့်အတွက် ထာဝရညှဉ်းပန်းမှုဒဏ်ကို အပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းသည် ကျောက်ဆောင်တစ်ခုနှင့် တွဲချည်ထားခြင်းခံရကာ သိမ်းငှက်တစ်ကောင်ကို လွှတ်၍ ၎င်း၏အသဲ(နှလုံး)ကို စားစေသည်။) ထိုအစားခံရသော အသဲနှလုံးသည် ညတွင်းချင်း ပြန်လည်ပေါက်ဖွားပြန်၍ နောက်တစ်နေ့တွင် ထပ်မံ အစားခံရသည်။ ဤသို့ဖြင့် ၎င်းခံစားရသော သံသရာမှာ အဆုံးမသတ်ပေ။ နောက်ဆုံးတွင် ဂရိသူရဲကောင်း ဟဲရာခလီးဇ်က လွတ်မြောက်စေခဲ့သည်။သရုပ်ဖော်တင်စားမှုအဖြစ် ပရာမီးသီးယပ်စ် ပြစ်ဒဏ်သင့်နေရာကို အချို့က ရှာဖွေကြရာ ကော့ကေးဆပ်စ် (ကော့ကာဆပ်စ်) တောင်တန်း၏ မီးတောင်ကြီးနှစ်ခုဖြစ်သော အီလ်ဘရပ်စ်တောင် (သို့) ကာ့ဇ်ဘက်တောင် ဟူ၍ ဆိုကြပြီး အကြောင်းမှာ ရှေးခေတ်ဂရိသားများသည် အရိုင်းလူများကို ထိုတောင်တန်းအလွန်ဒေသများ၌ နေထိုင်စေခဲ့ကြသည်။

ထိုရှေးခေတ်က ယုံကြည်ကိုးကွယ်မှုတွင် ပရာမီးစီးယပ်စ်ကို ကိုးကွယ်မှုပြုသည့် သက်သေအထောက်အထားကို များစွာမတွေ့ရပေ။ ရှေးခေတ် အေသင်သားများ၏ ဘာသာရေးရာဆောင်ရွက်ချက်များတွင် အာရုံစိုက်စရာတစ်ခုအဖြစ် ပရာမီးသီးယက်စ်ကို ထားရှိ၍ ၎င်းကို ကျွမ်းကျင်မှုအတတ်ပညာ၊ ဖန်တီးမှုဆိုင်ရာ နတ်များဖြစ်သော အသီးနာနှင့် ဟစ်ဖီးစတပ်စ်တို့နှင့် ဆက်စပ်ပေးမှုများ ရှိခဲ့ကြသည်။

အနောက်တိုင်း ဂန္ထဝင်ပညာရပ်အယူအဆ၌ ပရာမီးသီးယပ်စ်သည် လူသားတို့၏ လောကဓာတ်ဆိုင်ရာအသိရစေရန် ကြိုးပမ်းမှု၊ အလွန်အကျွံဆောင်ရွက်ခြင်း (သို့) ရည်ရွယ်မှုမရှိသော အကျိုးဆက်များ စသည်တို့၏ ပြယုဂ်ဖြစ်လာခဲ့သည်။ အထူးအားဖြင့် ရိုမန့်တစ်ခေတ် (အရိုင်းသဘာဝဖော်ကျူးမှုဝါဒခေတ်) တွင် လူ့လောကအတွက် တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းအားထုတ်သော တစ်ဦးတည်းသော ပါရမီရှင်၊ သို့သော် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများသည် ကြေကွဲဖွယ်ရာ၊ ကံဆိုးမိုးမှောင်ကျသည့် အဖြစ်သနစ်များကိုသာ ဖြစ်စေသည့် သရုပ်သကန်အဖြစ် ယူဆသတ်မှတ်ခဲ့ကြ၏ ။ ဥပမာပေးရလျှင် မယ်ရီ ရှယ်လီက သူမ၏ ဝတ္ထုဖြစ်သော "ဖရန်ကန်စတိုင်း" ကို ခေါင်းစဉ်ခွဲအဖြစ် "ခေတ်သစ် ပရာမီးသီးယပ်စ်" ဟု ပေးခဲ့လေသည်။

မှတ်စု

ကိုးကား

Tags:

ဂရိဒဏ္ဍာရီတိုက်တန်များရှေးဟောင်းဂရိဘာသာစကားဝီကီပီးဒီးယား:IPA for Englishအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့ အစားအစာကိုယ်ဝန်ဆောင်ခြင်းဘိုးမင်းခေါင်ကိုးပါးသီလမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များအသည်းရောင် အသားဝါ ရောဂါ စီပိုးအဆိပ်ဇော်ဂျီ (စာရေးဆရာ)မကွေးမြို့အောင်ချိမ့်မြန်မာနိုင်ငံရှိ မြို့များသီရိလင်္ကာနိုင်ငံကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)ဘီလူးမြန်မာ-အင်္ဂလိပ် အဘိဓာန်ခန္ဓာငါးပါးပင်းယ-စစ်ကိုင်းခေတ်အိချောပိုငှက်သိုက်စစ်ကိုင်းမြို့တောင်ငူမြို့ရေအကျိုးဆယ်ပါးတောင်ကြီးမြို့ထားသင်္ဃန်းကျွန်းမြို့နယ်ဒွေးအင်္ဂုလိမာလသုတ်ရိုဟင်ဂျာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့မော်လီကျူးထားဝယ်မြို့ပိန္နဲပင်နည်းပညာငပလီကမ်းခြေဝိပဿနာအသောကမင်းမုတ်သုန်ဆူခွိုင်း ၃၀လိင်စိတ်ဆွခြင်းပထမ ကမ္ဘာစစ်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကောသလမင်း အိပ်မက် (၁၆)ချက်ပဋိစ္စသမုပ္ပါဒ်တယ်လီဖုန်း ကုတ်နံပါတ်မောင်တောမြို့အာရုံခြောက်ပါးလီဆာလက်ဖက်သုပ်ပုလဲမြန်မာနိုင်ငံ၏ နိုင်ငံရေးစစ်ကိုင်းတိုင်းဒေသကြီးအာခါလူမျိုးမဟာဂီရိနတ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပရိမိတ္တဇာလသုတ်ပညတ်တော်ဆယ်ပါးစိန်စတင်းသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနတ္တလက္ခဏသုတ်လွှမ်းမိုးကျိုင်းတုံမြို့ဘရူနိုင်းနိုင်ငံသမုဒ္ဒရာကနောင်မင်းသားညှင်းကာလသားရောဂါအုပ်စုတူအဆင့်တူအချင်းချင်းများနေ့နံရပ်ပြစ်ရှစ်ပါးလယ်တွင်းသား စောချစ်မြန်မာတို့၏ကျင့်ဝတ်များအလက်ဇန္ဒား ဂရေဟမ် ဘဲလ်မြောက်ကျွန်းကံ့ကော်ပင်🡆 More