စိစစ်အတည်ပြုခံနိုင်မှု

ဝီကီပီးဒီးယားတွင် စိစစ်အတည်ပြုခံနိုင်မှု (verifiability) ဆိုသည်မှာ စွယ်စုံကျမ်းကို အသုံးပြုသော အခြားပုဂ္ဂိုလ်များအနေဖြင့် သတင်းအချက်အလက်တစ်ခုသည် ယုံကြည်စိတ်ချရသော ရင်းမြစ်မှ လာခြင်း ဟုတ်မဟုတ်ကို စစ်ဆေးနိုင်ခြင်း ဖြစ်သည်။ ဝီကီပီးဒီးယားသည် ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများအား လွှင့်တင်ခြင်း မပြုပါ။ ဝီကီပီးဒီးယားရှိ အကြောင်းအရာများကို တည်းဖြတ်သူများ၏ ယုံကြည်ချက် သို့မဟုတ် အတွေ့အကြုံများဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ယခင်ထုတ်ဝေပြီးဖြစ်သည့် သတင်းအချက်အလက်များဖြင့် ဆုံးဖြတ်သည်။ တစ်စုံတစ်ခုသော အကြောင်းအရာသည် မှန်ကန်ကြောင်း သင် အသေအချာ သိနေသော်လည်း ထိုအကြောင်းအရာကို ပေါင်းထည့်ရေးသားရန်အတွက် စိစစ်အတည်ပြုနိုင်ရန် လိုအပ်သည်။ ယုံကြည်စိတ်ချရသော ရင်းမြစ်သည် သဘောထားကွဲလွဲနေပါက ဘက်မလိုက်သော အမြင်ကို လက်ကိုင်ထားကာ ကွဲပြားသော ရင်းမြစ်များမှ ဖော်ပြသည်ကို တင်ပြပြီး မျှမျှတတ ဖြစ်စေရမည်။

ဆောင်းပါးများ၊ စာရင်းများရှိ အရာအားလုံး အပါအဝင် ဝီကီပီးဒီးယား ပင်မအမည်ညွှန်းရှိ အကြောင်းအရာများ အားလုံးသည် စိစစ်အတည်ပြုခံနိုင်ရမည် ဖြစ်သည်။ စိစစ်အတည်ပြုခံနိုင်ခြင်းသည် စောဒကတက်ခြင်း ခံနေရသော သို့မဟုတ် စောဒက တက်စေလာနိုင်သော ပြောဆိုချက်များနှင့် မည်သည့် အကြောင်းအရာမဆိုတွင် အဆိုပါအကြောင်းအရာကို တိုက်ရိုက် ထောက်ခံသော inline citation တစ်ခု ပါဝင်ရမည် ဖြစ်သည်။ ရင်းမြစ်တစ်ခု လိုအပ်နေသော သို့မဟုတ် ပါဝင်ခြင်းမရှိသော မည်သည့် အကြောင်းအရာမဆို ဖယ်ရှားခြင်း ခံရနိုင်သည်။ ရင်းမြစ် မပါသော သို့မဟုတ် ရင်းမြစ် နည်းပါးသော သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကြောင်း အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ကျေးဇူးပြု၍ ချက်ချင်း ဖယ်ရှားပါ။

ကိုးကားချက်များ ရေးသားနည်းအတွက် ရင်းမြစ်များကို ကိုးကားခြင်းတွင် ကြည့်ပါ။ စိစစ်အတည်ပြုခံနိုင်မှု၊ ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများနှင့် ဘက်မလိုက်သော အမြင်တို့သည် ဝီကီပီးဒီးယား၏ အဓိက အကြောင်းအရာ မူဝါဒများ ဖြစ်သည်။ အကြောင်းအရာကို ဆုံးဖြတ်ရန်အတွက် ယင်းတို့သည် အတူတကွ ဆောင်ရွက်သည့်အတွက် တည်းဖြတ်သူများအနေဖြင့် အဆိုပါ မူဝါဒ သုံးခု၏ အရေးပါအချက်များကို နားလည်ထားသင့်သည်။ ဆောင်းပါးများသည် မူပိုင်ခွင့် မူဝါဒကိုလည်း လိုက်နာရမည် ဖြစ်သည်။


မှတ်စုများ

Tags:

ဝီကီပီးဒီးယားဝီကီပီးဒီးယား:OR

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံမဟာဗောဓိတထောင်ကိုကိုဦး (ဗိုလ်ချုပ်)ဆူးပုပ်ကြီးမဲဆောက်မြို့cxaieစံကားဝါမွန်လူမျိုးရေဘဝဲအလောင်းမင်းတရားသရပါတံခါးနဝရတ် ကိုးပါးရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ရေးမြို့သိမ်းငှက်ကုန်းဘောင်ခေတ်မြန်မာနိုင်ငံ၏ စီးပွားရေးကိုယ်ဝန်ဆောင်ခြင်းမိုးကုတ်တရားဗဒုံမင်းငသိုင်းချောင်းမြို့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဘုရား (ဗုဒ္ဓဘာသာ)ဟံသာဝတီအစ္စလာမ်ဘာသာကယားပြည်နယ်ကာမေသုမိစ္ဆာစာရတွံတေးမြို့ကျွန်းနက်Minecraftသစ္စာစီးပွားရေးပြဇာတ်ဂျီသရီးရိုင်ဖယ်ယောလူမျိုးထားဝယ်မြို့ခရစ်ယာန်ဘာသာဂျပန်နိုင်ငံရှိ မြို့များစာရင်းငါးမျိုးစိတ်များ စာရင်းကထိန်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံအပင်လောကမြန်မာ့ အစားအစာအစ္စရေးနိုင်ငံဘုန်းကြီးကျောင်းဘုရားဂုဏ်တော်မဂ္ဂင် ၈ ပါးကယားလူမျိုးကချင်ပြည်နယ်ရခိုင်ပြည်နယ်အယုဒ္ဓယယေရှု ခရစ်တော်ကမ္ဘာ့အလုပ်သမားနေ့ဘာသာစကားကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်မြနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အိတ်ချ်အိုင်ဗွီ ရောဂါပိုးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးဓာရဏပရိတ်ကီလိုမီတာဟော်မုန်းငှက်ဖျားရောဂါဘုရင့်နောင်နီယွန်ရဲယိုပင်သတိပဋ္ဌာန်နတ်ယဉ်ကျေးမှုကျုံးကာလီမယ်တော်စိုးလွင်လွင်ရန်ကုန်တက္ကသိုလ်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တပ်မတော်နေ့ဗုဒ္ဓမြန်မာ့ပြည်တွင်းပဋိပက္ခများ🡆 More