ဟိမဝန္တာ တောင်တန်း: အာရှတိုက်ရှိ တောင်တန်း

ဟိမဝန္တာ တောင်တန်းသည် အာရှတိုက်တွင် တည်ရှိသည့် တောင်တန်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံ တိဘက်ကုန်းပြင်မြင့်အထိ သွယ်တန်းလျက်ရှိသည်။ ဟိမဝန္တာ ဆိုသည်မှာ နှင်းခဲများ၏ ဌာနေဟု အဓိပ္ပာယ်ရသည်။ ဟိမဝန္တာ တောင်တန်းသည် ကမ္ဘာမြေကြီးပေါ်တွင် အမြင့်မားဆုံး တောင်တန်းဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် ကဲ့သို့သော မီတာ ၈၀၀၀ အထက် တောင်ထိပ်များ တည်ရှိရာ အရပ်လည်းဖြစ်သည်။ ဟိမဝန္တာတောင်တန်းမှာ ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၂၉၀၂၈-ပေမြင့်သည်။

ဟိမဝန္တာ
ဟိမဝန္တာ တောင်တန်း: အာရှတိုက်ရှိ တောင်တန်း
ဟိမဝန္တာတောင်တန်းတလျောက် မီတာ ၈၀၀၀ အမြင့်ရှိသောနေရာများ (အနီရောင်ဖြင့်); အင်ဒို-ဂင်္ဂါ လွင်ပြင်; တိဗက်ကုန်းပြင်မြင့်; အိန္ဒုမြစ်၊ ဂင်္ဂါမြစ်၊ Yarlung Tsangpo-Brahmaputra မြစ်များ၊ နှင့် တောင်တန်း အစ မှတ် နှင့် အဆုံး မှတ် (အဝါရောင်ဖြင့်)။
အမြင့်ဆုံးအမှတ်
တောင်ထွတ်ဧဝရတ်တောင်, တရုတ် နှင့် နီပေါ
အမြင့်၈,၈၄၈.၈၆ m (၂၉,၀၃၁.၇ ft)
စာရင်းသွင်းခြင်း
ကိုဩဒိနိတ်27°59′N 86°55′E / 27.983°N 86.917°E / 27.983; 86.917 86°55′E / 27.983°N 86.917°E / 27.983; 86.917
အတိုင်းအတာများ
အလျား၂,၄၀၀ km (၁,၅၀၀ mi)
အမည်ပေးခြင်း
ဒေသခေါ်အမည်Himālaya  (သင်္သကရိုက်)
ပထဝီဝင်
ဟိမဝန္တာ တောင်တန်း: အာရှတိုက်ရှိ တောင်တန်း
ဧဝရတ်တောင်နှင့် တိဗက်ကုန်းပြင်မြင့်အထက် မြောက်ဘက် နှင့် အနောက်မြောက်ဘက်မှနေ၍ တွေ့မြင်ရသည့်အတိုင်း ၎င်း၏အနီးတစ်ဝိုက်ရှိ တောင်များ။ အမြင့်ပေ မီတာ ရှစ်ထောင်ကျော်သော နေရာ လေးခု: Makalu (၈,၄၆၂ မီတာ)၊ ဧဝရတ်တောင် (၈,၈၄၈ မီတာ)၊ Cho Oyu (၈,၂၀၁ မီတာ) နှင့် Lhotse (၈,၅၁၆ မီတာ)။
နိုင်ငံများ
တိုက်ကြီးအာရှတိုက်
ဘူမိဗေဒ
Orogenyဆီးနှင်းဖုံးတောင်တန်းဒေသ
ကျောက်သားသက်တမ်းCretaceous-မှ-Cenozoic
ကျောက်သားအမျိုးအစား
ဟိမဝန္တာ တောင်တန်း: အာရှတိုက်ရှိ တောင်တန်း
K2 ပါကစ္စတန်နိုင်ငံ
ဟိမဝန္တာ တောင်တန်း: အာရှတိုက်ရှိ တောင်တန်း
Cho Oyu နီပေါနိုင်ငံ
ဟိမဝန္တာ တောင်တန်း: အာရှတိုက်ရှိ တောင်တန်း
တိဘက်ကုန်းမြေမြင့် အပေါ် အာကာသတွင်းမှ မြင်ရသော ဟိမဝန္တာတောင်တန်း နှင့် ဧဝရတ်တောင် (annotated version)

အိန္ဒိယနိုင်ငံ၏ မြောက်ဘက်တွင် မြင့်မားစွာတည်ရှိသော ဟိမဝန္တာတောင်တန်းကြီးသည် ကမ္ဘာပေါ်တွင်အလွန်ထင်ရှားလေသည်။ ထိုတောင်တန်းကြီးမှာ အရှေ့မှအနောက်သို့ မိုင်ပေါင်း ၁၅ဝဝ ရှည်သဖြင့် မြောက်အမေရိကတိုက်ရှိ အပါလေချန်တောင်တန်း လောက်သာလျှင်ရှိသည်။ တောင်တန်းအကျယ်မှာ မိုင် ၁၅ဝမှ ၂ဝဝခန့် ရှိသဖြင့် တောင်အမေရိကတိုက်ရှိ အင်ဒီးတောင်လောက်ပင် မကျယ်ချေ။ သို့ရာတွင် အမြင့်၌ကား ကမ္ဘာပေါ်ရှိ မည်သည့်တောင်မျှ ဟိမဝန္တာတောင်ကို မမီချေ။ ဤသို့တုဖက်ကင်းအောင် မြင့်သောအချက်ကြောင့် ထင်ရှားကျော်ကြားခြင်း ဖြစ်ပေသည်။

ဟိမဝန္တာတောင်၌ တောင်ထိပ် တောင်ထွတ်ပေါင်း ၄ဝ ကျော် ၅ဝ ရှိ၍ အနိမ့်ဆုံးတောင်ထိပ်သည်ပင်လျှင် အမြင့်ပေပေါင်း ၂၃ဝဝဝ ရှိသည်။ အမြင့်ပေပေါင်း ၂၉ဝဝဝ ပေ၊ သို့မဟုတ် ၅၁/၂ မိုင် ကျော်ရှိသော ဧဝရတ်တောင်ထိပ်မှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်ထွတ်ဖြစ်လေသည်။ ဒုတိယအမြင့်ဆုံးကား ဧဝရက်တောင်ထိပ်၏ အရှေ့ဘက် မိုင် ၁ဝဝခန့်အကွာတွင် ရှိသည့် ၂၈၁၄၆ ပေမြင့်သော ကန်ချင်ဂျန်းဂါးတောင်ထိပ်ဖြစ်သည်။

ဟိမဝန္တာတောင်တန်းသည် အိန္ဒုမြစ်အကွေ့ကြီး၏ အနောက်ဘက်ရှိ ပမီးယားကုန်းပြင်မြင့်မှ အရှေ့ဘက် ဗြဟ္မပုတ္တရမြစ် အကွေ့ကြီးအထိ တန်းကာ လောက်လေးကိုင်းသဖွယ် တည်ရှိပြီးလျှင်အိန္ဒိယ မြောက်ပိုင်းရှိ အမြင့်ပေ ၁ဝဝဝ ခန့်ရှိသော လွင်ပြင်ဒေသနှင့် တိဗက်ကုန်းပြင်မြင့်တို့ကို ခြားထားလေသည်။ ဟိမဝန္တာတောင်တန်းကြီးကို ဖြတ်သန်းတည်ရှိကြသော တောင်ကြားလမ်းများမှာ ကမ္ဘာပေါ် တွင်အမြင့်ဆုံး တောင်ကြားလမ်းများ ဖြစ်ကြလျက် အမြင့်ပေပေါင်း ၁၅ဝဝဝ၊ သို့မဟုတ် ၁၆ဝဝဝ ကျော်ရှိကြ၏။ နိုဝင်ဘာလနှင့် မေလအကြားတွင် ထိုတောင်ကြားလမ်းများကို ဆီးနှင်းများဖုံးလွှမ်းနေသဖြင့် ဖြတ်ကျော်သွားလာရန် မဖြစ်နိုင်ပေ။ ထိုသို့ မြင့်လှသော တောင်ကြားတို့တွင် ရေခဲမြစ်များဖြစ်ပေါ်ကြလျက် တောင်ခြေများဆီသို့ တဖြည်းဖြည်း သက်လျှောသွားကြလေသည်။ ထိုရေခဲမြစ်များမှ အိန္ဒိယနိုင်ငံရှိ ဂင်္ဂါယမုံနာမြစ်၊ ဗြဟ္မပုတ္တရမြစ်နှင့်အိန္ဒုမြစ်များသည် မြစ်ဖျားခံ ကြလေသည်။


ဟိမဝန္တာတောင်တန်းကြီးသည် လူများကိုသာ အသွားအလာ ခက်ခဲစေသည်မဟုတ်။ တောင်ဘက်မှ တိုက်ခတ်လာသော ရေခိုးရေငွေ့များပါသည့် လေကိုလည်း တားဆီးထားသဖြင့် တောင်ဘက်တောင်စောင်းတွင် နှစ်စဉ် မိုးရေချိန်လက်မ ၉ဝဝ ကျော်အထိ ရွာသွန်းသော်လည်း မြောက်ဘက် လေကွယ်ရာ တိဗက်ကုန်းပြင်မြင့်တွင်မူ မိုးခေါင်နေလေသည်။ တောင်တန်းတို့၏ အမြင့်မှာ အစားစား ကွဲပြားနေကြသည့်အလျောက်ဟိမဝန္တာ တစ်ခွင်တွင် ရာသီဥတု အမျိုးမျိုးနှင့် အပင်အမျိုးမျိုးတို့ကို တွေ့ရှိနိုင်လေသည်။ မြေပြင်နှင့် ဆက်စပ်ရာ တောင်ခြေဒေသမှ ပေ ၅ဝဝဝ အထိမြင့်သော ဒေသများတွင် မိုးအခါစိမ်းလန်းလျက် နွေအခါ အရွက်ကြွေသော သစ်တောဝါးတောကြီးများ ထူထပ်စွာပေါက်ရောက်နေသဖြင့် နေပြောက်ပင် မထိုးနိုင်ချ။ တောင်ဘက်စောင်းတို့တွင် တောများကိုရှင်း၍ ပေ ၅ဝဝဝ အထိ မြင့်သောဒေသများ၌ လက်ဖက်ပင်များကို အကြီးအကျယ်စိုက်ပျိုးကြ၏။

ဒါဂျီလင်မြို့နှင့် အနီးအနား တစ်ဝိုက်တွင် အကောင်းဆုံးသော လက်ဖက်ခြောက်ထွက်ရာ ဒေသများဖြစ်ကြသည်။ ပေ၆ဝဝဝ အထိ မြင့်သော ဒေသများတွင် ဆန်စပါးနှင့် ပြောင်းများကို စိုက်ပျိုး၍ ထိုထက်မြင့်သောဒေသများတွင် ဂျုံနှင့်ဘာလီ များကိုစိုက်ပျိုးကြလေသည်။ ပေ ၉ဝဝဝ ကျော်မြင့်သော ဒေသများတွင် ရွက်ချွန်ထင်းရှူးတောကြီးများ ပေါက်ရောက်ကြ ၏။ ပေပေါင်း ၁၂ဝဝဝ ကျော်သောအခါ အေးမြလှသဖြင့် ထင်းရှူးတောများပင် မပေါက်ရောက်နိုင်တော့ဘဲ မြက်များနှင့် ချုံတောများကိုသာတွေ့ရလေသည်။

ဟိမဝန္တာတောင်တန်းတွင် အပူပိုင်း၊ သမပိုင်းနှင့် အအေးပိုင်းဒေသများတွင်နေထိုင်ကြသော တိရစ္ဆာန် အမြောက်အမြားကိုတွေ့နိုင်လေသည်။ မြင့်သောဒေသများတွင် ကျားကျားသစ်ကြံ့ဆင် မျောက်နှင့် အောင်း (စာမရီ) များနေထိုင်ကြ သည်။ ပေ ၁၆ဝဝဝ အထက်၌ ကား ဆီးနှင်းများ အမြဲဖုံးလွှမ်းလျက် ရေခဲတောင်ရေခဲမြစ်များသာ ဖြစ်နေတော့သည်။ ဤသို့တစ်နှစ်ပတ်လုံး ရေခဲလျက် ဆီးနှင်း များဖုံးလွှမ်း နေသောကြောင့်ပင် ဤတောင်တန်းကြီးကို ဟိမဝန္တာတောင်ဟု ခေါ်တွင်လေသည်။ ဟိမဝန္တာဟူသောအမည်မှာ သက္ကတဘာသာ မှလာ၍ ဆီးနှင်းများ အမြဲဖုံးလွှမ်းရာဒေသဟု အဓိပ္ပာယ် ရသည်။ ဆီးနှင်းများဖုံးလွှမ်းလျက် အေးမြသောလေထုကြောင့် တိမ်တောင်တိမ်လိပ်တို့သည် ပေ ၂ဝဝဝ လောက်အမြင့်တွင် တလိပ်လိပ်တက်နေသည်ကိုမြင်ရသည်မှာ ဟိမဝန္တာတောင်ကြီးပင် မိုးကို ဖောက်၍တည်နေသလောဟု ထင်မှတ်ရလေတော့၏။ ဤမျှအံ့မခန်းမြင့်မားစွာ တည်ရှိနေသောဟိမဝန္တာ တောင်ကြီးကို ဟိန္ဒူလူမျိုးတို့သည် ဘုရားတို့စံရာ တောင်တန်းကြီးဟုပင် ယူဆ၍အထူးရိုသေလေးစားကြလျှက် တစ်နှစ်တစ်ကြိမ် တက်ရောက် ပူဇော်လေ့ ရှိကြလေသည်။

မှတ်စုများ

ကိုးကား

Tags:

အာရှတိုက်အိန္ဒိယနိုင်ငံဧဝရတ်တောင်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့ လက်ဝှေ့တီဘီရောဂါမြန်မာနိုင်ငံရှိ ခရိုင်များအောင်လအန်ဆန်းအာဋာနာဋိယသုတ်ကချင်လူမျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်သထုံမြို့မဟာဘူတဩကာသ ဘုရားရှိခိုးနွေရာသီဂျပန်နိုင်ငံရှိ မြို့များစာရင်းအမေရိကန်ပြည်ထောင်စုလောက်ကိုင်မြို့ပဲခူးမြို့ဦးနုဂဠုန်ဗြိတိသျှအင်ပါယာနိဗ္ဗာန်ခုနစ်နေ့ဘုရားရှိခိုးခန္ဓာဗေဒကင်းလိပ်ချောမြန်မာနိုင်ငံ၏ ပညာရေးကျုံးမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ခန္ဓသုတ်ကလေးမြို့တွံတေးမြို့အသည်းရောင် အသားဝါ ရောဂါ စီပိုးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများတျာချင်းသီတင်းကျွတ်လပြည့်နေ့သိမ်းငှက်ဟင်္သာတမြို့ရေရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ဗမာအစည်းအရုံးလားရှိုးမြို့မြန်မာနိုင်ငံ၏ သမ္မတအစ္စလာမ်ဘာသာဂုဏ်ဆယ်ပါးတနင်္သာရီမြို့ငပလီကမ်းခြေနန်းမွေစံသိဒ္ဓတ္ထမင်းသားထားဝယ်လူမျိုးတရားဂုဏ်တော်ကယားပြည်နယ်ကရွှေတိဂုံစေတီတော်ဥရောပ၃၈ ဖြာ မင်္ဂလာရခိုင်ဘာသာစကားမက္ခရာမင်းသားကြီးစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမစ်(ဂ်)-၂၉မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်လျှပ်စစ်ဓာတ်အားပထဝီဝင်အောင်လံမြို့ဗလာဒီမီယာ ပူတင်ခင်ပွန်းကြီးဆယ်ပါးကလောမြို့လိင်တူစုံမက်ခြင်းငှက်ပျောမန်ကျည်းကားလိုး ကော်လိုဒီရိုင်ဖယ်မဟော်သဓာဇာတ်တော်ကျောက်စိမ်းဗိုလ်ချုပ်မှူးကြီးဝန်ကော့သောင်းမြို့မြန်မာ့ အစားအစာဝီကီပီးဒီးယား🡆 More