တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် တပခ) သည် ကေတုမတီမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ကြည်သိုက်ဖြစ်သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
တပခ
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံတောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ
တပ်မတော်
အမျိုးအစား
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်တောင်ငူသား၊ ကေတုမတီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ် ကြည်သိုက်
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ခိုင်ချို
အဆောင်အယောင်များ
အလံတော်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

သမိုင်း

၁၉၄၈ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်တွင် တပ်မတော်၌ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် ၂ခုသာရှိခဲ့သည်။ ထိုစဉ်က တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ် စောကြာဒိုးဖြစ်သည်။၁၉၄၈ခုနှစ် ၄လပိုင်းတွင် စစ်ဦးစီးချုပ်ရုံး (စစ်ရုံး)ကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်တွင် တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ် အောင်သင်းဖြစ်သည်။၁၉၄၉ခုနှစ် ရောင်စုံသူပုန်ထကြွချိန်တွင် တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ် ကျော်ဇောဖြစ်သည်။ ၁၉၅၃ ခုနှစ် ကူမင်တန်အရေးတွင် တောင်ပိုင်းမှ ဗိုလ်မှူးချုပ် ကျော်ဇောအား မြောက်ပိုင်းသို့ရွှေ့ကာ မြောက်ပိုင်းမှ ဗိုလ်မှူးချုပ် အေဒီဘလိတ်မှာ တောင်ပိုင်းရောက်လာခဲ့သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရဖွဲ့စည်းချိန်တွင် တောင်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်အောင်ရွှေဖြစ်သည်။ ၁၉၆၀ ရွေးကောက်ပွဲအပြီး ၁၉၆၁ ခုနှစ်တွင် ဗိုလ်မှူးချုပ် အောင်ရွှေကို ထုတ်ပယ်လိုက်ကာ ၎င်းနေရာတွင် ဗိုလ်မှူးချုပ် စိန်ဝင်းကို ခန့်ထားလိုက်သည်။

၁၉၆၀ ရွေးကောက်ပွဲအပြီး အာဏာပြန်လွှဲပြီးချိန်ဖြစ်သော ၁၉၆၁ ခုနှစ်တွင် တပ်မတော်ကို အင်အားတိုးချဲ့သည့်အနေဖြင့် တောင်နှင့် မြောက် စစ်တိုင်း(၂)ခုအား နမခလပခရတခနတခနှင့် ရပခ ဟူ၍ စစ်တိုင်း(၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)

အခြေချ စစ်ဗျူဟာအဖွဲ့(ရွှေကျင်)

အမှတ်(၁)စစ်ဗျူဟာအဖွဲ့

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ (လိပ်သို)

အမှတ်(၃)စစ်ဗျူဟာအဖွဲ့

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များ

အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်မှူးချုပ် စိုးထွဋ်
  • ဗိုလ်ချုပ် ထိန်ဝင်း
  • ဗိုလ်မှူးချုပ် ကြည်သိုက်

ကိုးကား

နောက်ထပ်ကြည့်ရန်

Tags:

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သမိုင်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဖွဲ့စည်းပုံတောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များတောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများတောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုးကားတောင်ပိုင်းတိုင်းစစ်ဌာနချုပ် နောက်ထပ်ကြည့်ရန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကေတုမတီမြို့တပ်မတော် တိုင်းစစ်ဌာနချုပ်များ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဟင်္သာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအရိုးကိုယ်ဝန်ဖျက်ချခြင်းပေပင်ဇာမဏီလစ်ဗျားနိုင်ငံဇဏ်ခီသားအိမ်မြန်မာ့ရိုးရာ ကစားနည်းပြည်မြို့မဟာဗန္ဓုလဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကျေးရွာအုပ်စုရက္ခိုင့်တပ်တော်မော်စီတုန်းမြန်မာနိုင်ငံရှိ ပွဲတော်များကရင်ပြည်နယ်မော်လမြိုင်မြို့နယ်ဘားအံမြို့အာဖရိကလများ (အချိန်အတိုင်းအတာ)ရေမဟာမုနိ (ရခိုင်ပြည်)ခင်ဝင့်ဝါပြည်ထောင်စုနေ့ကားဂျပန်ကိုလိုနီခေတ်နတ်ပြည် ၆ ထပ်မွန်ဂိုမဟာဘုတ်သက်ရှိဂုဏ်ဆယ်ပါးအက်တမ် အမှတ်စဉ်နွားမဲခေါင်မြစ်ကူးစက်တတ်သည့် ရောဂါများပျားကြူကြူလှဒိုင်အာခီကျောက်ကပ်ဟာဝိုင်ယီပြည်နယ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဘာသာစကားခါကာဘိုရာဇီသန်လျင် မင်းကျောင်းဆရာတော်နဝရတ် ကိုးပါးဝ လူမျိုးထားဝယ်လူမျိုးဓမ္မစကြာသုတ္တန်တောင်တရုတ်ပင်လယ်နေအဖွဲ့အစည်းမြန်မာပိတောက်ရာသီခွင်ယူဂန်ဒါနိုင်ငံဗေဒင်စက်ဘီးအဋ္ဌာရသ ၁၈ ရပ်ငါးရာငါးဆယ်ဇာတ်တော်များစာရင်းဗဟိုစာမျက်နှာမံစီမြို့အစ္စလာမ်ဘာသာရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းရာမာယဏအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ငလျင်လှုပ်ခြင်းဒူဘိုင်းမြို့အရေပြားလေးဘက်နာရောဂါအဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)ကနောင်မင်းသားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန🡆 More