ဘူးပင်: အပင်မျိုးစိတ်များ

ဗူးပင်(Calabash) သည် လူတို့ စားသုံးရသော ဟင်းသီးဟင်းရွက်ပင် ဖြစ်၍ ရုက္ခဗေဒအလိုအားဖြင့် လဂျင်နေးရီးယား ဗာလဂါရစ်ဟု ခေါ်သည်။

Calabash
ဘူးပင်: ပေါက်ရောက်ရာဒေသ, ကြန်အင်လက္ခဏာများ, စားစရာတဖြစ်လဲ ဗူးသီး
Green calabash growing on its vine
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Cucurbitales
မျိုးရင်း: Cucurbitaceae
မျိုးဇာတ်: Benincaseae
မျိုးစု: Lagenaria
မျိုးစိတ်:
L. siceraria
ဒွိနာမ
Lagenaria siceraria
Synonyms

ပေါက်ရောက်ရာဒေသ

အပူပိုင်းဒေသ အထူးသဖြင့် အတန်ငယ်ခြောက်သွေ့သော ဒေသတွင် စိုက်ပျိုးကြသည်။ ခြံဝင်းအနည်းငယ်ရှိသော အိမ်ရာများတွင် အိမ်တွင်းဟင်းခင်းအဖြစ် စင်ကလေးများ ထိုး၍ပင် စိုက်ပျိုးလေ့ ရှိကြသည်။

ကြန်အင်လက္ခဏာများ

ယင်းသည် နွယ်ပင်ဖြစ်၍ အကိုင်းအရွက်စသည်တို့၌ အမွေးနုကလေးများ ဖုံးနေသည်။ အသီးအနုတွင်လည်း အမွေးနုများ ပါရှိ၍ ရင့်လာသည်နှင့်တပြိုက်နက် အမွေးများ ပါးသွားသည်။ အရွက်သည် လက်ဝါးပုံ ကျယ်ပြန့်၍ နူးညံ့ထူထဲသည်။ အသီးသည် ပုလင်းပုံသဏ္ဌာန် အောက်ပိုင်းကား၍ လည်ဝကျဉ်းသည်။ အချို့ဗူးသီးသည် ပု၍ အချို့သည် ရှည်သည်။ ၂ ပေခန့်အထိ ရှည်သော ဗူးသီး ရှိသည်။ ဗူးပွင့်သည် အဖြူရောင်ဖြစ်၍ အချင်း ၂ လက်မခွဲခန့် ကျယ်သည်။

စားစရာတဖြစ်လဲ ဗူးသီး

ဗူးသီး၊ ဗူးရွက်၊ ဗူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသည်။ ဗူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဗူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာတစ်မျိုး ဖြစ်သည်။ ဗူးသီးအသားကို လှီး၍ အခြောက်လှန်းပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြသည်။ ဗူးသီး၊ ဗူးညွန့်၊ ဗူးရွက်တို့၏ အရသာသည် ချိုသည်။ နှုတ်ကို မြန်စေတတ်သည်။ ဓာတုရသကျမ်း အလိုအားဖြင့် ဗူးသီးသည် တောပင့်ကူ၏ အဆိပ်ကိုပင် လျင်စွာပယ်နိုင်သည်ဟု ဆိုသည်။ ဗူးသီးနှင့် ကျေးသား ရောစပ်၍ မစားသင့်ချေ။ အန္တရာယ်ဖြစ်စေတတ်သည်။

လူသုံးပစ္စည်းအဖြစ် အသုံးပြုပုံ

ဗူးသီးရင့်ရင့်ကို အတွင်းမှ အသားများ ခြစ်ထုတ်၍ ဗူးတောင်ခွံချည်း ကျန်သည့်အခါ အခြောက်လှန်းကာ ရေ၊ ထန်းရည် ထည့်၍ သယ်ယူရန် အသုံးပြုကြသည်။

ဓာတ်ပုံများ

Tags:

ဘူးပင် ပေါက်ရောက်ရာဒေသဘူးပင် ကြန်အင်လက္ခဏာများဘူးပင် စားစရာတဖြစ်လဲ ဗူးသီးဘူးပင် လူသုံးပစ္စည်းအဖြစ် အသုံးပြုပုံဘူးပင် ဓာတ်ပုံများဘူးပင်

🔥 Trending searches on Wiki မြန်မာဘာသာ:

ပန်ထွာဘုရင်မပေပင်ကိုလိုနီခေတ်မုန့်ဟင်းခါးမဟာဘုတ်ကွန်ပျူတာဗောဇ္ဈင်ခုနစ်ပါးအမေရိကန်ပြည်ထောင်စုသမ္မာကျမ်းစာဖက်ဒရယ်ပြည်ထောင်စုစနစ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပအိုဝ်းလူမျိုးမြန်မာတိုင်းရင်းသားမျိုးနွယ်များနတ်ရာသီဥတုချောင်းမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများရှမ်းဘာသာစကားရွှေကြာ (ရုပ်ရှင်)ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းဗေဒင်ရေးမြို့ဗလာဒီမီယာ ပူတင်ဟင်နရီဗန်ထီးယူနန်းမွေစံဆလုံလူမျိုးဆေးခြောက်ပင်စွယ်တော်ပင်ဗမာလူမျိုးငုရွှေဝါပင်လများ (အချိန်အတိုင်းအတာ)နန်းမတော်မယ်နုခန္ဓသုတ်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကားမြန်မာ ကာတွန်းရုပ်ရှင်ဂျူးဘာသာပထဝီဝင်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးမဲခေါင်မြစ်ကာလသားရောဂါအဆိပ်ဖေ့စ်ဘွတ်ခ်ကုလသမဂ္ဂနရသီဟပတေ့စံပယ်ပန်းကမ္ဘာဂြိုဟ်ရာသီဥတုပြောင်းလဲမှုမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းရှမ်းပြည် တပ်မတော်ရေဘဝဲလိင်ဆက်ဆံခြင်းနတ်မင်းကြီးလေးပါးဗန်းစကားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရန်ကုန်တိုင်းဒေသကြီးကြွက်တက်ခြင်းမကွေးတိုင်းဒေသကြီးကွန်ပျူတာ စက်လည်ပတ်ရေး စနစ်မြန်မာဘာသာစကားပဲခူးရိုးမတောင်ပုပ္ပါးတောင်မဟော်သဓာမှော်ပညာသတင်းတပ်ဖွဲ့မင်္ဂလသုတ်စွန်းဝူခုန်းဘဒ္ဒကမ္ဘာမြင်းမိုရ်မြဝတီမြို့နောင်ချိုမြို့နယ်လေဖြတ်ခြင်းတပ်ရင်း (၇)ခေါင်းဆောင်မှုမြန်မာနိုင်ငံ၏ လူဦးရေဆေးခြောက်ရသပြည်ထောင်စုနေ့🡆 More