ကျိကော်ပြောင်း Ji Guobiao (တရုတ်: 季国标; ၁၉၃၂ မတ် ၁ - ၂၀၁၉ စက်တင်ဘာ ၅)သည် တရုတ်အင်ဂျင်နီယာနှင့် တရုတ်အင်ဂျင်နီယာသင်တန်းကျောင်း၏ ဂုဏ်ထူးဆောင် ဖြစ်သည်။ သူသည် တရုတ်ပြည်တွင် ဓာတုဖိုင်ဘာအင်ဂျင်နီယာနည်းပညာ၏ စွန့်ဦးလမ်းဖောက်သူ ဖြစ်သည်။
ကျိကော်ပြောင်း | |||||||
---|---|---|---|---|---|---|---|
မွေးဖွား | 1 March 1932 Wuxi]], Jiangsu, China | ||||||
ဆုံးပါး | ၅ စက်တင်ဘာ၊ ၂၀၁၉ Beijing, China | (အသက် ၈၇)||||||
နိုင်ငံလူမျိုး | Chinese | ||||||
နယ်ပယ် | Chemical fiber engineering | ||||||
အဖွဲ့အစည်းဌာန | Chinese Academy of Engineering (CAE) | ||||||
မိခင်ကျောင်း | Shanghai Jiao Tong University Donghua University | ||||||
တရုတ်အမည် | |||||||
ရိုးရာ တရုတ် | 季國標 | ||||||
ရိုးရှင်းသော တရုတ် | 季国标 | ||||||
|
ကျိကို ၁၉၃၂ မတ်တွင် ကျန်းစုပြည်နယ်၊ ဝူရှီးမြို့၌ မွေးသည်။ တုံးလင်အကယ်ဒမီနှင့် ဖူရဲင်အထက်တန်းကျောင်းတွင် ပညာသင်ယူသည်။ ၁၉၄၉ ရှန်ဟိုင်းလွတ်မြောက်သွားပြီးနောက်၊ ရှန်ဟိုင်း ကျောင်းထုံးတက္ကသိုလ်က လက်ခံပြီး၊ သူသည် စက်မှုစီမံဌာနနှင့် အထည်အလိပ်ဆေးရိုးပန်းရိုက် ဓာတုစက်ရုံဌာနတွင် အထူးပြုမေဂျာယူသည်။ ၁၉၅၁ တွင် စက်ရုံချိန်ညှိရာ၊ အရှေ့တရုတ် အထည်အလိပ်သိပ္ပံနှင့် နည်းပညာကောလိပ်သို့ ပြောင်းရွှေ့ကျောင်းသားအဖြစ် တက်ရောက်ရသည်။ ထိုကောလိပ်မှာ ယခုအခါ တုံးဟွာတက္ကသိုလ် ဖြစ်သည်။ တက္ကသိုလ်တက်နေစဉ်၊ ဒီမိုကရက်တစ် လူငယ်ပါတီသစ်သို့ ဝင်ရောက်ခဲ့သည်။
တက္ကသိုလ် ပြီးနောက်၊ ချင်းတောင် ပုံနှိပ်နှင့် ဆေးဆိုးပန်းရိုက် စက်ရုံ (青岛印染厂) ၌ အလုပ်ဝင်သည်။ အလုပ်လုပ်စဉ်၊ ဓာတုဖိုင်ဘာနှင့် ပတ်သက်သည့် ကျွမ်းကျင်အသိပညာကို သူ့ဘာသာ လေ့လာသည်။ ၁၉၅၄ တွင် တရုတ်ကွန်မြူနစ်ပါတီထဲ ဝင်သည်။ ထိုနှစ်မှာပင် အစိုးရစရိတ်ဖြင့် နိုင်ငံခြားပညာတော်သင် စေလွှတ်ခံရသည်။ တရုတ်ပြည် ပြန်ရောက်လာသော်၊ ပေါင်တင့် ဓာတုဖိုက်ဘာစက်ရုံ(保定化纤厂)တွင် နည်းပညာခန်း၏ ဒါရိုက်တာဖြစ်လာသည်။ ၁၉၅၈ ဆောင်းဦးတွင် ဓာတုပညာရှင် ဟိုတဲပန်းနောက် လိုက်သွားပြီး ဂျပန်မှာ မြေဩဇာနှင့် ဖိုင်ဘာထုတ်လုပ်သည့် နည်းပညာကို လေ့လာသည်။ ၁၉၆၃ တွင် လက်ထောက်အင်ဂျင်နီယာချုပ်အဖြစ် နန်ကျင်း ဓာတုဖိုင်ဘာစက်ရုံ(南京化纤厂)သို့ ပြောင်းရွှေ့ခံရသည်။
၁၉၆၅ တွင် လန်ကျိုးဓာတုဖိုင်ဘာစက်ရုံ(兰州化纤厂) တည်ဆောက်ရာ၌ ကူညီသည်။ ယူကေတွင် အလင်းမှီဖိုင်ဘာထုတ်လုပ်သော နည်းပညာကို လေ့လာပြီးနောက် လက်ထောက်အင်ဂျင်နီယာချုပ်အဖြစ် ခန့်အပ်ခံရသည်။ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်ပွားရာ၊ စစ်ကြောခံရသည်။ သူ နိုင်ငံရေးထဲ ဝင်သည့် ၁၉၇၃ တွင် အထည်အလိပ်စက်ရုံနှင့် ဝန်ကြီးဌာနMinistry of Textile Industry သို့ ပြောင်းရွှေ့ခံရသည်။ ၁၉၇၈ တွင် ယီကျိန်းဓာတုဖိုင်ဘာ တည်ဆောက်ရာ၌ ဒုဗိုလ်မှူးနှင့် အင်ဂျင်နီယာချုပ်အဖြစ်နှင့် ကူညီသည်။ ၁၉၈၀ တွင် အထည်အလိပ်စက်မှုဝန်ကြီးဌာန၏ ဓာတုဖိုင်ဘာဌာန ဒါရိုက်တာအဖြစ် ခန့်အပ်ခံရသည်။ ၁၉၈၄ တွင် ဒုဝန်ကြီးအဖြစ် ရာထူးတိုးသည်။ ၁၉၉၄ တွင် တရုတ်အင်ဂျင်နီယာ အကယ်ဒမီသင်တန်းကျောင်း(CAE)၏ ဂုဏ်ထူးဆောင်အဖြစ် ရွေးကောက်ခံရသည်။ ၂၀၀၃ ဒီဇင်ဘာတွင်၊ တုံးဟွာတက္ကသိုလ်က မော်ဒန်အထည်အလိပ်ကောလိပ်ကို ထူထောင်ရာ၊ ကျိသည် ထိုကောလိပ်၌ ပထမဆုံးသော ပါမောက္ခချုပ် ဖြစ်လာသည်။
သူသည် ၂၀၁၉ စက်တင်ဘာ ၅ တွင် ပေကျင်း၌ အသံအိုးကင်ဆာ(လည်မြိုကင်ဆာ laryngeal cancer)ဖြင့် ကွယ်လွန်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ကျိကော်ပြောင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.