လူးဝစ် ပါစချာ

ဆေးပညာသမိုင်းတွင် အထူးချွန်ဆုံးဟု သတ်မှတ်ကြသော ပြင်သစ်လူမျိုး ဇီဝဗေဒပညာရှင် လူးဝစ္စ ပါစတာအား ၁၈၂၂က ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ ဒိုးလ်(Dole) တွင်ဖွားမြင်သည်။ ပါရီကောလိပ်တွင် သိပ္ပံကျောင်းသားအဖြစ် ပညာသင်ယူသည်။ များစွာထူးချွန်မည့် အနေအထားမရှိလှသဖြင့် ပါမောက္ခကပင် သာမန်အလယ်အလတ်စား ကျောင်းသားဟုသတ်မှတ် ခဲ့သည်။ သို့သော် ၁၈၄၇တွင် ဒေါက်တာဘွဲ့ရလျှင် အများမှင်တက်လောက်သည့် သုသေတနပြုချက်များကို စတင်ပြုလုပ်သည်။ ထိုစဉ်က အသက် ၂၆နှစ်အရွယ် ပါစတာ၏ တာတာရစ်အက်ဆစ် နှင့်ပက်သက်သည့် ဖော်ထုတ်ချက်ကြောင့် လူအများ၏ အသိအမှတ်ပြုခံပြီး နာမည်ကျော်တစ်ဦးဖြစ်လာသည်။

Louis Pasteur
လူးဝစ် ပါစချာ
Photograph by Nadar
မွေးဖွား(1822-12-27)ဒီဇင်ဘာ ၂၇၊ ၁၈၂၂
Dole, France
ဆုံးပါးစက်တင်ဘာ ၂၈၊ ၁၈၉၅(1895-09-28) (အသက် ၇၂)
Marnes-la-Coquette, France
နိုင်ငံလူမျိုးပြင်သစ်လူမျိုး
နယ်ပယ်
အဖွဲ့အစည်းဌာန
  • University of Strasbourg
  • Lille University of Science and Technology
  • École Normale Supérieure
  • Pasteur Institute
မိခင်ကျောင်းÉcole Normale Supérieure
University of Paris
တပည့်ကျော်များCharles Friedel
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
  • Rumford Medal (1856)
  • Fellow of the Royal Society (1869)
  • Copley Medal (1874)
  • Albert Medal (Royal Society of Arts) (1882)
  • Leeuwenhoek Medal (1895)
  • Order of the Medjidie
လက်မှတ်
လူးဝစ် ပါစချာ

ထိုနောက် အချဉ်ဖောက်ခြင်းနှင့် ပက်သက်၍ သုသေတနပြုလုပ်ရှာဖွေရာ အလွန်သေးငယ်သည့် အဏုဇီဝရုပ်ရှိသော ပိုးမွှားငယ်လေးများကြောင့် ဖြစ်သည်ကို နားလည်လာပြီး ကိုယ်တိုင် လက်တွေ့ပြသခဲ့သည်။ ထိုသို့ပိုးမွှားများအထဲမှ မလိုလားအပ်သည့် ပိုးမွှားများ ပါဝင်လာပြီး လူနှင့် တိရစ္ဆာန်များအား အန္တရာယ်ပေးခြင်း အကြောင်းကိုပါ တစ်ဆက်တည်း ဖော်ထုတ်လိုက်နိုင်သည်။ ရောဂါပိုးမွှားများကြောင့် ရောဂါဖြစ်သည်မှာ မှန်လျှင် ရောဂါပိုးအား တားဆီး၍ ရောဂါကာကွယ်ခြင်းမှာလည်း ဖြစ်နိုင်သည့် အနေအထား ယုတ္တိတန်မှုကြောင့် ရောဂါပိုးမွှားများ လူ့ကိုယ်ခန္ဓာအတွင်းသို့ မဝင်ရောက်နိုင်စေရန် ကာကွယ်မည့် နည်းလမ်းများကို ပါစတာတစ်ယောက် ဆက်လက်၍ ရှာဖွေတော့သည်။ သို့ဖြင့် အနာအား ပိုးမဝင်စေရန် စနစ်တကျ သန့်ရှင်းသောနည်းလမ်းများ(antiseptic) ကိုဖော်ထုတ်သည်။

အသက် ၅၅နှစ်တွင် ပါစတာသည် ထောင့်သန်းရောဂါ(Antharax) အားလေ့လာပြီး ရောဂါပိုးကြောင့်ဖြစ်သည့် အချက်ကို ဖော်ထုတ်ပြသခဲ့သည်။ ထိုနောက်တွင် အားနည်းသည့် ထောင့်သန်းပိုးအား နွားတစ်ကောင်ကိုယ်တွင်း ထည့်၍ ရောဂါဝေဒနာ မပြင်းထန်သည့် အဖြစ်ကိုရပြီးနောက်တွင် သေစေလောက်သည့် ထောင့်သန်းရောဂါ ထိုနွားတွင် ထပ်မံမဖြစ်ပွားတော့ကြောင်းကို ပြသ၍ ရောဂါကာကွယ်နည်းကိုပါ ဖော်ထုတ်လိုက်သည်။ ထိုမှအစပြု၍ ပါစတာ၏ နည်းလမ်းကိုလိုက်ကာ အခြားကူးစက်ရောဂါများအတွက်လည်း အလားတူ ကာကွယ်ဆေးများကို ဖော်ထုတ်ကြသည်။

ပါစတာသည် ခွေးရူးရောဂါ (Rabies) နှင့် ပက်သက်၍ ကာကွယ်ဆေး ထုတ်လုပ်ပေးခြင်းကြောင့်လည်း ကျော်ဇောသည်။ ထိုနည်းအတိုင်း နောင်းခေတ် ပညာရှင်တို့အနေဖြင့် အူရောင်ငန်းဖျားရောဂါ(Typhus)၊ ပိုလီယိုရောဂါ (poliomyelitis) အစရှိသည့် ရောဂါမျိုးများကိုပင် ကာကွယ်လာနိုင်သည်။

၁၈၉၅ခုနှစ်၊ ပါရီမြို့အနီးတွင် ဆေးပညာရှင်၊ ဇီဝဗေဒပညာရှင်၊ သုတေသီ လူးဝစ္စ ပါစတာကွယ်လွန်သည်။

ကိုးကား

Tags:

ဇီဝဗေဒ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကရင်လူမျိုးဝတ်စားဆင်ယင်မှုသခင်ကိုယ်တော်မှိုင်းမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများနတ်မင်းကြီးလေးပါးတရုတ်ဘာသာစကားစီအက်စ်အမ်အေဆိုရှယ်လစ်ဝါဒမြန်မာနိုင်ငံဖားမဟတ္တမ ဂန္ဒီသာသနာ့ အလံရှင်စောပုနန်းဆုရတီစိုးအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမေတ္တသုတ်အနော်ရထာဗိုလ်တစ်ထောင်ဘုရားရွှေမော်ဓောဘုရား(ပဲခူး)သိဒ္ဓတ္ထမင်းသားမြန်မာတိုင်းရင်းသားမျိုးနွယ်များနေတိုးမြောင်းမြမြို့ကျုံးဓမ္မစကြာသုတ္တန်စိုးလွင်လွင်နံကရိုင်းမယ်တော်အိတ်ချ်အိုင်ဗွီ ရောဂါပိုးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနဩကာသ ဘုရားရှိခိုးမဂ္ဂင် ၈ ပါးရိဒ်ရေကန်ပခုက္ကူမြို့နောင်ရိုးတိုက်ပွဲရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝိနည်းမြန်မာမိဖုရားများ စာရင်းကမ္ဘာ့လေထုလှိုင်ထိပ်ခေါင်တင်ပညာရေးရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမွန်ဘာသာစကားအင်္ဂလန်နိုင်ငံဇော်ဂျီ (စာရေးဆရာ)မြန်မာ့ မီးရထားဒုက္ခသစ္စာစစ်ကိုင်းတိုင်းဒေသကြီးတာလပေါဟင်းနဂါးခင်ခင်ထူးသီလဘားအံမြို့ဥဩအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ဂျပန်နိုင်ငံ၏ ဒေသများဗဟိုစာမျက်နှာရေမွန်ပညာရေးဝန်ကြီးဌာနခါကာဘိုရာဇီမြန်မာနိုင်ငံရေးသမိုင်းမန္တလေးမြို့ပျော်ဘွယ်မြို့ရန်ကုန်ခေတ်သစ် မီဒီယာမြန်မာ အမျိုးသား ဘောလုံးအသင်းဘိက္ခုနီကြောင် (တိရစ္ဆာန်)တစ်ကိုယ်ရည်အာသာဖြေခြင်းထေရဝါဒဒူဘိုင်းမြို့ဘီယာပိတောက်ပန်း (ကဗျာ)နှလုံးတင်မိုးကျိုက်ထိုမြို့🡆 More