အလံ

အလံ ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ (သို့မဟုတ်) ပြည်နယ်တစ် ပြည်နယ် (သို့မဟုတ်) ဒေသ တစ်ခု (သို့) လူမျိုးစု တစ်စု၏ ကိုယ်ပိုင်အမှတ်အသားနှင့် စိတ်ဓာတ်တို့ကို ပြဆိုသည့် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ တစ်နည်းဆိုရလျှင် မိမိတို့၏ လူမျိုး (သို့မဟုတ်) နယ်မြေအား ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြသသည့် အမှတ်အသားဖြစ်သည် ဟုလည်းဆိုနိုင်သည်။ အလံကို ရှေးယခင်က လူမျိုးစုများ အချင်းချင်းတိုက်ခိုက်ကြကတည်းကပင် စတင်သုံးစွဲသဖြင့် ရှေးအကျဆုံးနိုင်ငံရေး၊ အမျိုးသားရေး အသုံးအဆောင်အဖြစ် သတ်မှတ်နိုင်သည်။ အလံကိုလေ့လာသည့်ဘာသာရပ်ကို အလံဗေဒဟုခေါ်သည်။

အလံ
နိုင်ငံ​ပေါင်းစုံအလံများ
အလံ
မြန်မာနိုင်ငံအလံ

အလံဟူသည်မှာ ရည်ရွယ်ချက်တစ်ခုခု၊ သို့မဟုတ် အကြောင်းရင်းတစ်ခုခု၊ သို့မဟုတ် အကြောင်း တစ်ခုခုအတွက် အမှတ်အသား၊ သို့မဟုတ် အထိမ်းအမှတ်အဖြစ် အသုံးပြုကြသော ရောင်စုံခြယ်ပိတ်စမျိုး ဖြစ်သည်။ အလံဟူသောစကားမှာ လေထဲ၌ လှုပ်ရှားနေသည့်အရာဟူ၍ အဓိပ္ပာယ်ရ၏။

နိုင်ငံတစ်နိုင်ငံ၏ အလံတော်သည် ထိုနိုင်ငံကို ကိုယ်စားပြုသော သဘောရှိသည်။ နိုင်ငံ၏ အချုပ်အခြာ သဘောကိုလည်း ဆောင်သည်။ လွတ်လပ်သော လက္ခဏာကိုလည်း ပြသည်။ နိုင်ငံမှာ လွတ်လပ်ရေး ပျောက်ကွယ်သွားပါလျှင် အချုပ်အခြာ အာဏာလည်း ပျက်သုဉ်းသွားမည်။ နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်လည်း ပျောက်ကွယ် ပျက်သုဉ်းသွား၏။

ထို့ပြင် အလံသည် သမိုင်းကိုလည်း ဖွင့်လှစ်ရှင်းလင်းသည်။ ခရူးဆိတ် စစ်ပွဲများ တိုက်ခိုက်ကြစဉ်က ခရစ်ယာန်နိုင်ငံများဘက်မှ လက်ဝါးကပ်တိုင်ပုံပါသော အလံများကို သုံးစွဲကြရာမှ ယနေ့ အနောက်နှင့် မြောက်ဘက် ဥရောပနိုင်ငံ အတော်များများ၏ အလံများမှာ လက်ဝါးကပ်တိုင်ပုံပါဝင်နေခဲ့သည်။

အရောင်အဆင်းနှင့် ပတ်သတ်၍လည်း နိုင်ငံနှင့် လူမျိုး၏ စရိုက်နှင့် အုပ်ချုပ်သူအစိုးရ၏ မူဝါဒတို့ကို ဖော်ညွှန်းသည်။ ဥပမာ- ကွန်မြူနစ်နိုင်ငံများသည် များသောအားဖြင့် အနီရောင်ရင့်ရင့်ကို အောက်ခံအဖြစ်ထားရှိလေ့ရှိကြသည်။

အမျိုးသားအလံ (ဝါ) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံ အတွက် အမှတ်အသားကြီးတစ်ခု ဖြစ်၏။ ဘုရင်အတွက် အမှတ်အသား၊ တက္ကသိုလ်ကျောင်း၏ အမှတ်အသား၊ စစ်တပ်၏အမှတ်သား၊ အယူဝါဒဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှတ်အသား၊ အချက်ပြရန် အမှတ်အသား စသည်ဖြင့် အကြောင်းခံ အမျိုးမျိုးကိုပြရန် ပြုလုပ်ထားသော အခြားအလံပေါင်းများစွာလည်း ရှိသည်။ ယခုခေတ် နိုင်ငံတိုင်း၌ရှိသော အမျိုးသားအလံ (ဝါ) နိုင်ငံတော် အလံ အသီးအသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန် အလို့ငှာ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင်ဆီလျော်စွာ သတ်မှတ် ပြဋ္ဌာန်းထားသည့် အလံများဖြစ်၏။ နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊ နိုင်ငံသူနိုင်ငံသား၊ နိုင်ငံအစိုးရနှင့် ထိုအစိုးရ၏ ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ လူအများပင် မိမိတို့နှင့် သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ အသရေမညှိုးရလေအောင် ကာကွယ်စောင့်ရှောက် ယင်း အသက်စွန့်ခဲ့ကြပြီး ဖြစ်သည်။ မိမိနိုင်ငံ၏ အလံကို ဂုဏ်ပြုရန်မှာ နိုင်ငံသားတိုင်း၏ အရေးကြီးသော တာဝန်တစ်ရပ် ဖြစ်လေသည်။

အလံ
သုံးမြှောင့်အလံ (ရှေးအခေါ် တံခွန်ကြက်လျှာ)
အလံ
အလံ (ရှေးအခေါ် တံခွန်ပြား)

ဆက်စပ်လေ့လာရန်

ကိုးကား

Tags:

နိုင်ငံအလံဗေဒ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂုဏ်တော်ကွန်ချာပဲခူးမြို့ပြည်မြို့ချဉ်ပေါင်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ခန္ဓာဗေဒဆောင်းရာသီဂုဏ်ဆယ်ပါးစိုင်းထီးဆိုင်မော်လမြိုင်မြို့ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ခေါင်းပေါင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပညာရေးမြန်မာနိုင်ငံရှိ ခရိုင်များဂျူးဘာသာမွန်ဘာသာစကားရုရှားနိုင်ငံညောင်ရေသွန်းပွဲဆေးခြောက်ခြင်းလုံး ကစားခြင်းကိန်းပညာရေးဝန်ကြီးဌာနတောင်တွင်းကြီးမြို့ဘုရင့်နောင်ဣန္ဒြေမွန်လူမျိုးတပ်မဟာ၉၉၉ကျိုက်ထီးရိုးဘုရားလောက်ကိုင်မြို့နတ်စောမောင် (ဗိုလ်ချုပ်မှူးကြီး)ပထဝီဝင်ကင်ဆာရောဂါသက်ရင်းကြီးပင်အိချောပိုခန္ဓသုတ်အဘိညာဉ်ခရမ်းလွန်ရောင်ခြည်အောင်လအန်ဆန်းနာဇီဂျာမနီတိုကျိုမြို့ဩကာသ ဘုရားရှိခိုးဗေဒင်ဒီမိုကရေစီရွှေသိမ်တော်ဘုရား (ကျောက်ဆည်)အာရှနိုင်ငံများခန္ဓာငါးပါးမြန်မာတိုင်းရင်းသားမျိုးနွယ်များမြန်မာ့ အစားအစာအဲလ်ဘတ် အိုင်းစတိုင်းချောင်းသာကမ်းခြေဗျည်းဥရောပ သမဂ္ဂပုပ္ပါးတောင်နီပေါနိုင်ငံနတ်ပင့်ဂါထာယာဘတပ်မတော် (ကြည်း)အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်Minecraftဟော်မုန်းစစ်တက္ကသိုလ် (ပြင်ဦးလွင်)ပုဂံကမ္ဘာ့အလုပ်သမားနေ့လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များကွန်မြူနစ်ဝါဒသမုဒ္ဒရာဟံသာဝတီသင်္ချာလွှမ်းပိုင်သာယာဝတီမင်းရာသီဥတုပြောင်းလဲမှုအသည်းရောင် အသားဝါ ရောဂါ ဘီပိုးယဉ်ကျေးမှုအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ🡆 More