မြင်းခြံမြို့နယ်

မြင်းခြံမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြင်းခြံမြို့ ဖြစ်သည်။

မြင်းခြံမြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of မြင်းခြံမြို့နယ်
မြင်းခြံခရိုင်အတွင်းတည်နေရာ
မြင်းခြံခရိုင်အတွင်းတည်နေရာ
မြင်းခြံမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်
မြင်းခြံခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°22′N 95°28′E / 21.367°N 95.467°E / 21.367; 95.467 95°28′E / 21.367°N 95.467°E / 21.367; 95.467
နိုင်ငံမြင်းခြံမြို့နယ် မြန်မာ
တိုင်းဒေသကြီးမြင်းခြံမြို့နယ် မန္တလေး
ခရိုင်မြင်းခြံ
မြို့နယ်ရုံးစိုက်ရာမြို့မြင်းခြံမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၇၆,၁၉၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

သက္ကရာဇ် (၁၁၀၅)တွင် မြင်းခြံမြို့ကို ​ရေ​လေးရွာဟု​ခေါ်တွင်ခဲ့သည်။ အင်းဝဆင်ဖြူရှင်မင်းလက်ထက်တွင် တရုတ်နှင့် စစ်ဖြစ်ရာမှ မြင်းများကျန်ခဲ့သဖြင့် မြင်းကျန်ဟု​ခေါ်တွင်​စေခဲ့သည်။ အချိန်ကာလကြာမြင့်လာရာမှ မြင်းခြံဟု ​ပြောင်းလဲလာခဲ့သည်။ မြင်းခြံမြို့နယ်သည် ၁၉၀၇ခုနှစ်တွင် စတင်တည်ရှိလာခဲ့သည်။

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၀မိနစ်နှင့် ၂၁ဒီဂရီ ၄၆မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၅မိနစ်နှင့် ၉၅ဒီဂရီ ၃၇မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၁၅.၆၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

မြင်းခြံမြို့နယ်၏ အ​ရှေ့ဘက်တွင် နွားထိုးကြီးမြို့နယ်၊​တောင်ဘက်တွင် ​တောင်သာမြို့နယ်၊အ​နောက်ဘက်တွင် မ​ကွေးတိုင်းရှိ ​ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ ​မြောင်မြို့နယ်၊ ​မြောက်ဘက်တွင် ငါန်းဇွန်းမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်

​ပင်လယ်​ရေမျက်နှာပြင်အထက် ​ပေ၂၀၀မှ ၁၅၅၄​ပေအထက်တွင် တည်ရှိသည်။ ကုန်း​မြေမြင့်နည်းပါးပြီး အများအားဖြင့် ​မြေပြန့်ဖြစ်သည်။ဧရာဝတီမြစ်သည် ​မြောက်မှ​တောင်သို့ စီးဆင်းသည်။ မြို့နယ်အတွင်းရှိ ​ချောင်းများမှာ အ​ရှေ့မှ အ​နောက်သို့ စီးဆင်းလျက်ရှိသည်။

လူဦး​ရေ

မြင်းခြံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရခိုင်၊ရှမ်း၊ချင်း၊ကရင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး

မြင်းခြံမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးအချက်အချာကျ​သော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆေးရွက်ကြီး၊ပဲမျိုးစုံ၊ ကြက်သွန်နှင့် ဆီထွက်သီးနှံများဖြစ်ကာ မြန်မာပြည်​အောက်ပိုင်းသို့ အများဆုံးတင်ပို့​ရောင်းချသည်။ မြို့နယ်အတွင်း မြင်းခြံစက်မှုဇုန်တည်ရှိကာ နိုင်ငံပိုင် သံမဏိစက်ရုံနှင့် ​ဆေးဆိုးပန်းရိုက်စက်ရုံများ၊ ပုဂ္ဂလိက အလုပ်ရုံ ၆၀၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၂၁၇ခုရှိသည်။

​ဈေးများ

  • မြို့မ​​ဈေး
  • ​အေးမြသီတာ​ဈေး
  • စံပြ​ဈေး
  • ဆီမီးခုံ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

မြင်းခြံမြို့မှ ရန်ကုန်၊မန္တ​လေး၊​တောင်ကြီး၊​မ​ကွေး၊မုံရွာ၊လွိုင်​ကော်၊မိတ္ထီလာ၊​ကျောက်ပန်း​တောင်း၊ချောက်၊​ပခုက္ကူ၊ရေစကြို၊​တောင်ငူနှင့် မူဆယ်မြို့များသို့ ခရီးသည်တင်ကားများရှိသည်။ မြင်းခြံမှ ​တောင်သာ၊နွားထိုးကြီး၊ မြို့သာနှင့် ​ညောင်ဦးသို့ ကားလမ်းရှိသည်။

ပညာ​ရေး

အဆင့်မြင့်ပညာ

အ​ခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၀ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ဆီမီးခုံ
  • အထက နဘူးအိုင်
  • အထက ထ​နောင်းတိုင်
  • အထက တလုပ်မြို့
  • အထက ရွာသစ်
  • အထက ဇီးပင်ကန်

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ဂင့်ဂဲ
  • အလက (ထ(ခွဲ)) ​ပျော်ဘွယ်စံပြ
  • အလက (ထ(ခွဲ)) ကုက္ကဲ
  • အလက (ထ(ခွဲ)) ကွမ်းစိုက်
  • အလက (ထ(ခွဲ)) က​တော
  • အလက (ထ(ခွဲ)) ဆုံရွာ​ကွေ့ကြီး
  • အလက (ထ(ခွဲ)) ဒါးကျွန်း
  • အလက ဖက်ပင်အိုင်
  • အလက အလင်း​​ရောင်
  • အလက အနိမ့်
  • အလက ပတ္တာ (န)
  • အလက ပျား
  • အလက တူရွင်းဘို့
  • အလက ငါ့နန်း
  • အလက​ တောပု
  • အလက ​မြောက်ကျွန်း
  • အလက ရသာ
  • အလက ကျားတိုင်း
  • အလက သင်ပြွန်း

အမက

. အမက ကုလ

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၄ကျောင်းရှိသည်။

ကျန်းမာ​ရေး

  • ခရိုင်ပြည်သူ့​ဆေးရုံကြီး
  • ဆီမီးခုံ တိုက်နယ်​ဆေးရုံ
  • ထ​နောင်းတိုင် တိုက်နယ်​ဆေးရုံ
  • ယုန်ထိုး တိုက်နယ်​ဆေးရုံ

ကိုးကား


Tags:

မြင်းခြံမြို့နယ် သမိုင်း​ကြောင်းမြင်းခြံမြို့နယ် ပထဝီဝင်အ​နေအထားမြင်းခြံမြို့နယ် လူဦး​ရေမြင်းခြံမြို့နယ် စီးပွား​ရေးမြင်းခြံမြို့နယ် ပို့​ဆောင်ဆက်သွယ်​ရေးမြင်းခြံမြို့နယ် ပညာ​ရေးမြင်းခြံမြို့နယ် ကျန်းမာ​ရေးမြင်းခြံမြို့နယ် ကိုးကားမြင်းခြံမြို့နယ်မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်မြင်းခြံမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

လောက (ဗုဒ္ဓဘာသာ)မြန်မာပန်းချီလီဆာဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်ပိဋကတ် သုံးပုံသင်္ကြန်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝိပတ္တိတရားလေးပါးနိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကိလေသာစကားထာအရေပြားလေးဘက်နာရောဂါစင်ကာပူနိုင်ငံသက်ရှိရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမိမိကိုယ်ကို သတ်သေခြင်းရွှေတိဂုံစေတီတော်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)မဟော်သဓာဇာတ်တော်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)၂၄ ပစ္စည်းချမ်းမြေ့မောင်ချိုအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမေဇုံမြစ်ဂုဏ်ဆယ်ပါးကြာပတ္တမြားကောသလမင်း အိပ်မက် (၁၆)ချက်ချဉ်ပေါင်မြန်မာ့ရိုးရာ ကစားနည်းပဋိစ္စသမုပ္ပါဒ်ပထဝီဝင်မအင်္ဂါ အစေ့ကွန်မြူနစ်ဝါဒခွေးအမြစအိုဖြင့် လိင်ဆက်ဆံခြင်းမြန်မာနိုင်ငံ၏ ပထဝီဝင်သနပ်ခါးပဉ္စဝဂ္ဂီငါးဦးကြူကြူလှအသည်းရောင် အသားဝါ ရောဂါ စီပိုးပီမိုးနင်းပေါက် (သစ်ပင်)ကဏန်းကျောက်စိမ်းစီးပွားရေးလုပ်ငန်း အမျိုးအစားများသစ္စာလေးပါးအောင်သူ (ဘောလုံးသမား)မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များလား (တိရစ္ဆာန်)ရဲရင့်အောင်ပါပီယွန်သန်လျင် မင်းကျောင်းဆရာတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ကျော်သူအင်းဝမြို့ရာသီဥတုပန်းအက္ခရာစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမိုးဟေကိုမြန်မာ ငွေစက္ကူ သမိုင်းချင်းပြည်နယ်တရုတ်ကျန်းမာရေး ဝန်ကြီးဌာနဆင်ဖြူရှင်မင်းဆားပုပ္ပါးတောင်ကလပ်စိန်ပန်းပင်နို့ဖျာပုံမြို့ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာပညာချောင်းသာကမ်းခြေကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဘဒ္ဒကမ္ဘာ🡆 More