နေပြည်တော်တိုင်းစစ်ဌာနချုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ် (အတိုကောက် နပတ) သည် ပျဉ်းမနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်​စောသန်းလှိုင် ဖြစ်သည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်
နပတ
နေပြည်တော်တိုင်းစစ်ဌာနချုပ်
နေပြည်တော်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံနေပြည်တော်တိုင်းစစ်ဌာနချုပ် မြန်မာ
တပ်မတော်
အမျိုးအစား
နေပြည်တော်တိုင်းစစ်ဌာနချုပ် တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ဂျိုကာအပြာ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ်​စောသန်းလှိုင်
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ကျော်စိုးဦး
အဆောင်အယောင်များ
အလံတော်နေပြည်တော်တိုင်းစစ်ဌာနချုပ်

သမိုင်း

၁၉၆၁ ခုနှစ် မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်း နှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်အလယ်ပိုင်းအရှေ့တောင်အနောက်တောင်အရှေ့ပိုင်းဟူ၍ (၅)ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၌ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။

ဖွဲ့စည်းပုံ

နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ/ ခမရ (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ (၃)ရင်း

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်ချုပ် ​မောင်​မောင်​အေး (ယခု ဗိုလ်ချုပ်ကြီး-ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေလေ))
  • ဗိုလ်ချုပ် မိုးမြင့်ထွန်း
  • ဗိုလ်ချုပ် မြင့်​မော် (ယခု ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)
  • ဗိုလ်ချုပ် ​သောင်းထိုက်​ရွှေ
  • ဗိုလ်ချုပ် ဇော်ဟိန်း
  • ဗိုလ်မှူးချုပ် ဝေလင်း (ယခင် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး)
  • ဗိုလ်ချုပ် ​စောသန်းလှိုင်


ကိုးကား

နောက်ထပ်ကြည့်ရန်

Tags:

နေပြည်တော်တိုင်းစစ်ဌာနချုပ် သမိုင်းနေပြည်တော်တိုင်းစစ်ဌာနချုပ် ဖွဲ့စည်းပုံနေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများနေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုးကားနေပြည်တော်တိုင်းစစ်ဌာနချုပ် နောက်ထပ်ကြည့်ရန်နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်မတော် တိုင်းစစ်ဌာနချုပ်များပျဉ်းမနားမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

ပထဝီဝင်ဘိုလီးဗီးယားနိုင်ငံဂျီမေးလ်မြန်မာကျပ်ငွေမြန်မာစာစတင်ဖြစ်ပေါ်လာပုံမြန်မာဝီကီပီးဒီးယားတက္ကသိုလ်ဘုန်းနိုင်ရွှေစာရံ စေတီတော် (သထုံ)ကိန္နရာအကမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ထိုင်းနိုင်ငံ၏ ပြည်နယ်များပလောင်လူမျိုးရွှေဘိုမြို့ဆားဝ လူမျိုးဒွေးဘီလူးချစ်ပို၊ မ၊ သူရအလောင်းမင်းတရားဇေယျာသော်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ထားဟစ်တလာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဂဠုန်ဦးစောမြန်မာ သက္ကရာဇ်ဒူဘိုင်းမြို့ကျန်စစ်သားသောတာပန်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ရှင်သီဝလိဂါထာရန်ကုန်တက္ကသိုလ်ဗဒုံမင်းတိရစ္ဆာန်ဘရာဇီးနိုင်ငံကူဗလိုင်ခန်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မြန်မာ့ လက်ဝှေ့ရာသီဥတုမင်္ဂလာတရား ၃၈-ပါးတင်မိုးကနေဒါနိုင်ငံတားရော့ပညာမြန်မာ့တော်လှန်ရေးမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလေးမြို့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမြန်မာ့ရိုးရာ ကစားနည်းမြန်မာအက္ခရာရှင်ပြုခြင်းမင်းသုဝဏ်မြန်မာနိုင်ငံရှိ မြို့နယ်များသီလမုန့်လုံးရေပေါ်မြန်မာနိုင်ငံရှိ မြို့များလစ်ဗျားနိုင်ငံချဉ်ပေါင်လူမှုအရင်းအနှီးလက်ပံတောင်းတောင်အစီရင်ခံစာဗုဒ္ဓလများ (အချိန်အတိုင်းအတာ)မအင်္ဂါ အစေ့ကျောက်ချဉ်နေမေတ္တာတောင်ရိုးလူမျိုးငွေ (သတ္တု)တပ်မတော်မြိတ်မြို့တို့ဗမာ ဆင်းရဲသား အစည်းအရုံးရသကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဇာမဏီကောသလမင်း အိပ်မက် (၁၆)ချက်🡆 More