ရဝမ်ဒါနိုင်ငံ

ရဝမ်ဒါနိုင်ငံ (တရားဝင် အခေါ်အားဖြင့် ရဝမ်ဒါ သမ္မတနိုင်ငံ) သည် အာဖရိက အရှေ့အလယ်ပိုင်းတွင် ရှီသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီ: ခန့်မှန်းခြေ လူဦးရေ ၁၁.၄ သန်းမျှ ရှိသည်။ ရဝမ်ဒါသည် အီကွေတာ၏ တောင်ပိုင်း ဒီဂရီ အနည်းငယ်မျှ အကွာတွင် တည်ရှိပြီ: ယူဂန်းဒါးနိုင်ငံ၊ တန်ဇေးနီးယားနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က ဝိုင်းရံ ထားကြသည်။ ရဝမ်ဒါ တစ်နိုင်ငံလုံးသည် ကုန်းမြင့်ပိုင်းတွင် တည်ရှိပြီး အနောက်ပိုင်းသည် တောင်ကုန်းဒေသများ ဖြစ်ကြပြီး အရှေ့ပိုင်းမှာ ဆာဗားနားမြက်ခင်းပြင် ဒေသများ ဖြစ်ကြသည်။ နိုင်ငံတဝှမ်းလုံးတွင်လည်း ရေကန်များ အများအပြား ရှိသည်။ သမ မျှတသော ရာသီဥတု ရှိပြီး တစ်နှစ်ပတ်လုံးတွင် မိုးရွာသော ရာသီဥတု နှစ်ခုနှင့် ခြောက်သွေ့သော ရာသီဥတု နှစ်ခုစီ ရှိကြသည်။

ရဝမ်ဒါ သမ္မတနိုင်ငံ
Repubulika y'u Rwanda
ရဝမ်ဒါနိုင်ငံ၏ အလံတော်
အလံတော်
ရဝမ်ဒါနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: ညီညွတ်ြခင်း၊ အလုပ် နှင့် မျိုးချစ်စိတ်
နိုင်ငံတော် သီချင်း: လှပသော ရဝမ်ဒါ
ရဝမ်ဒါနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ကီဂါလီမြို့
ရုံးသုံး ဘာသာစကားများကင်ညာရဝမ်ဒါ၊ ပြင်သစ်အင်္ဂလိပ်
အမျိုးအစားသမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
ပေါလ် ကာဂါမေး
• ဝန်ကြီးချုပ်
ဘားနတ် မာကူဇာ
တည်ထောင်
• လွတ်လပ်ရေး (ဘယ်လ်ဂျီယမ်မှ)
၁ ဇူလိုင် ၁၉၆၂
ဧရိယာ
• စုစုပေါင်း
၂၆,၃၃၈ km² (၁၀,၁၆၉ sq mi) (အဆင့်: ၁၄၈)
• ရေထု (%)
၅.၃ %
လူဦးရေ
• ခန့်မှန်း
၁၁,၃၇၀,၄၂၅ (၂၀၁၁) (အဆင့် - ၇၃)
• သိပ်သည်းမှု
၄၁၉.၈/km² (၁၀၈၇.၂/sq mi) (အဆင့် - ၂၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁၃.၁၀၉ ဘီလီယံ
• Per capita
US$ ၁,၂၈၄
HDIIncrease ၀.၃၈၅
နိမ့် · ၁၅၂
ငွေကြေးရဝမ်ဒါ ဖရန့်
တယ်လီဖုန်းကုဒ်+၂၅၀
Internet TLD.rw

လူဦးရေမှာ ငယ်ရွယ်သူများပြားပြီး အများစုမှာ ကျေးလက်နေထိုင်သူများ ဖြစ်ကြကာ အာဖရိကတွင် လူဦးရေသိပ်သည်းမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။ ရဝမ်ဒါများအား ဟူတူ၊ တွတ်စီ နှင့် တွာ ဟူ၍ အုပ်စု ၃ ခု ခွဲခြားနိုင်သည်။ ထိုအုပ်စုများသည် အသုံးပြုသော ဘာသာစကား အတူတူဖြစ်ကြပြီး ယဉ်ကျေးမှုချင်းလည်း တူညီကြသဖြင့် လူမျိုးစုဟု ပြောသည်ထက်စာလျှင် လူမှုရေး အုပ်စု ဟု ပြောသည်က ပိုမှန် ပေလိမ့်မည်။ နိုင်ငံအတွင်း ကိုးကွယ်မှု အများဆုံး ဘာသာမှာ ခရစ်ယာန် ဘာသာ ဖြစ်ကာ ပင်မ ဘာသာစကားမှာ ကင်ညာရဝမ်ဒါ (Kinyarwanda) ဘာသာစကား ဖြစ်၍ ရဝမ်ဒါများ အများဆုံး အသုံးပြုကြသည်။ ရဝမ်ဒါသည် သမ္မတ ဦးစီးသော နိုင်ငံရေးစနစ် ကို ကျင့်သုံးကြပြီး လက်ရှိ သမ္မတမှာ ရဝမ်ဒါ မျိုးချစ် တပ်ဦးမှ ပေါလ် ကာဂါမေး ဖြစ်သည်။ အစိုးရသည် အဖွဲ့အစည်း အများအပြားမှ ထောက်ခံမှုကို ရရှိပြီး အခြားသော ဆဟာရဒေသ အာဖရိက နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အကျင့်ပျက် ခြစားမှု အနည်းဆုံးဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ အတိုက်အခံများအား နှိပ်ကွပ်သည် ဟူသော စွပ်စွဲမှုမျိုး ရှိသည်။

ကိုးကား

Tags:

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆာဗားနားမြက်ခင်းပြင်တန်ဇေးနီးယားနိုင်ငံဘူရွန်ဒီနိုင်ငံယူဂန်းဒါးနိုင်ငံအာဖရိက

🔥 Trending searches on Wiki မြန်မာဘာသာ:

ခွေးရူးပြန်ရောဂါလွှမ်းပိုင်ကယားပြည်နယ်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အနော်ရထာနတ်ကိုယ်ဝန်ဖျက်ချခြင်းမိုဟာမက်ဝ လူမျိုးဆေးခြောက်အစ္စလာမ်ဘာသာဟနွိုင်းမြို့သင်္ကြန်မြန်မာ့ဒဏ္ဍာရီလာသတ္တဝါများမန်ချက်စတာ ယူနိုက်တက်မုံရွာမြို့ဂဠုန်ကြယ်လိပ်ပိတောက်ပန်း (ကဗျာ)ရွှေစည်းခုံ စေတီတော် (ပုဂံ)ဟံသာဝတီအာရက္ခတပ်တော်လူ့အခွင့်အရေးဖျားနာခြင်းဓဇဂ္ဂသုတ်အင်းဝမင်းဆက်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းပန်းချီကျုံးသီပေါမင်းဖူးပွင့်ခိုင်ဗင်နီဇွဲလားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကျိုက်ထိုမြို့ဘူတန်နိုင်ငံရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းကျန်စစ်သားမြန်မာ့ မီးရထားမင်းသုဝဏ်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မြင်းခြံမြို့လိမ်လည်မှုနတ်သျှင်နောင်မြောက်ဥက္ကလာပမြို့နယ်မော်စကိုမြို့မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများလေးဖြူမဟာဘုတ်သွားပိုးစားရောဂါအောက်ချင်းငှက်တပ်မတော်စံကားဝါဘဒ္ဒကမ္ဘာဧရာဝတီတိုင်းဒေသကြီးမိုးဟေကိုကွန်မြူနစ်ဝါဒသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမြန်မာပြည် စာတိုက် သင်္ကေတများလိင်မှတဆင့် ကူးစက်တတ်သော ရောဂါကမ္ဘာ့အလုပ်သမားနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေကဇာတင်ခြင်းကချင်ပြည်နယ်မေတ္တာအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ညောင်ရေသွန်းပွဲကြိတ်မှန်ပင်ဝဋ္ဋသုတ်မှန်လုံအိမ်ဓာတ်ငွေ့ယေရှု ခရစ်တော်စိုးထွဋ်သွေးတိုးရောဂါMinecraftနဂါးနီသီချင်းမုဒုံမြို့🡆 More