သင်းဖူမြို့

သင်းဖူမြို့(/tɪmˈpuː/; တမ်းပလိတ်:Lang-dz တမ်းပလိတ်:IPA-dzသည် ဘူတန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ဘူတန်နိုင်ငံ၏ ဒီဇုန်ခတစ်ခုဖြစ်သော သင်းဖူခရိုင်တွင်တည်ရှိသည်။ ၁၉၅၅ ခုနှစ်တွင် မြို့တော်အား ရှေးဟောင်းမြို့တော် ပူနာခမြို့မှ သင်းဖူမြို့သို့ ပြောင်းရွေ့ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တတိယမြောက်ဒရက်ဂါပို(နဂါးဘုရင်) ဂျစ်မီ ဒေါ်ဂျီ ဝမ်ချပ်မှ ဘူတန်ဘုရင့်နိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့သည်။

သင်းဖူမြို့
သင်းဖူမြို့
Thromde
သင်းဖူမြို့
သင်းဖူမြို့
သင်းဖူမြို့
သင်းဖူမြို့
အပေါ်ဘက်ဘယ်မှ: Tashichho Dzong၊ ဘူတန် အမျိုးသားစာကြည့်တိုက်၊ သင်းဖူမြို့၏ အပေါ်စီးမြင်ကွင်း၊ သင်းဖူစီပွားရေးခရိုင်
သင်းဖူမြို့၏ အလံတော်
အလံတော်
သင်းဖူမြို့ သည် ဘူတန်နိုင်ငံ တွင် တည်ရှိသည်
သင်းဖူမြို့
သင်းဖူမြို့
သင်းဖူမြို့ သည် အာရှတိုက် တွင် တည်ရှိသည်
သင်းဖူမြို့
သင်းဖူမြို့
ဘူတန်နိုင်ငံရှိ သင်းဖူမြို့တည်နေရာ
ကိုဩဒိနိတ်: 27°28′20″N 89°38′10″E / 27.47222°N 89.63611°E / 27.47222; 89.63611 89°38′10″E / 27.47222°N 89.63611°E / 27.47222; 89.63611
နိုင်ငံဘူတန်နိုင်ငံ
ခရိုင်သင်းဖူ
GewogChang
မြို့တော်အဖြစ်တည်ထောင်ခြင်း၁၉၅၅
မြို့နယ်၁၉၆၁
Municipality၂၀၀၉
အစိုးရ
 • ဒရက် ဂါပိုဂျစ်မီ ခီဆာ နမ်ဂျယ် ဝမ်ချပ်
 • ThromponUgyen Dorji
ဧရိယာ
 • စုစုပေါင်း၂၆.၁ စတုရန်းကီလိုမီတာ (၁၀.၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၃၂၀ မီတာ (၇၆၅၆ ပေ)
လူဦးရေ (၂၀၁၇)
 • စုစုပေါင်း၁၁၄,၅၅၁
 • သိပ်သည်းမှု၄၃၈၉/km (၁၁၃၇၀/sq mi)
အချိန်ဇုန်BTT (UTC+06:00)
ဧရိယာကုဒ်(များ)+975-2
ရာသီဥတုCwb
ဝက်ဘ်ဆိုဒ်thimphucity.bt

မြို့သည် ဘူတန်နိုင်ငံတွင် ဝန်ချူး သို့မဟုတ် သင်းဖူချူဟု သိကြသော ရိုင်ဒက်မြစ်(Raidāk River)၏ အနောက်ဘက်ကမ်း တောင်ကြားဒေသတစ်လျှောက် တောင်-မြောက် ဦးတည်ရာအတိုင်း သွယ်တန်းတည်ရှိသည်။ သင်းဖူမြို့သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အမြင့်ဆုံးမြို့တစ်မြို့ဖြစ်ပြီး ၎င်း၏ အမြင့်အတိုင်းအတာမှာ ၂,၂၄၈ မီတာ (၇,၃၇၅ ပေ) မှ ၂,၆၄၈ မီတာ (၈,၆၈၈ ပေ) ထိ ရှိသည်။ မြို့တော်တစ်ခုအတွက် ပုံမုန်မဟုတ်သော အခြေအနေတစ်ခုဖြစ်သည့် သင်းဖူမြို့တွင် ၎င်း၏ ကိုယ်ပိုင်လေဆိပ်မရှိပဲ ၅၂ ကီလိုမီတာ (၃၂ မိုင်) အကွာတွင်ရှိသော ပါရိုလေဆိပ်အပေါ်တွင် မှီခိုအားထားနေရသည်။

သင်းဖူမြို့သည် ဘူတန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဗဟိုဖြစ်သည့်အလျှောက် ကြီးမားသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကြီးများ တည်ရှိပြီး နိုင်ငံ GNP ၏ ၄၅% ကို ရရှိအောင် ဆောင်ရွက်ပေးနေသည်။ စီးပွားရေး၏ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသော ခရီးသွားလုပ်ငန်းသည် ရိုးရာ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခြင်းတို့အကြား မျှခြေတစ်ခုအဖြစ် ထိန်းသိမ်းရင်း တင်းကြပ်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။ သင်းဖူမြို့တွင် ဘူတန်နိုင်ငံ၏ အရေးပါသော နိုင်ငံရေးအဆောက်အဦများဖြစ်သည့် အသစ်ပေါ်ပေါက်လာခဲ့သော ပါလီမန်ဒီမိုကရေစီအတွက် အမျိုးသားလွှတ်တော်အဆောက်အဦ၊ မြို့၏ မြောက်ပိုင်းတွင် တည်ရှိသော ဘုရင်၏ တရားဝင်အိမ်တော်ဖြစ်သည့် ဒီရှန်ခိုလင်းနန်းတော်(Dechencholing Palace) တို့တည်ရှိသည်။ သင်းဖူမြို့သည် ၁၉၉၈ ခုနှစ် စတင်ခဲ့သော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော "Thimphu Structure Plan" ကို တောင်ကြား၏ အထိအခိုက်မခံသော ဂေဟစနစ်ကို ကာကွယ်ရင်း ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိသည်။ ဤဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့မှ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပေးလျက်ရှိသည်။

ဘူတန်နိုင်ငံ၏ ယဉ်ကျေးမှုသည် သင်းဖူမြို့ရှိ စာပေ၊ ဘာသာတရား၊ ဓလေ့ထုံးစံ၊ အမျိုးသားဝတ်စုံ၊ ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းခံသောဓလေ့၊ ဂီတနှင့်အက၊ သတင်းမီဒီယာတို့တွင် ထင်ဟပ်လျက်ရှိသည်။ မျက်နှာဖုံးများ ဝတ်ဆင်၍ ကလေ့ရှိသော ဆေးချူး(Tshechu)ပွဲတော်သည် အရေးပါသော ပွဲတော်တစ်ခုဖြစ်ပြီး သင်းဖူမြို့ရှိ တာရှီချို ဒဇုန်း(Tashichho Dzong) ကွင်းပြင်တွင် ကျင်းပသည်။ လေးရက်ကြာကျင်းပသော ထိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ဘူတန်ပြက္ခဒိန်နှင့် ကိုက်ညီသော ရက်၌ ကျင်းပသည်။

ကိုးကား


Tags:

ဘူတန်နိုင်ငံဝီကီပီးဒီးယား:IPA for English

🔥 Trending searches on Wiki မြန်မာဘာသာ:

တောင်တွင်းကြီးမြို့ထေရဝါဒမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပြည်သူ့ကာကွယ်ရေးတပ်မတော်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကမ္ဘာမြေနေ့ဟိန္ဒူဘာသာဗဟိုစာမျက်နှာယောလူမျိုးအပြင် ၃၇ မင်းအင်းလေးကန်ပြည်သူ့ခုခံတော်လှန်စစ်အပျိုမြှေးမော်စကိုမြို့ဟိုက်ဒရိုဂျင်ဆွစ်ဇာလန်နိုင်ငံစိုင်းထီးဆိုင်ခင်ကြည်မိုင်းခရပ်ဖ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံဦးပိန်တံတားဆီးချိုရောဂါလက္ခဏာများပွေး(ရောဂါ)ကမ္ဘာ့လေထုကြိတ်မှန်ပင်ဗြိတိသျှအင်ပါယာကွန်ဒုံးမြန်မာမုန့်များမြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းတောင်ကိုရီးယားနိုင်ငံဂီတာဘီလူးသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မြန်မာ့ဝတ်စားဆင်ယင်မှုရှားစောင်းလက်ပတ်ပင်ခြင်းလုံး ကစားခြင်းသန်လျင် မင်းကျောင်းဆရာတော်မြန်မာတိုင်းရင်းသားမျိုးနွယ်များသခွတ်ပင်ပင်ဂွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရိုဟင်ဂျာအရှေ့တောင်တိုင်းစစ်ဌာနချုပ်ကျားမင်္ဂလသုတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မဟာသမယသုတ်မဏိစန္ဒာကိုရီးယားနိုင်ငံသီရိလင်္ကာနိုင်ငံမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်မေတ္တာမြန်မာပိတောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှမ်းပြည်တပ်မတော်-တောင်ပိုင်းလူ၏ အရိုးဖွဲ့စည်းပုံမေတိုကျိုမြို့မြန်မာစာရေးဆရာများ စာရင်းမြန်မာနိုင်ငံ၏ ပညာရေးအနတ္တလက္ခဏသုတ်အာဇာနည်နေ့အော်ကာရဲယိုပင်ဖွတ်ကုလသမဂ္ဂခရေပင်အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပါဠိစိတ်အင်္ဂါဂြိုဟ်ပြေတီဦးလူ့အခွင့်အရေး🡆 More