ရှင်ဇို အာ့ဘဲ့ (အင်္ဂလိပ်: Shinzo Abe; 安倍 晋三, Abe Shinzō, အသံထွက် ; ၂၁ စက်တင်ဘာ ၁၉၅၄ – ၈ ဇူလိုင် ၂၀၂၂) သည် ဂျပန်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဥက္ကဋ္ဌအဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မစ္စတာ အာ့ဘဲ့သည် ဂျပန်နိုင်ငံသမိုင်းတွင် သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ် ဖြစ်ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာ ၂၆ တွင် စတင်ရာထူးတက်ခဲ့သည်။ ထိုစဉ်အခါက ၎င်းသည် ဒုတိယ ကမ္ဘာစစ်ပြီးနောက် အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်သည့်အပြင် စစ်ပြီးခေတ် ဖွားမြင်သူ ပမထဦးဆုံးသော ဝန်ကြီးချုပ်လည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၅ နှစ်ကြာပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် LDP ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၏ အထွေထွေ ရွေးကောက်ပွဲတွင် LDP အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ် အဖြစ် တကြော့ပြန် တာဝန်ထမ်းဆောင်ခဲ့သည်။
ရှင်ဇို အာ့ဘဲ့ | |
---|---|
安倍 晋三 | |
Official portrait, 2020 | |
ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၂၆ ဒီဇင်ဘာ ၂၀၁၂ – ၁၆ စက်တင်ဘာ ၂၀၂၀ | |
ဧကရာဇ် | |
လက်ထောက် | Tarō Asō |
ယခင်လူ | ယော်ရှီဟီကို နိုဒါ |
ဆက်ခံသူ | ယော်ရှီဟီကို နိုဒါ |
တာဝန်သက်တမ်း ၂၆ စက်တင်ဘာ ၂၀၀၆ – ၂၆ စက်တင်ဘာ ၂၀၀၇ | |
ဧကရာဇ် | အာကီဟီတို |
ယခင်လူ | Junichiro Koizumi |
ဆက်ခံသူ | Yasuo Fukuda |
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၆ စက်တင်ဘာ ၂၀၁၂ – ၁၄ စက်တင်ဘာ ၂၀၂၀ | |
ဒုတိယ သမ္မတ | Masahiko Kōmura |
အထွေထွေ-အတွင်းရေးမှူး | Shigeru Ishiba Sadakazu Tanigaki Toshihiro Nikai |
ယခင်လူ | Sadakazu Tanigaki |
ဆက်ခံသူ | Yoshihide Suga |
တာဝန်သက်တမ်း ၂၀ စက်တင်ဘာ ၂၀၀၆ – ၂၆ စက်တင်ဘာ ၂၀၀၇ | |
အထွေထွေ-အတွင်းရေးမှူး | Tsutomu Takebe Hidenao Nakagawa Tarō Asō |
ယခင်လူ | Junichiro Koizumi |
ဆက်ခံသူ | Yasuo Fukuda |
အစိုးရအဖွဲ့ အတွင်းရေးမှူး | |
တာဝန်သက်တမ်း ၃၁ အောက်တိုဘာ ၂၀၀၅ – ၂၆ စက်တင်ဘာ ၂၀၀၆ | |
ဝန်ကြီးချုပ် | Junichiro Koizumi |
ယခင်လူ | Hiroyuki Hosoda |
ဆက်ခံသူ | Yasuhisa Shiozaki |
ရာမာဂူချီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂၀ အောက်တိုဘာ ၁၉၉၆ – ၈ ဇူလိုင် ၂၀၂၂ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | TBA |
မဲဆန္ဒနယ် | 4th district |
အနိုင်ရမဲ အရေအတွက် | ၈၆,၂၅၈ (၅၈.၄၀%) |
တာဝန်သက်တမ်း ၁၈ ဇူလိုင် ၁၉၉၃ – ၂၀ အောက်တိုဘာ ၁၉၉၆ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | Masahiko Kōmura |
မဲဆန္ဒနယ် | 1st district |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | 安倍晋三 (Abe Shinzō ) ၂၁ စက်တင်ဘာ၊ ၁၉၅၄ ရှင်ဂျူကု၊ တိုကျိုမြို့၊ ဂျပန်နိုင်ငံ |
ကွယ်လွန် | ၈ ဇူလိုင်၊ ၂၀၂၂ နာရာ ဆေးတက္ကသိုလ်၊ နာရာခရိုင်၊ ဂျပန်နိုင်ငံ | (အသက် ၆၇)
ကွယ်လွန်ရသည့် အကြောင်းရင်း | လုပ်ကြံခံရခြင်း |
နိုင်ငံရေးပါတီ | လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ |
ကြင်ဖော်(များ) | Akie Abe (လက်ထပ် 1987) |
မိခင် | Yoko Abe |
ဖခင် | Shintaro Abe |
မိခင်ကျောင်း |
|
လက်မှတ် |
၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံတောင်ပိုင်း နာရာမြို့ရှိ ရထားဘူတာရုံတစ်ခု၏ အပြင်ဘက်တွင်ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခု၌ မိန့်ခွန်းပြောနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ အသက် ၄၁ နှစ်အရွယ် သေနတ်သမား တက်စုရ ရာမာဂါမီ အား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ရှင်ဇို အာ့ဘဲ့, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.