ဟင်ဒီ-အူရဒူဘာသာစကား

ဟင်ဒီ-အူရဒူဘာသာသည် အင်ဒို-အာရိယန်ဘာသာစကား တစ်မျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့တွင် သုံးသော ဘာသာစကား ဖြစ်သည်။ ဟိန္ဒူစတန်နီ ဟုလည်း ခေါ်ကြသည်။ ယခင်က ဟင်ဒါဗီ သို့မဟုတ် ရက္ခတာ ဟုလည်း ခေါ်လေ့ရှိသည်။ ထိုဘာသာစကားသည် ဒေလီတွင်သုံးသော ခါရီဘိုလီ ဒေသိယစကားမှ ပြောင်းလဲဆင်းသက်လာပြီး ပါရှန်းဘာသာ၊ အာရပ်ဘာသာ၊ သင်္သကရိုက်ဘာသာ နှင့် တူရကီဘာသာတို့မှ ဝေါဟာရ အများအပြားကို ယူငင် အသုံးပြုထားသည်။ ၎င်းသည် စံနှုန်း တစ်မျိုးမက ရှိသော ဘာသာစကားဖြစ်ပြီး ဟင်ဒီစံ နှင့် အူရဒူစံဟူ၍ တရားဝင် စံသတ်မှတ်ချက် နှစ်မျိုးရှိသည်။ ရပ်ရွာသုံး ဟင်ဒီနှင့် အူရဒူဘာသာမှာ ခွဲခြားရန် ခက်ခဲပြီး တရားဝင် စံသတ်မှတ်ချက်တွင်ပင် စာကြောင်းတည်ဆောက်ပုံအားဖြင့် အတူတူ နီးပါးရှိသည်။ သို့သော်လည်း စာပေသုံး အသုံးအနှုန်းများနှင့် ပညာရပ်ဆိုင်ရာ ဝေါဟာရများတွင် ကွဲပြားခြားနားချက်များ ရှိသည်။ အူရဒူ ဘာသာမှ ပါရှားဘာသာ၊ အလယ်အာရှ နှင့် အာရပ်ဘာသာ လွှမ်းမိုးမှုများ အဓိကပါဝင်ပြီး ဟင်ဒီတွင်မူ သင်္သကရိုက်ဘာသာ၏ လွှမ်းမိုးမှုများ အဓိက ပါဝင်သည်။ ဗြိတိသျှထံမှ အိန္ဒိယ လွတ်လပ်ရေးမရမီ အချိန်က ဟိန္ဒူစတန်နီ၊ အူရဒူနှင့် ဟင်ဒီဆိုသော စကားလုံးများကို အလဲလဲ အလှယ်လှယ် သုံးစွဲကြလေ့ရှိပြီး ယနေ့ခေတ် အူရဒူနှင့် ဟင်ဒီဟု ခေါ်ဝေါ်ကြသော စကားအားလုံးကို ကိုယ်စားပြုသည်။ ဟိန္ဒူစတန်နီ ဆိုသော စကားကို အခြားသော တိုက်ကြီးများတွင် သုံးစွဲကြသော ဟင်ဒီဘာသာစကား မျိုးကွဲများကိုလည်း ရည်ညွှန်းလေ့ ရှိကြပြီး ဖီဂျီ ဟိန္ဒူစတန်နီ နှင့် ဆူရာနမ်နိုင်ငံ နှင့် ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံ တို့တွင် သုံးစွဲလေ့ ရှိကြသော ကာရစ်ဘီယံ ဟိန္ဒူစတန်နီတို့ ဖြစ်ကြသည်။

Tags:

ဆူရာနမ်နိုင်ငံထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံပါကစ္စတန်နိုင်ငံသင်္သကရိုက်ဘာသာအာရပ်ဘာသာအိန္ဒိယနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ခွေးရူးပြန်ရောဂါကာကွယ်ဆေးသီရိလင်္ကာနိုင်ငံအာရုံခြောက်ပါးဓမ္မရံကြီးဘုရားသဗ္ဗမင်္ဂလာဂါထာတော်ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးတောင်ကုတ်မြို့ပွေး(ရောဂါ)ဘုရားဂုဏ်တော်ယေရှု ခရစ်တော်အနေကဇာတင်ခြင်းမစ်ကီးမောက်စ်ဝါဆိုလပြည့်နေ့ပြင်သစ်နိုင်ငံဘူတန်နိုင်ငံယူနိုက်တက်ကင်းဒမ်းနိုင်ငံတန်ခူးလကာလာမသုတ်စမ်းချောင်းမြို့နယ်ကဗျာလင်္ကာစိတ်ပညာနတ်ပြည် ၆ ထပ်ဝနယ်မြန်မာနိုင်ငံရှိ ပွဲတော်များအာဟာရဓာတ်များအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကွန်ဒုံးပွေး(တိရစ္ဆာန်)မေတ္တာစိုက်ပျိုးရေးညှင်းမဉ္ဇူပန်းပင်တွံတေးသိန်းတန်ဂျီသရီးရိုင်ဖယ်သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊မြန်မာသရုပ်ဆောင်များစာရင်းချဉ်ပေါင်ဇာမဏီအင်္ဂလန်နိုင်ငံဆေးဝါးဖက်ဒရယ်ပြည်ထောင်စုစနစ်ရှစ်ပါးသီလနှစ်ကျိပ်ရှစ်ဆူရာသီဥတုပြောင်းလဲမှုထားဝယ်မြို့နယ်တပ်ရင်း (၇)ဖူးပွင့်ခိုင်ငါးမျိုးစိတ်များ စာရင်းဂီတာမုတ်သုန်ရွှေကြာ (ရုပ်ရှင်)ဖွေးဖွေးတပ်မတော် (ကြည်း)နန်းမတော်မယ်နုကာလီမယ်တော်လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံကြူကြူလှခန္ဓာဗေဒကင်းခြေများအီကွေတာဒိုးလုံးအင်းလေးကန်ပါဠိဗေဒင်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းအလောင်းမင်းတရားရန်ကုန်တိုင်းစစ်ဌာနချုပ်ဝဋ္ဋသုတ်ဓာတုဗေဒအိပ်မက်အိမ်စောင့်အစိုးရ (၂၀၂၁)🡆 More