ဂျပန်ကိုလိုနီခေတ်

ဂျပန် ကိုလိုနီခေတ်ဆိုသည်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်စိုးခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်အဖြစ် အုပ်စိုးနေသည့် ဗြိတိသျှတို့အား မောင်းထုတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရနိုင်ရန် မျှော်လင့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် စစ်သင်တန်းတက်ရောက်ရန် ဂျပန်သို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့သည်။ ဂျပန်တို့က ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဗမာ့ လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအင်အေတပ်ကို ဦးဆောင်၍ မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဂျပန်ကျူးကျော်သူများအား တိုက်ထုတ်ခဲ့လေသည်။ နောက်အကျိုးဆက် အနေဖြင့် ဗြိတိသျှနှင့် မြန်မာအကြား လွတ်လပ်ရေးအတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်။


ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Tags:

ထိုင်းနိုင်ငံဒုတိယ ကမ္ဘာစစ်ဘန်ကောက်မြို့ရဲဘော်သုံးကျိပ်အောင်ဆန်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေကြာမိုနာလီဆာအယ်လ်ဇိုင်းမား ရောဂါအားကစားစနေဂြိုဟ်မြန်မာနိုင်ငံ၏ သမ္မတမဟာရဋ္ဌသာရ၊ သျှင်မောင်မောင်အေးဂေါ်ရင်ဂျီကျွန်းအောင်လသောမတ်စ် ဂျက်ဖာဆင်ဆေးလိပ်သိမ်ဆွစ်ဇာလန်နိုင်ငံအောင်လအန်ဆန်းမြန်မာ-အင်္ဂလိပ် အဘိဓာန်မိမိကိုယ်ကို သတ်သေခြင်းထိုင်းလူမျိုးလိင်မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမာရ်ငါးပါးဒူဘိုင်းမြို့ကြယ်မြန်မာကျပ်ငွေဆေးခြောက်တပင်ရွှေထီးဆယ်ပါးသီလလူ့အခွင့်အရေး သမိုင်းကြောင်းမြန်မာသဒ္ဒါဘုရားဂုဏ်တော်တတိယ အင်္ဂလိပ် - မြန်မာစစ်အရှေ့တောင်အာရှလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဗန်းစကားမြန်မာ့ရှေ့ဆောင်ဘဏ်လိပ်မယ်လိုဒီမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းနေရောင်ခြည်စွမ်းအင်ချင်းပြည်နယ်မိန်းမ မျိုးပွားအင်္ဂါသဒ္ဓါ၃၁-ဘုံစဝ်ကြာဆိုင်အပူချိန်ကော့ကရိတ်မြို့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသင်္ကြန်မိုးသတိပဋ္ဌာန်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စိတ်ချရသော လိင်ဆက်ဆံမှုလမ်းမတော်ဖိုးတုတ်နေဝင်း (ဗိုလ်ချုပ်ကြီး)အရိုးကျွန်းနက်မုံရွာမြို့ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်ခေတ်စမ်းစာပေလိင်မှတဆင့် ကူးစက်တတ်သော ရောဂါမွန်လူမျိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ငှက်ကြီးတောင်ဓားဗုဒ္ဓရခိုင်လူမျိုးရဲလွှမ်းမိုးတေလာ ဆွစ်ဖ်ဇာတာသိပ်သည်းခြင်းကျောက်တံခါးမြို့နယ်ညောင်ရေသွန်းပွဲစာပေ🡆 More