ချန်မာဖီ

ချန်မာဖီ ( တရုတ်: 曾廣庇 ) (၁၈၄၈-?) သည် မြန်မာနိုင်ငံသား၊ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်နှင့် ပရဟိတသမား ဖြစ်သည်။

ချန်မာဖီ
ချန်မာဖီ
ချန်မာဖီ
မွေးဖွားအမွိုင်, တရုတ်
နိုင်ငံလူမျိုးHoklo Chinese
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမား
သားသမီးချန်ချောခိုင်, ချန်ချောပိုင်, ချန်ချောလှိုင်

ငယ်ဘဝ

ချန်မာဖီကို ၁၈၄၈ ခုတွင် တရုတ်နိုင်ငံ၊ ဖူကျန်းပြည်နယ်၊ အမွိုင်၌ မွေးသည်။ ဖခင်မှာ လယ်သမားကြီး ချန်အီရှင်း ဖြစ်သည်။

မြန်မာပြည် ရောက်လာခြင်း

အသက် ၂၂ နှစ်အရွယ်တွင် ပီနန်သို့ ထွက်လာကာ စင်္ကာပူဆိပ်၌ အလုပ်လုပ်သည်။ ၁၈၇၂ ခုတွင် ရန်ကုန်ပြောင်းလာပြီး ငှက်ခတ်သည်။ ဒေးဒရဲမှ သူကြီး ဦးအောင်ဘက ယုံမှတ်သဖြင့် လူယုံမွေးရာ ဆန်လှေများကို ကြီးကြပ်ရသည်။

၁၈၈၃ ခုတွင် တိတ်လျောင်ကုမ္ပဏီကို ရန်ကုန်တွင် တည်သည်။ ရေနံ၊ ဆန်နှင့်ဆေးရွက်ကြီး အသွင်းအပို့လုပ်သော လုပ်ငန်းဖြစ်သည်။ နောက် တရုတ်မီးသင်္ဘောကုမ္ပဏီ ဒါရိုက်တာ ဖြစ်လာသည်။ ၁၈၉၄-၉၉ ကာလတွင် ဆန်ရောင်းဝယ်ရေး၌ အရေးပါသူအဖြစ် ထင်ရှားသည်။

ရန်ကုန်၏ အကြီးဆုံး မြေရှင်ဖြစ်ပြီး ဝင်ဒါမီယာ (ယခု သံလွင်လမ်း) တွင် မြေ ၉၉ ကွက် ပိုင်ဖူးသည်။ သို့သော်လည်း စံအိမ်မှာ အလုံ၌ ရှိပြီး ထိုအိမ်သွားရာလမ်းကို ချန်မာဖီလမ်း တွင်သည်။

လူမှုအသိုင်းအဝိုင်းအလိုက် ခွဲခြားနေထိုင်ကြသည့် ရန်ကုန်တွင် တရုတ်အသိုင်းအဝိုင်းကို ကျော်ကာ အဆက်အသွယ် များစွာရှိသည့် ထင်ရှားသောပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

မိသားစုဘဝ

ဦးအောင်ဘ၏သမီး အေးမြနှင့် လက်ထပ်ရာ ချန်ချောခိုင်၊ ချန်ချောပိုင်၊ ချန်ချောလှိုင် ဟူသော သား ၂ ယောက်၊ သမီး ၁ ယောက် ရသည်။

ပရဟိတလုပ်ငန်း

ချန်မာဖီနှင့် ဒေါ်အေးမြတို့ ရွှေတိဂုံဘုရားတွင် တန်ဆောင်းလှူသည်။ မာဖီယားတန်ဆောင်း တွင်သည်။ ရွှေတိဂုံဘုရား တပေါင်းပွဲတွင်လည်း စတုဒီသာ လုပ်သည်။

ဟွာကျုံး တရုပ်အထက်တန်းကျောင်း (နောက် အမှတ် ၃ ဒေသကောလိပ်၊ ယခု အမှတ် (၃) အစိုးရအထက်တန်းကျောင်း ကြည့်မြင်တိုင်) ဆောက်လှူသည်။

တရုပ်တန်း၌ ချိန်ဖူကုန်း ဖူကျင်းကွမ်ရင်ဘုရားကျောင်း လှူသည်။

၁၉၀၃ ခုတွင် ရန်ကုန် ဟုတ်ကိန်အသင်း၏ ပင်မအလှူရှင် ဖြစ်သည်။

အလုံ၌ ချန်မာဖီဆေးရုံ ဆောက်ပေးသည်။

ပီနန်၌လည်း တရုပ်ဘုရားကျောင်းများ ဆောက်လှူသေးသည်။

ကိုးကား

Tags:

ချန်မာဖီ ငယ်ဘဝချန်မာဖီ မြန်မာပြည် ရောက်လာခြင်းချန်မာဖီ မိသားစုဘဝချန်မာဖီ ပရဟိတလုပ်ငန်းချန်မာဖီ ကိုးကားချန်မာဖီတရုတ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မိုင်တဲလ် မြန်မာရှမ်းပြည်တပ်မတော်-တောင်ပိုင်းအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသဝီကီပီးဒီးယားကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစေတီပုထိုးများငါးပါးသီလပြည်သူ့ခုခံတော်လှန်စစ်ပြဇာတ်မြန်မာအက္ခရာသမိုင်းကရင် အမျိုးသား အစည်းအရုံးရိုဟင်ဂျာမြတရားဂုဏ်တော်ဘာသာစကားမြန်မာပန်းချီတရားနရသီဟပတေ့ဒူဘိုင်းမြို့ပြည်ထဲရေး ဝန်ကြီးဌာနဗောဇ္ဈင်ခုနစ်ပါးရှမ်းဘာသာစကားကြွက်တက်ခြင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဖျားနာခြင်းဟင်္သာတမြို့ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များစကားပုံမြန်မာ့ ပထမဆုံးများမင်းပြားမြို့ကလေးမြို့မိကျောင်းတိုင်းစစ်ဌာနချုပ်ဂျူး (စာရေးဆရာမ)နို့တရုတ်စံကားအာရှတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဇာတ်ကြီးဆယ်ဘွဲ့အောင်လံမြို့ညောင်ရေသွန်းပွဲဗဟိုစာမျက်နှာစေတသိက်အာဆင်နယ်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းအော်ကာဆီးချိုရောဂါလက္ခဏာများခင်ညွန့် (ဗိုလ်ချုပ်ကြီး)မြန်မာနာမည်ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမိုးကုတ်တရားမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအညာကမ္ဘာ့လေထုနေပြည်တော်မြို့ကချင်လူမျိုးတပ်မတော် (ကြည်း)ကွမ်းခြံကုန်းမြို့ဂျီသရီးရိုင်ဖယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှားစောင်းလက်ပတ်ပင်ရဲယိုပင်ည (ရုပ်ရှင်)ကုန်းဘောင်ခေတ်ကနောင်မင်းသားမြန်မာနိုင်ငံ၏ ပထဝီဝင်ယေရှု ခရစ်တော်အနတ္တလက္ခဏသုတ်မြန်မာနိုင်ငံရှိ ပွဲတော်များချဉ်ပေါင်ပရိတ်ကြီး ၁၁ သုတ်ရေမွန်ဗောဇ္ဈင်္ဂသုတ်🡆 More