ဆိုမာလီယာနိုင်ငံ

ဆိုမာလီယာနိုင်ငံကို တရားဝင်အခေါ်အားဖြင့် ဆိုမာလီယာသမ္မတနိုင်ငံဟု ခေါ်ဆိုပြီး ယခင် ကွန်မြူနစ်များအုပ်ချုပ်စဉ်က ဆိုမာလီ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ အာဖရိကဦးချိုတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ပြည်တွင်းစစ် စတင် ဖြစ်ပွားကတည်းက နိုင်ငံ၏ နေရာ အတော်များများတွင် ဗဟိုအစိုးရ၏ ထိန်းချုပ်မှု မရှိပေ။ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ကြားဖြတ် ဖက်ဒရယ်အစိုးရမှ နိုင်ငံ၏ အစိတ်အပိုင်း သေးသေးကလေးကိုသာ အုပ်ချုပ်နိုင်သည်။ ဆိုမာလီယာနိုင်ငံအား မဖြစ်မြောက်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ကြပြီး ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနှင့် အကြမ်းတမ်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ဆိုမာလီယာ သမ္မတနိုင်ငံ
Somali Republic
Jamhuuriyadda Soomaaliya
جمهورية الصومال
ဆိုမာလီယာနိုင်ငံ၏ အလံတော်
အလံတော်
ဆိုမာလီယာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Somalia, Wake Up
ဆိုမာလီယာနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
မိုဂါဒစ်ရှူးမြို့
ရုံးသုံး ဘာသာစကားများဆိုမာလီ၊ အာရပ်
အမျိုးအစားညွန့်ပေါင်းအစိုးရ
အစိုးရ
• သမ္မတ
Mohamed Abdullahi Mohamed
• ဝန်ကြီးချုပ်
အက်ဒီဝလီ မိုဟာမက် အလီ
တည်ထောင်
• လွတ်လပ်ရေး ရခြင်းနှင့် ပြည်ထောင်စု တည်ထောင်ခြင်း
ဇူလိုင် ၁၊ ၁၉၆၀
ဧရိယာ
• စုစုပေါင်း
၆၃၇,၆၅၇ km2 (၂၄၆,၂၀၀ စတုရန်းမိုင်) (အဆင့်: ၄၃)
လူဦးရေ
• ခန့်မှန်း
၉,၃၅၉,၀၀၀ (၂၀၁၀) (အဆင့် - ၈၉)
• သိပ်သည်းမှု
၁၄/km² (၃၆/sq mi) (အဆင့် - ၂၀၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၅.၈၉၆ ဘီလီယံ (အဆင့် - ၁၅၈)
• Per capita
US $၆၀၀ (အဆင့် - ၂၂၂)
ငွေကြေးဆိုမာလီ ရှီလင်
တယ်လီဖုန်းကုဒ်+၂၅၂
Internet TLD.so

ဆိုမာလီယာနိုင်ငံသည် အာဖရိက၏ အရှေ့ဘက်ဆုံး အပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် ဂျီဘူတီနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကင်ညာနိုင်ငံ၊ မြောက်ဘက်တွင် ယီမင်နိုင်ငံ နှင့် အေဒင်ပင်လယ်ကွေ့ ၊ အရှေ့ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ တို့ ရှိကြသည်။ ဆိုမာလီယာနိုင်ငံသည် အာဖရိကတိုက်တွင် ကမ်းရိုးတန်း အရှည်လျားဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ မြေပြင်အနေအထားမှာ ကုန်းမြေမြင့်များ၊ လွင်ပြင်များနှင့် ကုန်းမြင့်များ ပါဝင်သည်။ တစ်နှစ်ပတ်လုံး ပူပြင်းပြီး အချိန်မှန်တိုက်ခိုက်သော မုတ်သုံလေနှင့် ပုံမှန်မရှိသော မိုးရွာသွန်းမှုတို့ ရှိသည်။


ကိုးကား

Tags:

အာဖရိက

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျောက်ချဉ်ဇာတိပ္ဖိုလ်လက်ဖက်သုပ်ကျောက်တန်းရေလယ်ဘုရားပထမ ကမ္ဘာစစ်လီဆာမီးသတ်တပ်ဖွဲ့နေ့ကိုးပါးသီလဆိုရှယ်လစ်ဝါဒပုလွေမှုတ်ခြင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပုဂံလားရှိုးမြို့အလောင်းမင်းတရားသခင်ကိုယ်တော်မှိုင်းသံဃာဂုဏ်တော်တန့်ကြည့်တောင်စေတီရာသီဥတုပြောင်းလဲမှုဗဟိုစာမျက်နှာနေဝင်း (ဗိုလ်ချုပ်ကြီး)ဟိန္ဒူဘာသာဗျတ်ဝိ၊ ဗျတ္တဓဇဂ္ဂသုတ်မြောက်ဥက္ကလာပမြို့နယ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးအော်ကာမုန့်ဟင်းခါးမြန်မာနိုင်ငံ၏ ရွာများအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရေမွန်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအေ (အက္ခရာ)ပိုင်တံခွန်အသည်းရောင် အသားဝါ ရောဂါ စီပိုးနာဇီအမေ့အိမ်မစန္ဒာအစ္စလာမ်ဘာသာငါးရာ့ငါးဆယ် နိပါတ်တော်တိုင်းစစ်ဌာနချုပ်ကာကွယ်ရေးဝန်ကြီးဌာနစက်မှုတော်လှန်ရေးရှမ်းဘာသာစကားဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းမေတ္တေယျဘုရားအဖြူဆင်းခြင်းမြန်မာနိုင်ငံ၏ အလံတော်ယေရှု ခရစ်တော်ပဲခူးတိုင်းဒေသကြီးဂေါ်ရင်ဂျီကျွန်းနန္ဒမာလာဘိဝံသချဲလ်ဆီးဘောလုံးအသင်းသော်တာဆွေသီရိလင်္ကာနိုင်ငံအောင်ခြင်း ၈ ပါးအာနန္ဒာဘုရားမိုင်းခရပ်ဖ်စကားပုံမထိုးသွင်းသော လိင်ဆက်ဆံခြင်းသွေးလွန်တုပ်ကွေးစကားကြီး ဆယ်မျိုးနတ်ပင့်ဂါထာရာသီခွင်မြန်မာ့ဝတ်စားဆင်ယင်မှုဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမင်းသုဝဏ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြင်ဦးလွင်မြို့နယ်ဘွဲ့ဝတ်စုံရွှေမန်းတင်မောင်ငန်းမြွေစန္ဒာသွယ်ဦးပိန်တံတားအောင်လကျိုက်ထီးရိုးဘုရားဆယ်ပါးသီလ🡆 More