အလက်ဇန်းဒါး ပုရှ်ကင်: ရုရှား ကဗျာဆရာ

အလက်ဇန်းဒါး ဆာဂျီရေဗစ် ပုရှ်ကင် (Alexander Sergeyevich Pushkin) ( ဇွန်လ ၆ရက်၊ ၁၇၉၉ - ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၈၃၇) သည် ရိုမန်တစ် ခေတ်ကာလ က ရုရှားစာရေးဆရာ တစ်ဦး ဖြစ်ပြီး အလွန်တော်သော ရုရှားကဗျာဆရာတစ်ဦး နှင့် ခေတ်သစ် ရုရှားစာပေကို တည်ထောင်သူ တစ်ဦး အဖြစ်လည်း အများက မှတ်ယူကြသည်။

အလက်ဇန်းဒါး ပုရှ်ကင်: ရုရှား ကဗျာဆရာ
အလက်ဇန်းဒါး ပုရှ်ကင်

မော်စကိုမြို့ရှိ ရုရှား သူကောင်းမျိုးအတွင်း မွေးဖွားခဲ့ပြီး ၁၅ နှစ်သားတွင် ပထမဆုံး ကဗျာကို ရေးသားဖြန့်ချိခဲ့သည်။ အထက်တန်းစား လူငယ်တို့ တက်ရောက်သင်ကြားလေ့ ရှိသော ဇာကိုရီ ဆီလို အင်ပီရီယယ် လိုင်ဆီယမ် ကျောင်းမှ ဘွဲ့ရပြီးချိန်တွင် စာပေနယ်ပယ်တွင် ကောင်းမွန်စွာ နေရာရရှိပြီး ဖြစ်နေပြီ ဖြစ်သည်။

ဇာဘုရင်၏ နိုင်ငံရေး ပုလိပ်များ တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုနေမှုကြောင့် ထုတ်ဝေဖြန့်ချိမှု မပြုနိုင်သော အချိန်တွင် ပုရှ်ကင်သည် သူ၏ အထင်ရှားဆုံး ပြဇာတ်ဖြစ်သော ဘောရစ် ဂိုဒိုနော့ကို ရေးသားခဲ့သည်။ ကဗျာစာသားနှင့် ရေးသားထားသော ဝတ္ထုတစ်ပုဒ် ဖြစ်သည် ယူဂျင်း အိုနီဂျင်ကို ၁၈၂၅ နှင့် ၁၈၃၂ ကြားတွင် ရေးသားခဲ့သည်။

သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသူ အဖြစ် နာမည်ဆိုး ထွက်ခဲ့ပြီး ပုရှ်ကင်သည် တစ်ဦးချင်း စိန်ခေါ်ပွဲ ၂၉ ခုတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။ ဂျော့ရှ် ချားလ် ဒီ ဟက်ကရင်း ဒီ အန်သေး ဆိုသူသူ နှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်သော ပွဲတွင် သေလုမျောပါး ဒဏ်ရာ ရခဲ့သည်။ ထိုသူမှာ ကဗျာဆရာ၏ ဇနီးဖြစ်သူ နာတာလျာ ပုရှ်ကီနာကို မြူဆွယ်ရန် ကြံစည်နေသော ပြင်သစ် စစ်တပ်မှ အရာရှိ တစ်ဦး ဖြစ်သည်။ ပုရှ်ကင် အသက် ၃၇ နှစ် အရွယ်တွင် စောစီးစွာ ကွယ်လွန်သွားခြင်းကို ရုရှားစာပေ၏ ကပ်ဆိုက်သော အဖြစ်အပျက်တစ်ခု အဖြစ် မှတ်ယူကြဆဲပင် ဖြစ်သည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ညစ်ညမ်းခြင်းများမြေပုံပန်းကြည့်ပွဲတော်ဓာတုဗေဒဘွဲ့ဝတ်စုံတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကားလိုး ကော်လိုဒီဘားအံမြို့မိတ္ထီလာမြို့ဟံသာဝတီမြန်မာဇာတ်သဘင်အောက်ချင်းငှက်ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်မြန်မာ့သမိုင်းဩကာသ ဘုရားရှိခိုးသစ္စာသီတင်းကျွတ်ပွဲတော်၂၄ ပစ္စည်း၃၁-ဘုံလူဦးရေထားဝယ်မြို့ကွန်ဒုံးစကားကြီး ဆယ်မျိုးမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များအိုမန်နိုင်ငံအောင်ဆန်းလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံဆောင်းရာသီကနေဒါနိုင်ငံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနလူ့အခွင့်အရေးကိုဩဒိနိတ်လများ (အချိန်အတိုင်းအတာ)ဂြိုဟ်ပဲခူးတိုင်းဒေသကြီးရဝမ်ဒါနိုင်ငံမိုင်အပြင် ၃၇ မင်းမဟာဘုတ်ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးအောင်လင်းဒွေးချမ်းချမ်းဗမာ့ထွက်ရပ်ဂိုဏ်းရေမွန်မဟာဗန္ဓုလပြင်ဦးလွင်မြို့နရသီဟပတေ့အိတ်ချ်အိုင်ဗွီ ရောဂါပိုးဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံခြင်းလုံးတရုတ်ပြည်သူ့သမ္မတနိုင်ငံယာဘနတ်နတ် (ဝိညာဉ်)လိင်ဟစ်တလာကျင်ဒွေးရွာ၊ ကန်ပက်လက်မြို့နယ်Minecraftပြင်သစ်နိုင်ငံနိုင်ငံရေးအင်္ဂလန်နိုင်ငံသရက်သီးသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)စမ်းချောင်းမြို့နယ်ရခိုင်ဘာသာစကားဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းတိုက်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းတိရစ္ဆာန်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနတ်မင်းကြီးလေးပါးအင်းဝမင်းဆက်ကွန်မြူနစ်ဝါဒ🡆 More