အီလွန် မက်စ်: စွန့်ဦးတီထွင်သူ

အီလွန် မက်စ် (Elon Reeve Musk) (၁၉၇၁ ဇွန် ၂၈ ဖွား) သည် စွန့်ဦးတီထွင်သူနှင့် ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်သည်။ သူသည် တောင်အာဖရိက၊ ကနေဒါနှင့် အမေရိကန်နိုင်ငံသားဖြစ်ပြီး SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိနှင့် ခေါင်းဆောင်ဒီဇိုင်နာဖြစ်ပြီး Tesla ကုမ္ပဏီ၏ ထုတ်ကုန် ဗိသုကာပညာရှင်လည်းဖြစ်ကာ Paypal နှင့် Neuralink ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏စာရင်းတွင် ၂၁ ယောက်မြောက် ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။ ၂၀၂၁ ခုနှစ် ဇူလှိုင်လ ၂၀ရက်နေ့တွင်ဖော်ပြသော Forbes မဂ္ဂဇင်း အရ ပျမ်းမျှဝင်ငွေအမေရိကဘီလီယံ 300ကျော်ဖြင့် ကမ္ဘာ အချမ်းသားဆုံး စာရင်းတွင် ၁ နေရာမြောက်တွင် ရပ်တည်နေသည်။ ၂၀၁၈ခုနှစ်တွင် အဆင့် ၅၄ နေရာတွင် ရှိနေရာမှ ယခုလို အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

Elon Musk
အီလွန် မက်စ်: စွန့်ဦးတီထွင်သူ
ဇူလိုင်လ ၂၀၁၈ လန်ဒန်ရှိတော်ဝင်လူ့အဖွဲ့အစည်း အဖွဲ့ဝင်ဖြစ်သော နေ့၌ တွေ့မြင်ရစဉ်
မွေးဖွားElon Reeve Musk
(1971-06-28) ဇွန် ၂၈၊ ၁၉၇၁ (အသက် ၅၂)
ပရီတိုးရီးယား ၊ ထရန်စဗားနယ် ၊ တောင်အာဖရိကနိုင်ငံ
ဌာနေဘယ်လ်အဲ ၊ လော့စ်အိန်ဂျယ်လိစ်မြို့ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ အမေရိကန်ပြည်တောင်စု
နိုင်ငံသား
မိခင်ကျောင်း
  • ကွင်း တက္ကသိုလ်
  • ပင်နဆင်ဗေးနီးယားတက္ကသိုလ်
အလုပ်အကိုင်စွန့်ဦးတီထွင်သူ နှင့် ရင်းနှီးမြုပ်နှံသူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၅–လက်ရှိ
ကြွယ်ဝမှုUS$၂၄၀ ဘီလီယံ (၂၀ အောက်တိုဘာ ၂၀၂၁)
ဘွဲ့
  • SpaceX တည်တောင်သူ ၊ ဗိသုကာဒီဇိုင်း ခေါင်းဆောင်
  • Tesla, Inc ၏စီအီးအို
  • Neuralink ပူးတွဲတည်ဆောင်သူ ၊ စီအီးအို
  • ဘိုးရင်း တည်တောင်သူ
  • Zip2 ပူးတွဲတည်တောင်သူ
  • X.com (နောင် PayPal)တည်တောင်သူ
  • OpenAI ပူးတွဲတည်တောင်သူ
  • SolarCity ဥက္ကဋ္ဌ
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂိုလ
အိမ်ထောင်ဖက်(များ)
  • Justine Musk (လက်ထပ် 2000; ကွာရှင်း 2008)
  • Talulah Riley (လက်ထပ် 2010; ကွာရှင်း 2012)
    (m. 2013; div. 2016)
သားသမီး၆ဦး (တစ်ဦး ကွယ်လွန်)
မိဘ(များ)
  • Maye Musk (မိခင်)
  • Errol Musk (ဖခင်)
ဆွေမျိုးသားချင်း
  • Kimbal Musk (ညီ)
  • Tosca Musk (ညီမ)
  • Lyndon Rive (ဝမ်းကွဲ)
ရရှိသည့်ဆုများဗြိတိန် တော်ဝင်လူ့အဖွဲ့အစည်း အဖွဲ့ဝင်
လက်မှတ်
Elon Musk

အီလွန် မက်စ်ကို ကနေဒါသူ မိခင်နှင့် တောင်အာဖရိကသား ဖခင် တို့မှ ၁၉၇၁ ဇွန် ၂၈ တွင် ဖွားမြင်ခဲ့သည်။ မက်စ် သည် သူ၏ ငယ်စဉ်ဘဝကို တောင်အာဖရိကနိုင်ငံ ၊ ပရီတိုးရီးယားဒေသ ၌ ကုန်ဆုံးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် ကနေဒါနိုင်ငံသို့ ရွေ့ပြောင်းခဲ့ကာ Queen's University သို့ တက်ရောက်ခဲ့ကာ ၂ နှစ်ကြာသော် ပင်နဆင်ဗေးနီးယားတက္ကသိုလ်သို့ ပြောင်းခဲ့သည်။ စတန်းဖို့တက္ကသိုလ်တွင် အသုံးချရူပဗေဒနှင့်သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို တက်ရောက်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းအတွက် ထွက်လိုက်သည်။ မက်စ်သည် X.com ဟူသော အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယင်းအား eBay မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် ဝယ်ယူလိုက်သည်။ ယင်းသည် နောင်တွင် နာမည်ကြီး အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်း PayPal ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ် မေလတွင် SpaceX ဟူသော လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေးနှင့် အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအား ထူထောင်လိုက်သည်။ သူသည် လျှပ်စစ်ကားများ ထုတ်လုပ်သော Tesla ကုမ္ပဏီအားလည်း ထောက်ပံ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထုတ်ကုန်ဗိသုကာရှင် ဖြစ်လာခဲ့ပြီး ၂၀၀၈ အောက်တိုဘာလတွင် CEO ဖြစ်လာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် မက်စ်သည် SolarCity ဟူသည့် နေရောင်ခြည်စွမ်းအင်သုံး ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (ယခုတက်စလာ၏လက်အောက်ခံကုမ္ပဏီ)အား ထူထောင်ခဲ့သည်။ ၂၀၁၅ တွင် မက်စ် သည်အကျိုးအမြတ်မယူသည့်သုတေသနကုမ္ပဏီဖြစ်သော OpenAI ကိုပူးတွဲတည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သောဉာဏ်ရည်တုကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် သူသည် ဉာဏ်ရေးတု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ်ဆောင်နေသော Neuralink ကုမ္ပဏီ ကိုပူးတွဲတည်ထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အဆောက်အဦနှင့် လှိုဏ်ခေါင်းဖောက် ကုမ္ပဏီ ဘိုရင်းကုမ္ပဏီအားလည်း ထူထောင်လိုက်သေးသည်။ မက်စ် သည် သူ၏ ပင်မစီပွားရေး လုပ်ငန်းများ အပြင် Hyperloop ဟု ခေါ်သော မြန်နှုန်းမြင့် သယ်သူပို့ဆောင်ရေး စနစ် ကို အောင်မြင်ဖို့ရာ မျှော်လင့်နေသည်။ Hpyerloop သည် တစ်ဖြောင့်တည်း ရှိနေသော (သို့မဟုတ်) အထူးပြုထားသော ပြွန်ခေါ် အထူးကြီးမားသော ပိုက်ကြီးမှ အတွင်းမှ ဖိအား တစ်ခုကို အသုံးချကာ လူလိုက်ပါနိုင်သော ယာဉ်ကို အထူးမြန်နှုန်းဖြင့် တွန်းပို့နိုင်သော ခေတ်သစ် သယ်ယူပို့ဆောင်ရေး စနစ် တစ်မျိုးဖြစ်သည်။

သူသည် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန် လိုလားသူဖြစ်ပြီး လူသားမျိုးနွယ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှာ ရှောင်လွဲနိုင်ရန်အတွက် အင်္ဂါဂြိုဟ်တွင် ကိုလိုနီနယ်ချဲထွင်ရန် နှင့် ကျွန်ပြုရန် ရည်မှန်းထားသူလည်းဖြစ်သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မုန့်လုံးရေပေါ်ဂေါတမဗုဒ္ဓပုဂံခေတ်တိုက်သံချပ်ကာယန္တရားတပ်ဖွဲ့မြန်မာနိုင်ငံရှိ မြို့နယ်များဘိုးဘိုးအောင်ဗမာ့ထွက်ရပ်ဂိုဏ်းသီတဂူဆရာတော်လေးဖြူထန်းလျက်ရာသီဥတုပြောင်းလဲမှုအပူချိန်အဆိပ်အမျိုးသားနေ့ဗင်နီဇွဲလားနိုင်ငံကြွက်တက်ခြင်းဆိုင်းဝိုင်းလိင်သံဃာဂုဏ်တော်ရဲလာအိုဘုရင့်နိုင်ငံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အီသီယိုးပီးယားနိုင်ငံငပလီကမ်းခြေကြွက်နို့ကိုဩဒိနိတ်ဖိလစ်ပိုင်နိုင်ငံတပ်မတော်အက်ဥပဒေများအားနရသူ (ပုဂံ)သစ်တောရာသီဥတုငှက်ခေါင်းဆောင်မှုမက္ခရာမင်းသားကြီးပဋိစ္စသမုပ္ပါဒ်မြန်မာနိုင်ငံ၏ အမည်များတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များကျောက်ချဉ်ဆဒ္ဒန်ဂူမင်္ဂလာတရား ၃၈-ပါးစကားကြီး ဆယ်မျိုးနတ်သစ္စာလေးပါးအီကွေတာကျွန်းနက်ဘာသာစကားရန်ကုန် စီးပွားရေး တက္ကသိုလ်သင်္ချာကမ္ဘာဂြိုဟ်ရှင်ပြုခြင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစအိုဖြင့် လိင်ဆက်ဆံခြင်းလူသားလောက်ကိုင်မြို့လိင်တူစုံမက်ခြင်းခန့်စည်သူမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများဂေါတမဗုဒ္ဓ၏ မိသားစုဝင်များမြန်မာဝီကီပီးဒီးယားအိမ်စောင့်အစိုးရ (၂၀၂၁)ပါရာဇိကဆေးခြောက်ကရင်ပြည်နယ်XXXတဲန်တာရွှန်စိုင်းစိုင်းခမ်းလှိုင်ရှမ်းလူမျိုးသျှင်မဟာ သီလဝံသသရဏဂုံတည်ခြင်း၃၈ ဖြာ မင်္ဂလာမြန်မာ့ပြည်တွင်းပဋိပက္ခများအိုစမာ ဘင်လာဒင်သွေးအုပ်စုဆရာ🡆 More