ဂျို့စ် ဂေဗီယို ဗမ်းန်(အင်္ဂလိပ်: Jules Gabriel Verne) (ပြင်သစ်ဘာသာဖြင့်:) သည် ပြင်သစ်စာရေးဆရာတစ်ဦးဖြစ်ပြီး သူ့အား ဖေဖော်ဝါရီလ ၈ ရက်၊ ၁၈၂၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ပယ်ရီဗန်းမှာ နာမည်ကျော်ရှေ့နေကြီးတစ်ဦး ဖြစ်သည်။ ၁၈၂၇ ခုနှစ်တွင် စကော့လူမျိုးအဆက်အနွယ်ဖြစ်သူ ဂျင်ဩဂတ်စတင် အယ်လိုတီ ခေါ် အမျိုးသမီးတစ်ဦးနှင့် စုံဖက်လက်ဆက်ခဲ့၍ ဂျို့စ် ဗမ်းန်အား ဖွားမြင်သည်။ သူသည် သိပ္ပံဆိုင်ရာ ဒဏ္ဍာရီ များ ရေးသားသည့် ပထမဆုံး စာရေးဆရာအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ ထို့ပြင် သူ၏ စာအုပ်အချို့အား ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ သူ၏စာအုပ်အချို့မှာ အောက်ပါတို့ ပါဝင်သည်။
ဂျို့စ် ဗမ်းန်အား နန်တတ်စ်၊ ဘတ်တာနီမြို့၊ ပြင်သစ်နိုင်ငံတွင် မွေးဖွားခဲ့သည်။ အခြား အောင်မြင်မှုကို ရယူလိုသော လူငယ်များ ကဲ့သို့ ဗမ်းန်သည်လည်း ရေခြားမြေခြား စွန့်စား၍ ပါရီသို့ ခရီးထွက်ခဲ့သည်။ သို့သော် ပထမတွင် သူသည် မည်သည့်အကြိုက်မျှ မတွေ့ခဲ့ရပေ။ သို့သော် သူသည် သိပ္ပံပညာအား စိတ်ဝင်စားသူ တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် သူသည် ကျော်ကြားသော စာရေးဆရာလည်း ဖြစ်လာခဲ့ပြန်သည်။ ထိုသို့သော် အခြေအနေသည် သူ့အား ယနေ့ခေတ် သိပ္ပံဆိုင်ရာဒဏ္ဍာရီ( Science Fiction) ဟုခေါ်သော ဝတ္ထုစာအုပ်၊ ဒဏ္ဍာရီပုံပြင်များ ရေးသားသူအဖြစ် ရောက်ရှိရန် တွန်းပို့ပေးခဲ့သည်။ လူအများက ဂျို့ဗမ်းန်သည် ဆိုင်းရင့်ဖစ်ရှန်း(သိပ္ပံပုံပြင်) များ၏ မျိုးဆက်ကို စတင်သူအဖြစ် ဆုံးဖြတ်ပေးခဲ့ကြသည်။ သူအိမ်ထောင်ကျပြီးသည့်နောက်ပိုင်းတွင် စတော့ပွဲစားအဖြစ် ဘဝကျောင်းခဲ့သည်။ နောက်ပိုင်းတွင် သူသည် မြို့နယ်ကောင်စီဝင်အဖြစ် အာမိန်းမြို့တွင် ရွေးချယ်ခံရပြီးနောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗမ်းန်သည် မြောက်မြားစွာသော ဒဏ္ဍာရီများ၊ ဝတ္ထုစာအုပ်များကို ရေးသားခဲ့သည်။ ထို့နောက် သူသည် အာမိန်းသို့ သွားရောက်နေထိုင်ခဲ့သည်။ ၁၈၈၆ ခုနှစ် မတ်လ ၉ရက်နေ့ တွင် သူသည် အိမ်သို့ ပြန်လာခဲ့သည်။ ထိုစဉ် သူ၏တူငယ် အသက် ၂၅ နှစ်ရှိသူ ဂစ်တုန်း( Gaston) သည် မကောင်းကြံစည်ပြီး သူ့ခြေထောက်အား ပစ်ချိုးခဲ့သဖြင့် ခြေတစ်ဖက် ထော့နဲ့ခဲ့ရသည်။ သို့သော် သူ၏စာရေးသားခြင်းအား မရပ်တန့်ခဲ့ဘဲ သေဆုံးသည့် ၁၉၀၅ ခုနှစ်ထိတိုင် ရေးသားသွားခဲ့သည်။ သူသည် ၁၉၀၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကွယ်လွန်နိစ္စ ရောက်ရှာသည်။
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article ဂျို့စ် ဂေဗီယို ဗမ်းန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.