ဂါဘွန်နိုင်ငံ

12°E / 1°S 12°E / -1; 12

ဂါဘွန်နိုင်ငံသည် အာဖရိကအလယ်ပိုင်း အနောက်ဘက်တွင် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အီကွေတာကို ခွလျက် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် အီကွေတာဂီနီနိုင်ငံ၊ မြောက်ဘက်တွင် ကင်မရွန်းနိုင်ငံ၊ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကွန်ဂိုသမ္မတနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိသည်။ အတ္တလန္တိတ်သမုဒ္ဒရာ]]၏ တစိတ်တဒေသဖြစ်သော ဂီနီပင်လယ်ကွေ့သည် အနောက်ဘက်တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၂၇၀,၀၀၀ စတုရန်းကီလိုမီတာ ရှိပြီး ခန့်မှန်းခြေ လူဦးရေမှာ ၁သန်းခွဲခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ လစ်ဗရီဗေးလ်မြို့ ဖြစ်သည်။

ဂါဘွန် သမ္မတနိုင်ငံ
République gabonaise  (ပြင်သစ်)
ဂါဘွန်နိုင်ငံ၏ အလံတော်
အလံတော်
ဂါဘွန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Union, Travail, Justice" (ပြင်သစ်)
"Union, Work, Justice"
နိုင်ငံတော် သီချင်း: La Concorde
The Concord
ဂါဘွန်နိုင်ငံ
ဂါဘွန်နိုင်ငံ
မြို့တော်
နှင့် အကြီးဆုံးမြို့
လစ်ဗရီဗေးလ်မြို့
0°23′N 9°27′E / 0.383°N 9.450°E / 0.383; 9.450
ရုံးသုံး ဘာသာစကားများပြင်သစ်
ဒေသန္တရတိုင်ရင်းသားဘာသာစကား
ကိုးကွယ်မှု
Demonym
  • Gabonese
  • Gabonaise
အစိုးရပြည်ထောင်စု ကြီးစိုးပါတီ သမ္မတနိုင်ငံစနစ်
• သမ္မတ
အလီ ဘွန်ဂို အွန်ဒင်ဘာ
• ဝန်ကြီးချုပ်
ရို့စ် ခရစ္စတင်း ယာပွန်ဒါ
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
ပြင်သစ်မှ လွတ်လပ်ရေးရရှိခြင်း
• သမ္မတနိုင်ငံတည်ထောင်ခြင်း
၁၉၅၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်
• တရားဝင်ခွင့်ပြုခြင်း
၁၉၆၀ ခုနှစ် ဩဂုတ် ၁၆–၁၇
ဧရိယာ
• စုစုပေါင်း
၂၆၇,၆၆၇ km2 (၁၀၃,၃၄၇ sq mi) (အဆင့်: 76th)
• ရေထု (%)
3.76%
လူဦးရေ
• ၂၀၁၆ ခန့်မှန်း
၁,၉၇၉,၇၈၆ (အဆင့် - ၁၄၆)
• သိပ်သည်းမှု
၇.၉/km2 (၂၀.၅/sq mi) (အဆင့် - ၂၁၆)
GDP (PPP)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၃၈.၂၈၀ ဘီလီယံ
• Per capita
$၁၈,၆၄၇
GDP (nominal)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၁၇.၂၁၂ ဘီလီယံ
• Per capita
$၈,၃၈၄
Gini (၂၀၁၇)၃၈
အလယ်
HDI (၂၀၁၉)Increase ၀.၇၀၃
မြင့် · ၁၁၉
ငွေကြေးဗဟိုအာဖရိက ဖရန့် (XAF)
အချိန်ဇုန်WAT (UTC+1)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၄၁
Internet TLD.ga

ဂါဘွန်သမ္မတနိုင်ငံသည် ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ရက်နေ့တွင်လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာသည်။

ဂါဘွန်သမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁ဝ၂,၃၁၇ ရှိပြီး ၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၃ဝဝဝဝ ခန့်ရှိသည်။ ဂါဘွန်သည် ပြင်သစ်အီကွေတာ အာဖရိက နယ်လေးခုအနက် အတိုးတက်ဆုံးနိုင်ငံ ဖြစ်သည်။

ဂါဘွန် သမ္မတနိုင်ငံသည် သစ်တောထူထပ်၍ သစ်လုပ်ငန်းတွင် အာဖရိကတိုက်၌ နာမည်ကျော်ကြားသောနိုင်ငံ ဖြစ်သည်။ အဖိုးတန်သစ်များ ထွက်ရှိသည့်အပြင် မန်းဂနိ၊ ယူရေနီယံနှင့် ရေနံတို့ ထွက်ရှိပြီး နိုင်ငံခြားသို့ တင်ပို့ ရောင်းချသည်။ သီးနှံ စိုက်ပျိုးရေးတွင် ကိုကိုးစပါးငှက်ပျောနှင့် ဆီအုန်းပင်များကို အများအပြား စိုက်ပျိုး၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ခဲ့သည်။ ပြည်တွင်း သွင်းကုန်ထက် ပြည်ပသို့ ကုန်ပိုမိုတင်ပို့နိုင်၍ နိုင်ငံစီးပွားရေး အခြေအနေ ကောင်းမွန်လျက် ရှိသည်။

ဂါဘွန်နိုင်ငံသို့ ၁၄၇ဝ ပြည့်နှစ်လောက်မှ အစပြု၍ ဥရောပတိုက်သားများ ရောက်ရှိ အခြေစိုက်ခဲ့ကြသည်။ ပထမတွင် ပေါ်တူဂီလူမျိုးများ ရောက်ရှိခဲ့ကြပြီး နောက်ပိုင်းတွင် ဒပ်ချနှင့် ပြင်သစ်လူမျိုးများ ရောက်ရှိခဲ့ကြသည်။ ၁၈၈၄-၈၅ ခုနှစ် ဘာလင်မြို့၌ ကျင်းပသော ဥရောပတိုက်နိုင်ငံကြီးများ ကွန်ဖရင့်က ဂါဘွန်ကို ပြင်သစ်ပိုင်နယ်ပယ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

၁၉၈၅ ခုနှစ် နိုင်ဝင်ဘာလ ၂၈ ရက်နေ့တွင် ပြင်သစ် လူမျိုးစု သဟာယအဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသောနိုင်ငံ ဖြစ်လာသည်။ ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင်မူ လွတ်လပ်သော ဂါဘွန်သမ္မတ နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ထိုနှစ်အတွင်းတွင်ပင် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ လက်ရှိသမ္မတအွမ္မဗွန်ဂိုသည် နိုင်ငံတွင်း တစ်ပါတီစနစ်ကို ကျင့်သုံးသည်။ ဗွန်ဂိုသည် ၁၉၆၇ ခုနှစ်တွင် ကွယ်လွန်သူ သမ္မတလီယွန်အမ်ဗာကို ဆက်ခံသူဖြစ်သည်။ နိုဘယ်ဆုရ ဒေါက်တာ အယ်လဗတ် ရွိုက်ဇာသည် ၁၉၁၃ ခုနှစ်မှစ၍ ဂါဘွန်နိုင်ငံ၊ လမ်ဗာရိန်းမြို့၌ ကုဋ္ဌရောဂါသည်များအတွက် ဆေးရုံကို တည်ဆောက်ခဲ့လေသည်။

ကိုးကား

Tags:

ပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဆေးတက္ကသိုလ် (၁) ရန်ကုန်သံဖြူဇရပ်မြို့လိင်ဖြင့်မျိုးပွားခြင်းကျောက်ဖြူမြို့အောင်လဆလုံလူမျိုးမုန့်ဟင်းခါးလက်ဖက်သုပ်ဆင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မြန်မာ့ဝတ်စားဆင်ယင်မှုတီဘီရောဂါအာဆင်နယ်နေ့နံသင်္ခါရတစ်ကိုယ်ရည်အာသာဖြေခြင်းပြည်ထောင်စုနေ့ဂျပန်နိုင်ငံမြန်မာ့တပ်မတော် သမိုင်းကြောင်းတို့ဗမာအစည်းအရုံးပြည်မြို့နယ်သင်္ဃန်းကျွန်းမြို့နယ်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဝဲသျှင်မဟာ သီလဝံသမန္တလေး နန်းတော်ပါရမီမေတ္တေယျဘုရားဂေါတမဗုဒ္ဓအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံရှင်စောပုစမ်းချောင်းမြို့နယ်ရှင်သီဝလိဂါထာပုပ္ပါးတောင်ကလပ်အမျိုးသားစာပေဆုရစာအုပ်စာရင်းစိုင်းထီးဆိုင်ကရမက်အိန္ဒိယနိုင်ငံနေအဖွဲ့အစည်းစောဘဦးကြီးအင်းဆက်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဗမာနိုင်ငံတော်လေယာဉ်ပျံပညာရေးဝန်ကြီးဌာနကဗျာလင်္ကာဒုတိယ ကမ္ဘာစစ်ကျိုင်းတုံခရိုင်မိကျောင်းနိုင်ငံတကာကုန်သွယ်ရေးထိုင်းနိုင်ငံလိင်ဆက်ဆံခြင်းဂူဂယ်ကုန်းဘောင်မင်းဆက်နတ်ပြည် ၆ ထပ်မြန်မာနိုင်ငံရှိ ခရိုင်များမြန်မာနိုင်ငံတောင်သူလယ်သမားနေ့အောင်ခြင်း ၈ ပါးကာဗွန်ဒိုင်အောက်ဆိုက်ရေသည်ပြဇာတ်အောင်သင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဆားသဘာဝဓာတ်ငွေ့သမုဒ္ဒရာမြန်မာနိုင်ငံ၏ အလံများ စာရင်းဝမ်းလျှောခြင်းဂျပန်သမိုင်းသဘာဝပတ်ဝန်းကျင်အိမ်ကချင်လွတ်မြောက်ရေးတပ်မတော်ပါတော်မူခြင်းမြန်မာသရုပ်ဆောင်များစာရင်းပခုက္ကူမြို့ကမ္ဘာ့အလုပ်သမားနေ့အပူချိန်🡆 More