ဟနွိုင်းမြို့

ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ၂၀၀၉ ခုနှစ် စာရင်းအရ လူဦးရေ ၆.၅ သန်း နေထိုင်လျက် ရှိသည်။ ၁၀၁၀ ခုနှစ်မှ ၁၈၀၂ ခုနှစ် အထိ ၎င်းသည် ဗီယက်နမ်နိုင်ငံရေး အတွက် အချက်အချာကျရာ နေရာဖြစ်ခဲ့သည်။ ငုယင်မင်းဆက် ဟျူမင်းလက်ထက်တွင် ဟနွိုင်း၏ ထည်ဝါမှုတို့ မှေးမှိန်သွားခဲ့သည်။ ၁၉၀၂ ခုနှစ်မှ ၁၉၅၄ အထိ ပြင်သစ်အင်ဒိုချိုင်းနား၏ မြို့တော်ဖြစ်ခဲ့ပြီး ၁၉၅၄ မှ ၁၉၇၆ အထိ မြောက်ဗီယက်နမ်၏ မြို့တော်ဖြစ်ခဲ့သည်။

ဟနွိုင်းမြို့

ဟနွိုင်းမြို့

ဟနွိုင်းမြို့သည်ယခင်က ပြင်သစ် အင်ဒိုချိုင်းနားပြည်၏ မြို့တော်ဖြစ်ခဲ့၍ ၁၉၅၄ ခုနှစ်တွင် ပြုလုပ်သော တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အရ ကွန်မျူနစ်ဗီယက်မင်းအစိုးရ အုပ်ချုပ်သော မြောက်ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဖြစ်လာသည်။ ထိုမြို့သည်မြစ်နီမြစ်ဝမှ အတွင်းဘက် မိုင် ၉ဝ ခန့်အကွာ မြစ်၏လက်ယာဘက် ကမ်းပေါ်တွင်တည်ရှိသည်။ မြစ်တွင်းသွား သင်္ဘောငယ်များသည် ဟနွိုင်းမြို့နှင့် ဟိုင်ဖုံမြို့ အကြား သွားလာခုတ်မောင်းလျက်ရှိကြသည်။ ဟနွိုင်းမြို့သည် ကူးသန်းရောင်းဝယ်ရေးတွင် အရေးကြီးသော ဗဟိုဌာန ဖြစ်သဖြင့် ဟိုင်ဖုံမြို့နှင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏အနောက်တောင်ဘက်ရှိ ကွန်မင်းမြို့နှင့်လည်းကောင်း၊ မီးရထားလမ်းများဖြင့် ဆက်သွယ်ထားလေသည်။ ဟနွိုင်း မြို့မှတင်ပို့သော ကုန်များတွင် ဆန်၊ ပိုးခြည်ထိုးများနှင့် မီးခြစ်များ ပါဝင်သည်။ ပြင်သစ်နယ်ချဲ့သမားများက ဟနွိုင်းမြို့ရှိ လမ်းများချဲ့ထွင်ထားကြရုံမက အဆောက်အအုံ သစ်များကိုလည်း ဆောက်လုပ်ထား ကြလေသည်။ ၁၉၆၉ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ ဟနွိုင်းမြို့၏လူဦးရေမှာ ၈ဝဝဝဝဝ ခန့်ဖြစ်သည်။

ကိုးကား

Tags:

ဗီယက်နမ်နိုင်ငံမြို့တော်လူဦးရေ

🔥 Trending searches on Wiki မြန်မာဘာသာ:

တနင်္သာရီတိုင်းဒေသကြီးနှင်းဆီစကားဂျပန်ကိုလိုနီခေတ်စွယ်စုံကျမ်းဟိန္ဒူဘာသာရန်သူမျိုးငါးပါးနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတက္ကသိုလ်ဘုန်းနိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘရူနိုင်းနိုင်ငံပိုးဟပ်ဖိုးစိန်၊ ဦး (ဂရိတ်)အမျိုးသမီးကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နော်ဝေနိုင်ငံအဲလ်ဘတ် အိုင်းစတိုင်းမဟာသမယသုတ်ဟင်္သာတထွန်းရင်တွင်းနက်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ပထမ ကမ္ဘာစစ်မင်းရှင်မနူဟာဘုရားခြင်းလုံးမဟာဗန္ဓုလကြိယာဝါဆိုလပြည့်နေ့ဆမ်ဆောင်းစစ်အေးတိုက်ပွဲတတိယ အင်္ဂလိပ် - မြန်မာစစ်ဗုဒ္ဓစစ်မှုထမ်းခြင်းပါတော်မူခြင်းဟန်လင်းမြို့ဟောင်းဝတ္ထုကောလင်းမြို့နယ်နှလုံးရောဂါသိကြားမင်းကြော့၊ ဦးအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်လိင်ဆက်ဆံခြင်းအောင်သူ (ဘောလုံးသမား)ပင်လုံစာချုပ်ဘောလုံးကစားခြင်းရွေးပင်တို့ဗမာအစည်းအရုံးကောသလမင်း အိပ်မက် (၁၆)ချက်ပြင်သစ်နိုင်ငံဆိုရိုးစကားဗမာ့လွတ်လပ်ရေးတပ်မတော်ပရိမိတ္တဇာလသုတ်အရှေ့တောင်အာရှဂူဂယ်အန်ကောဝပ်ဘီးလင်းမြို့သုဇာတာတောင်ငူမြို့ကားလိုး ကော်လိုဒီလေးချိုးဓမ္မစကြာသုတ္တန်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံတပ်မတော် (ရေ)မန္တလေး နန်းတော်ဆီးချိုရောဂါနေအဖွဲ့အစည်း၃၈ ဖြာ မင်္ဂလာတပ်မတော်စိန်ရတုနှစ်တံဆိပ်ရဝေရှင်ထွေးမြန်မာနိုင်ငံ၏ အမည်များအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ခင်ဝင့်ဝါသင်္ချာညောင်ရမ်းမင်းဆက်အရှေ့မြောက်အိန္ဒိယအချစ်🡆 More