မှတ်မှတ်ထင်ထင်အဖြစ်ဆုံးအချက်မှာ ဘွတ်ခ်နန်သည် အမေရိကန်သမ္မတများအနက် တစ်ဦးတည်းသော လူပျိုကြီးသမ္မတဖြစ်သည်။ စစ်သားတစ်ဖြစ်လဲ နာမည်ကျော်ရှေ့နေတစ်ဦးဖြစ်သူ ဘွတ်ခ်နန်သည် ပြည်နယ်လွှတ်တော်၊ အောက်လွှတ်တော်၊ အထက်လွှတ်တော် စသည်ဖြင့် အဆင့်ဆင့် တက်လာသူလည်း ဖြစ်သည်။ ရှေ့နေဘဝက အောင်မြင်လွန်းသည်ဟု ဆိုရလောက်အောင် ဝင်ငွေကောင်းသူဖြစ်သည်။ (၁၈၂၀ ဝန်းကျင်ကာလများက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၁,၀၀၀ ဆိုသည်မှာ ထိပ်တန်းအဆင့်ဖြစ်သည်။) လွှတ်တော်တွင် တရားရေးကော်မတီ အကြီးအကဲ၊ ထိုနောက် သမ္မတအင်ဒရူး ဂျက်ဆန် လက်ထက်တွင် ရုရှားဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ ထိုနောက် အထက်လွှတ်တော်အမတ် ပြန်ဖြစ်သည်။ အင်္ဂလန်သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး စသည်ဖြင့် ရာထူးအစုံတွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။ လူပျိုကြီးဖြစ်ရသည်မှာလည်း အလာဘားမားပြည်နယ်မှ အထက်လွှတ်တော်အမတ် ကင်းအား ယောက်ျားချင်း စုံမက်နေသည်ကြောင့်ဟု သတင်းများထွက်ဖူးသည်။
ဂျိမ်းစ် ဘွတ်ခ်နန် James Buchanan ၁၇၉၁-၁၈၆၁ | |
မွေးနေ့ | ၂၃၊ ဧပြီ၊ ၁၇၉၁ |
မွေးရပ် | မာဆာဘတ် ပင်ဆယ်ဗေးနီးယားပြည်နယ် |
ကွယ်လွန်နေ့ | ၁၊ ဇွန်၊ ၁၈၆၁ |
ကွယ်လွန်ရပ် | လန်ကတ်စတာမြို့ ပင်ဆယ်ဗေးနီးယားပြည်နယ် |
အခြားအမည် | |
လူသိများရခြင်း | အမေရိကန်ပြည်ထောင်စု၏ ၁၅ ဦးမြောက်သမ္မတ |
အလုပ်အကိုင် | အမေရိကန်သမ္မတ |
ရာထူးသက်တမ်းကာလ | ၄၊ မတ်၊ ၁၈၅၇-၄၊ မတ်၊ ၁၈၆၁ |
ဒုတိယ သမ္မတ | ဂျွန် ဘရတ်ခန်ရစ်ချ် |
လွှဲအပ်သူ | ဖရန်ကလင် ပီးယားစ် |
ဆက်ခံသူ | အေဘရာဟမ် လင်ကွန်း |
နိုင်ငံသား | အမေရိကန် နိုင်ငံ |
မျက်လုံးနှစ်ဖက်တွင် တစ်ဖက်က အဝေးကိုမြင်ပြီး တစ်ဖက်က အနီးကိုသာမြင်သည်။ ထို့ကြောင့် အချို့သမိုင်းဆရာတို့က အချို့သော အဖြစ်အပျက်များတွင် ရှင်းရှင်းလင်းလင်းမြင်ပြီး၊ အချို့သော အရှည်မျှော်တွေးရမည့် အဖြစ်များတွင် ဝေဝါးနေတတ်သူဟု သရော်ကြသည်။ ဘယ်ဖက်ခပ်လှန်လှန်အနေအထားရှိ မျက်နှာပေးမျိုးရှိသည်။
ခေတ်ကာလပေါ်တွင် သုံးသပ်သော သူ၏ ကျွန်စနစ်အပေါ်တွင် ထားရှိသည့် သဘောထားမှာ နှစ်ခွဖြစ်သည်။ ကျွန်စနစ်မကောင်းဟု တစ်ဖက်ကပြောပြီး၊ အခြားတစ်ဖက်တွင်လည်း ပြည်နယ်များ ကိုယ်တိုင်ဆုံးဖြတ်ရမည်ဟု သဘောထားပြန်သည်။ ထိုသို့ နှစ်ခွဆိုလွန်းသဖြင့် အများက လှောင်ပြောင်ကြသည်။
၁၈၆၁၊ ဇန်နဝါရီတွင် ဆမ်တာခံတပ်သို့ သွားသော သင်္ဘော အမြောက်နှစ် ပြန်အပစ်ခံရပြီး တစ်လအကြာတွင် တောင်ပိုင်းပြည်နယ်များ သီးခြားခွဲထွက်ပြီး ပြည်ထောင်စုဖွဲ့ကြောင်း အလာဘာမားပြည်နယ်၊ မောင်ဂိုမာရီမြို့တွင် ကြေညာခြင်းဖြင့် အမေရိကန် ပြည်တွင်းစစ် စတင်သည်။
နောက်တစ်ကြိမ်အရွေးခံနိုင်ရန်အတွက်လည်း ပါတီထောက်ခံမှုမရှိတော့သဖြင့် ပြိုင်ဖက် ရီပါပလီကန်ပါတီမှ သမ္မတ လင်ကွန်းမှ အေးအေးလူလူအနိုင်ရသည်။ နောက်ပိုင်းတွင် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ လန်ကတ်စတာမြို့မှ ကိုယ်ပိုင်အိမ်ကြီးတွင် အငြိမ်းစားဘဝနှင့် အေးချမ်းစွာနေထိုင်ပြီး ၁၈၆၈တွင် ကွယ်လွန်သည်။ မလိုသူတို့က လွှတ်တော်တွင် ချိတ်ဆွဲထားသော သူ့ဓာတ်ပုံကို လာလာဖျက်ဆီးကြသဖြင့် နောက်ဆုံးတွင် ပြန်ဖြုတ်သိမ်းထားရသည်။
အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း
This article uses material from the Wikipedia မြန်မာဘာသာ article ဂျိမ်းစ် ဘွတ်ခ်နန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.