မြထွန်းဦး

ဗိုလ်ချုပ်ကြီး စည်သူ မြထွန်းဦးသည် ၂၀၂၁ အိမ်စောင့်အစိုးရတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။ သူသည် ကာကွယ်​ရေးဝန်ကြီး အဖြစ်လည်း   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှု အပြီးမှ ၂၀၂၃ ဩဂုတ် ၃ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး
စည်သူ

မြထွန်းဦး
မြထွန်းဦး
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ယခင်လူဗိုလ်ချုပ်ကြီးတင်အောင်စန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ စက်တင်ဘာ ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ စက်တင်ဘာ ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
ကာကွယ်ရေးဝန်ကြီး
တာဝန်သက်တမ်း
၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
ဆက်ခံသူဗိုလ်ချုပ်ကြီးတင်အောင်စန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၆၁-0၅-0၅) မေ ၅၊ ၁၉၆၁ (အသက် ၆၂)
မြန်မာနိုင်ငံ
လူမျိုးဗမာ
ကြင်ဖော်(များ)ဒေါ်သက်သက်အောင်
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း
ဆုတံဆိပ်များစည်သူသင်္ဂဟဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြထွန်းဦး မြန်မာ
တပ်/တပ်ဖွဲ့ခွဲမြထွန်းဦး တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀ - လက်ရှိ
ရာထူးမြထွန်းဦးဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေး ဝန်ကြီးဌာန

အစောပိုင်းဘဝနှင့် ပညာရေး

၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။

တာဝန်ထမ်းဆောင်ခြင်း

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးကွန်ယက် ပြန်လည်ထူထောင်ချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသည်။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်း​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူး(ကြည်း/ ရေ / လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကုမ္ပဏီကို ငှားရမ်းရာ၌ ဦးဆောင်ခဲ့သူဟု ဆိုကြသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။

၂၀၂၃ စက်တင်ဘာ ၁၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်များအား လွဲပြောင်းကာ တာဝန်ထမ်းဆောင်သည်။

ပုဂ္ဂိုလ်ရေးဘဝ

သူ၏ ဇနီးဖြစ်သူ အမည်မှာ ဒေါ်သက်သက်အောင် ဖြစ်သည်။

ကိုးကား

Tags:

မြထွန်းဦး အစောပိုင်းဘဝနှင့် ပညာရေးမြထွန်းဦး တာဝန်ထမ်းဆောင်ခြင်းမြထွန်းဦး ပုဂ္ဂိုလ်ရေးဘဝမြထွန်းဦး ကိုးကားမြထွန်းဦးစည်သူဘွဲ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်အိမ်စောင့်အစိုးရ (၂၀၂၁)၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ခင်နှင်းယုရှောက်ပင်မျိုးဖက်ဒရယ်ပြည်ထောင်စုစနစ်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကားလိုး ကော်လိုဒီသီရိလင်္ကာနိုင်ငံစိုးလွင်လွင်မထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာဘာသာစကားကျောက်မီးသွေးထက်ထက်မိုးဦးပထမ အင်္ဂလိပ် - မြန်မာစစ်ဇိနမာရ်အောင်စေတီဘီတီအက်စ်မိုးကုတ်ဆရာတော်ဥရောပဇာတ်ကြီးဆယ်ဘွဲ့လူ့အခွင့်အရေးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဦးပုညသမင်ယာဘမြန်မာနိုင်ငံ၏ ရပ်ကွက်များစံပယ်ပန်းဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မြန်မာ သက္ကရာဇ်မြန်မာ-အင်္ဂလိပ် အဘိဓာန်တာချီလိတ်မြို့စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)မဟာဗန္ဓုလကွန်ဒုံးကလေးမြို့ဆေးချင်းလူမျိုးဝိနည်းရာဝဏပညာရေးဝန်ကြီးဌာနနော်ဝေနိုင်ငံမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များပန်းဆယ်မျိုးနတ်သျှင်နောင်ချစ်ဦးညိုဘဂျမ်း (ကာတွန်း)မကွေးမြို့ကလောမြို့ဂျူး (စာရေးဆရာမ)မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပိဋကတ် သုံးပုံကံမမြို့ပြင်ဦးလွင်မြို့တောကြက်အမေနေ့လောကမာရ်အောင်စေတီရေကျောက်ရောဂါကာကွယ်ဆေးလိင်ဆက်ဆံခြင်းသာသနာတော်မြန်မာ့စွယ်စုံကျမ်းဝိဘတ်ကံ့ကော်ပင်ပြည်တွင်းသောင်းကျန်းမှုသမိုင်းမြန်မာ့သမိုင်းသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)နေဝင်း (ဗိုလ်ချုပ်ကြီး)မွန်ဘာသာစကားသောတာပန်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရခိုင်ပြည်နယ်ဂူဂဲဘာသာပြန်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနခင်မောင်တိုးကော့သောင်းမြို့မင်းတုန်းမင်းကြက်သွန်ဖြူသွေးလွန်တုပ်ကွေးဂျပန်နိုင်ငံ၏ ဒေသများ🡆 More