အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် လပခ) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတောင်ပိုင်းနှင့် ၎င်းတို့နှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ တိုင်းစစ်ဌာနချုပ်ရုံးမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် နန်းတွင်းတွင်တည်ရှိပြီး၊ လက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ကြည်ခိုင် ဖြစ်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
လပခ
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ
တပ်မတော်
အမျိုးအစား
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ထင်းရှူးပင် (လပခ၏ ယခင်တံဆိပ်မှာ ထင်ရှူးပင်ဖြစ်သည်)
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ် ကြည်ခိုင်
အဆောင်အယောင်များ
အလံတော်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

သမိုင်း​

၁၉၆၁ခုနှစ်မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်၊အလယ်ပိုင်း၊အရှေ့တောင်၊အနောက်တောင်၊အရှေ့ပိုင်းဟူ၍ ၅ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မင်္ဂလာဒုံတွင် အခြေစိုက်သည်။ ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စိန်ဝင်းဖြစ်သည်။ နောက်ပိုင်းတွင် တောင်ငူသို့ ပြောင်း၍ အခြေစိုက်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။

ဖွဲ့စည်းပုံ

စစ်ဗျူဟာများ

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များ

အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်

အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်

အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

အောက်ပါတို့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်တိုင်းမှူးများဖြစ်သည်။

  • ဗိုလ်မှူးချုပ် စိန်ဝင်း
  • ဗိုလ်မှူးကြီး ခင်အုန်း
  • ဗိုလ်မှူးကြီး ရန်နောင်စိုး
  • ဗိုလ်မှူးချုပ် အေးသောင်
  • ဗိုလ်ချုပ် စိုးမြင့်
  • ဗိုလ်ချုပ် ထွန်းကြည်
  • ဗိုလ်ချုပ် ကျော်သန်း
  • ဗိုလ်ချုပ် ရဲမြင့် (ကြီး)
  • ဗိုလ်မှူးချုပ် ရဲမြင့် (လေး)
  • ဗိုလ်ချုပ် ခင်​ဇော်
  • ဗိုလ်ချုပ် တင်ငွေ
  • ဗိုလ်ချုပ် ရဲအောင်
  • ဗိုလ်ချုပ် စိုးထွဋ်
  • ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်
  • ဗိုလ်ချုပ် ကျော်စွာလင်း
  • ဗိုလ်ချုပ် ကိုကိုဦး
  • ဗိုလ်ချုပ် ကြည်ခိုင်

ကိုးကား

နောက်ထပ်ကြည့်ရန်

Tags:

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သမိုင်း​အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဖွဲ့စည်းပုံအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုးကားအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နောက်ထပ်ကြည့်ရန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော် တိုင်းစစ်ဌာနချုပ်များမန္တလေး နန်းတော်မန္တလေးမြို့အောင်မြေသာစံမြို့နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂဠုန်ဦးစောအောင်ချိမ့်မြန်မာ့အလင်း သတင်းစာစင်ကာပူနိုင်ငံသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အဘိညာဉ်မြန်မာစာပေမဲဇာတောင်ခြေ ရတုခရမ်းရင့်ရောင်XVideosကယန်းလူမျိုးဖရဲပင်ဗြိတိသျှအင်ပါယာစစ်ကိုင်းတိုင်းဒေသကြီးကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနန်းလုံးကြိုင်ငွေမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကုန်းဘောင်မင်းဆက်စေတသိက်အမ်မီနမ်ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂အလက်ဇန္ဒား ဟာမီတန်၂၄ ပစ္စည်းလွှမ်းမိုးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)လီယွန်နယ် မက်ဆီရေမြန်မာ-အင်္ဂလိပ် အဘိဓာန်ခန္ဓသုတ်ဆီးချိုရောဂါကိန္နရာအကချောင်းသာကမ်းခြေအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ကာမေသုမိစ္ဆာစာရဥသျှစ်ပင်မြေပုံခန့်စည်သူကျိုက်ထီးရိုးဘုရားခြင်းလုံးဂျာနယ်ကျော် မမလေးလေးဖြူမဟော်သဓာဇာတ်တော်လူ့အခွင့်အရေးညစ်ညမ်းခြင်းများမိုးကုတ်တရားအသံကမ္ဘာ့အမွေအနှစ်နေရာထားဝယ်မြို့အောင်ခြင်း ၈ ပါးဒိုင်အာခီမြဝင်းဦးခမာလူမျိုးမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အာဠာဝကဘီလူးရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမိမိကိုယ်ကို သတ်သေခြင်းတရုတ်-ထိုင်း ဆက်ဆံရေးတရားမြသန်းတင့်လိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)ကွန်တိုမျဉ်းမွန်ဘာသာစကားအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်အရှေ့တီမောနိုင်ငံမြန်မာ့ပြည်တွင်းပဋိပက္ခများမြန်မာတိုင်းရင်းသားမျိုးနွယ်များရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းပုလွေမှုတ်ခြင်းစအိုဖြင့် လိင်ဆက်ဆံခြင်းအောင်လံမြို့ဂြိုဟ်သေမင်းတမန် ရထားလမ်းသွေးလွန်တုပ်ကွေး🡆 More