( ဇာတက-) ဇာတ်-ဟူသောစကားမှာ ဇာတက-ဟူသောပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော်ဟူ၍ အဓိပ္ပာယ်ရှိသည်။ ပါဠိလို ဇာတက-မှာ မြန်မာလိုအားဖြင့် ဗုဒ္ဓ၏ ဘုရားလောင်းဘဝ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ကျမ်းပင် ဖြစ်သည်။ သို့ရာတွင်-
၁။ တေမိယဇာတကသည် ဘုရားအလောင်းတော် တေမိမင်းသား၏ ဘဝအဖြစ်တော်စဉ်။
၂။ ဇနကဇာတကမှာ ဘုရားအလောင်းတော် ဇနက မင်းသား၏ ဘဝအဖြစ်တော်စဉ်။
၃။ သုဝဏ္ဏသာမဇာတကမှာ ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ ဘဝအဖြစ်တော်စဉ်။
၄။ နေမိယဇာတကမှာ ဘုရားအလောင်းတော် နေမိမင်း၏ ဘဝအဖြစ်တော်စဉ်။
၅။ မဟောသဓဇာတကမှာ ဘုရားအလောင်းတော် မဟောသဓာ၏ ဘဝအဖြစ်တော်စဉ်။
၆။ ဘူရိဒတ္တဇာတကမှာ ဘုရားအလာင်းတော် ဘူရိဒတ်နဂါးမင်း၏ ဘဝအဖြစ်တော်စဉ်။
၇။ စန္ဒကုမာရဇာတကမှာ ဘုရားအလောင်းတော် စန္ဒကုမာရမင်းသား၏ ဘဝအဖြစ်တော်စဉ်။
၈။ နာရဒဇာတကမှာ ဘုရားအလောင်းတော် နာရဒ၏ ဘဝအဖြစ်တော်စဉ်။
၉။ ဝိဓူရဇာတကမှာ ဘုရားအလောင်းတော် ဝိဓူရသုခမိန်၏ ဘဝအဖြစ်တော်စဉ်။
၁၀။ ဝေဿန္တရဇာတကမှာ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး၏ ဘဝအဖြစ်တော်စဉ်တို့ပင် ဖြစ်သည်။
ဗုဒ္ဓဘာသာတို့တွင် နုမှာငါးရာ ရင့်မာတကျိပ်-ဟု ဆိုရိုးစကားတခုရှိသည်။ အဓိပ္ပာယ်မှာ ဘုရားအလောင်းတော်၏ ပါရမီတော်များ၊ ဖြည့်ကျင့်တော်မူနေစဉ် ပါရမီတော်နုစဉ်ဘဝ အဖြစ်တော်စဉ်များနှင့် ဘုရားဖြစ်ခါနီး ပါရမီတော်များ ရင့်ကျက်ချိန် အဖြစ်တော်စဉ်ဘဝများကို မှတ်သားသိရှိကြစေရန် ဆိုရိုးစကားပြုခဲ့ကြခြင်း ဖြစ်သည်။ ဘုရားရှင်သည် ပါရမီတော်များ ပြည့်ကာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ ဘုရားအလောင်းတော် ဘဝတုန်းက အဖြစ်တော်စဉ်များကို အကြောင်းအားလျော်စွာ တပည့်သာဝက စသည်တို့အား ပြန်လည်၍ ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပြန်လည်ဟောဖော်ခဲ့သော အတိတ်အလောင်းလျာ ဘဝအဖြစ်တော်စဉ်များကို ဇာတက အမည်ဖြင့် ပိဋကတော်တွင် ကျမ်းတစောင်ရှိသည်။
ဇာတကကျမ်း၌ ဝတ္ထုပေါင်း ၅၄၇-ပုဒ၊ ကဏ္ဍပေါင်း ၁၁-ခုရှိသည်။
ပထမကဏ္ဍကို ဧကကနိပါတ (ဧကကနိပါတ်) ဟုခေါ်သည်။ ဂါထာတပုဒ်သာ ပါရှိသောကြောင့် ဧကနိပတ်ဟုခေါ်ခြင်း ဖြစ်သည်။
ဂါထာနှစ်ပုဒါပါသည်ကို ဒုကနိပါတ်၊ သုံးပုဒ်ပါသည်ကို တိကနိပါတ်၊ လေးပုဒ်ပါသည်ကို စတုက္ကနိပါတ်၊ ငါးပုဒ်ပါသည်ကို ပဉ္စကနိပါတ်၊ ခြောက်ပုဒ်ပါသည်ကို ဆက္ကနိပါတ်၊ စသည်ဖြင့် ဂါထာအရေအတွက်အလိုက် အမည်ပေးထားသည်။
ဧကနိပါတ်တွင် ဇာတက (ဝတ္ထု) ၁၅၀-ပါရှိသည်။
ဒုကနိပါတ်၌ ၁၀ဝ။
တိကနိပါတ်၌ ၅၀။
စတုက္ကနိပါတ်၌ ၅၀။
ပဉ္စကနိပါတ်၌ ၂၅။
ဆက္ကနိပါတ်၌ ၂၀။
သတ္တကနိပါတ်၌ ၂၁။
အဋ္ဌကနိပါတ်၌ ၁၀။
နဝကနိပါတ်၌ ၁၂။
ဒသကနိပါတ်၌ ၁၆။
ဧကာဒသကနိပါတ်၌ ၉။
ဒွါဒသကနိပါတ်၌ ၁၀။
တေရသကနိပါတ်၌ ၁၀။
ပကိဏ္ဏကနိပါတ်၌ ၁၃။
ဝီသတိနိပါတ်၌ ၁၄။
တိံသနိပါတ်၌ ၁၀။
စတ္တာလီသနိပါတ်၌ ၅။
ပဏ္ဏာသနိပါတ်၌ ၃။
သဋ္ဌိနိပါတ်၌ ၂။
သတ္တတိနိပါတ်၌ ၂။
အသီတိနိပါတ်၌ ၅။
မဟာနိပါတ်၌ ၁၀-ပါရှိသည်။
စုစုပေါင်း ဇာတက ၅၄၇ ဖြစ်သည်။
ထို ၅၄၇-ဘဝတွင် နုစဉ်ဘဝပေါင်း ၅၃၇-ဘဝနှင့် အရင့်အမာဘဝ ၁၀-ဘဝ ပါဝင်သည်။ ဤသည်တို့ကိုပင် စုပေါင်းကာ မှတ်သားရ လွယ်ကူစေခြင်းငှာ နုမာငါးရာ ရင့်မှာတကျိပ်-ဟု ပြောစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဇာတ်တော်ငါးရာ့ငါးဆယ် မပြည့်ဘဲ ၅၄၇-သာရှိသည်။ ထိုဇာတ်တော်များသည် မြန်မာမှုနယ်ပယ်၌ ဇာတ်တော် ၅၅၀-နှင့် ဇာတ်တော်ကြီး ၁၀-ဘွဲ့ဟု ထင်ရှားသည်။
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။
ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-
၁။ (တေ) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
၂။ (ဇ) မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
၃။ (သု) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
၄။ (နေ) နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊
၅။ (မ) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
၆။ (ဘူ) ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
၇။ (စန်) စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
၈။ (နာ) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
၉။ (ဝိ) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊
၁၀။ (ဝေ) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
1. စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊ 2. နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊ 3. ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊ 4. ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊ 5. မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊ 6. မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊ 7. နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊ 8. ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊ 9. တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊ 10. သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
This article uses material from the Wikipedia မြန်မာဘာသာ article ဇာတက, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.