ကဗျာ ပိတောက်ပန်း

ပိတောက်ပန်း ကဗျာကို အမျိုးသားစာဆို ဆရာ ဇော်ဂျီ ရေးဖွဲ့ခဲ့ပြီး ၁၉၂၈ ခုနှစ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ ကျောင်းချစ်ဟူသော ကလောင်ဖြင့် ရေးသားခဲ့သည်။ အရေးအဖွဲ့ ၊ စိတ်ကူးစိတ်သန်း ဆန်းသစ်မှုကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။ ခေတ်ဆန်းမြန်မာစာသည် ပိတောက်ပန်းမှ ဆင်းသက်သည်ဟုပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ကဗျာစာသား

မခူးချင်စမ်းပါနဲ့

နှစ်ဆန်းခါတော်မီမို့

ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့

ခပ်သိမ်းနယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေဝေနဲ့

သူလည်းလေ လောကီသားလိုပါ့

ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက

ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပါ့

ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့

သာသနာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပါ့ သတိဆွယ်

ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အဝါခြယ်၍

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့

မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့

အရေးအခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။

Tags:

ဇော်ဂျီ၊ စာရေးဆရာ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာအဘိဓာန်တက္ကသိုလ်ဘုန်းနိုင်အင်္ဂါဂြိုဟ်အရေပြားလေးဘက်နာရောဂါပါဠိအင်္ဂလိပ်-မြန်မာ စစ်ပွဲများကိလေသာဆိုရှယ်လစ်ဝါဒသီပေါမင်းမိုင်တဲလ် မြန်မာဘဒ္ဒကမ္ဘာစစ်ရေးမြန်မာနိုင်ငံ၏ စီးပွားရေးဧဝရတ်တောင်ကြာဆံဂျူးဘာသာလူ၏ အရိုးဖွဲ့စည်းပုံသီတဂူဆရာတော်မေတ္တာမြောင်းမြမြို့အီသီယိုးပီးယားနိုင်ငံမြန်မာ ကာတွန်းရုပ်ရှင်စွန်းဝူခုန်းအမျိုးသားစာပေဆုရစာအုပ်စာရင်းနေ့နံအိန္ဒိယနိုင်ငံကျော်ဟိန်းခေါင်းကိုက်ခြင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနယောက်ျား အင်္ဂါတံတာမွေမြို့နယ်ဂျန် အောအိမ်ကာကွယ်ရေးဦးစီးချုပ်(ရေ)သက္ကရာဇ်ပိဋကတ် သုံးပုံကာလီမယ်တော်ဂျာနယ်ကျော် မမလေးတနင်္သာရီတိုင်းဒေသကြီးဗမာပြည် ကွန်မြူနစ်ပါတီပန်းဆယ်မျိုးဘဲမုဒုံမြို့ပူဒီနာသမ္မာကျမ်းစာဆေးခြောက်ပင်မဟာဂန္ထဝါစကပဏ္ဍိတပအိုဝ်းလူမျိုးသျှင်မဟာ သီလဝံသသတင်းတပ်ဖွဲ့လွှမ်းပိုင်နန္ဒဘုရင်မအင်္ဂါ အစေ့အစာအိမ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များဗင်နီဇွဲလားနိုင်ငံတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းမြန်မာ သက္ကရာဇ်ခရေပင်မန္တလေးတိုင်းဒေသကြီးသောတာပန်ဥသျှစ်ပင်တောင်ကိုရီးယားနိုင်ငံလူသားစိုးဝင်း၊ ဗိုလ်ချုပ်ကြီးနှလုံးသွေးကြောကျဉ်းရောဂါမွန်ဘာသာစကားပွေး(တိရစ္ဆာန်)ကင်ဆာရောဂါစောဘဦးကြီးရွှေတိဂုံစေတီတော်ဘုရားအာဟာရဓာတ်များအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မေတ္တသုတ်ကျေးဇူးတရား🡆 More