ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ

အာဖရိကတိုက် မြောက်ပိုင်းရှိ ဆဟာရ သဲကန္တာရ (အင်္ဂလိပ်: Sahara, အာရပ်: الصحراء الكبرى‎, lit. 'Aṣ Ṣaḥrā´ al Kubrā', ဘာဘာပြန်: မဟာကန္တာရ, အသံထွက်: صحراء (ကူညီ·ချက်လက်)) သည် ကမ္ဘာပေါ်တွင် အကြီးဆုံး သဲကန္တာရဖြစ်သည်။ မိုင်ပေါင်း ၃၂ဝဝ ရှည်၍၊ မိုင် ၁၄ဝဝ ကျယ်ပြီးလျှင် စတုရန်းမိုင် ၃၅ဝဝဝဝဝ ကျယ်ဝန်း၏။ အတွင်းပိုင်း၌ ပေ ၇ဝဝဝ မှ ၉ဝဝဝ အထိမြင့်သော ကုန်းမြေမြင့်များရှိ၏။ ဥရောပတိုက် နီးပါးမျှ ကျယ်ဝန်းသော ဤသဲကန္တာရကြီးသည် ရှေးအခါက အာဖရိကတိုက်၏ မြောက်ဘက် နံရံကြီးသဖွယ် ဖြစ်ခဲ့၏။ သဲကန္တာရကြီးကို ဖြတ်ကျော်မသွားနိုင်သဖြင့် ဥရောပတိုက်သားတို့သည် အာဖရိကတိုက် အကြောင်းကို နှစ်ပေါင်းများစွာ မသိရှိဘဲနေခဲ့ကြရသည်။

ဆဟာရ (
  • အာရပ်: الصحراء الكبرى‎, lit. 'aṣ-ṣaḥrā' al-kubrá'
  • "မဟာကန္တာရ"
)
သဲကန္တာရ
ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ
The Sahara taken by Apollo 17 astronauts, 1972
နိုင်ငံများ ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ အယ်လ်ဂျီးရီးယား, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ ချဒ်, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ အီဂျစ်, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ လစ်ဗျား, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ မာလီ, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ မော်ရီတေးနီးယား, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ မော်ရိုကို, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ နိုင်ဂျာ, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ ဆူဒန်, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ တူနီးရှား, ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ အနောက်ဆဟာရ (disputed)
တည်နေရာ အာဖရိက
ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ
ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ
ဆဟာရကို ဂြိုဟ်တုမှ မြင်ရစဉ်။
ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ
အယ်လ်ဂျီးရီးယားနိုင်ငံထဲတွင်ပါဝင်သော ဆဟာရ သဲကန္တာရ၏ နေရာတစ်ခု

ဆဟာရ သဲကန္တာရကြီးသည် နေ့အခါ၌ တခါတရံ ဖာရင်ဟိုက်ဒီဂရီ ၁၅ဝ ကျော်အထိ ပူပြင်း၏။ ညအခါ၌မူ လွန်လွန်ကဲကဲအေး၍လာရာ ပြဒါးချိန်သည် ရေခဲသော အမှတ် ဒီဂရီအောက်သို့ပင် ကျဆင်းတတ်သည်။ ဤမျှလောက် အပူ အအေး လွန်ကဲကွာခြားသောကြောင့် ကျောက်များသည် အပူအအေးအပြောင်း အလဲဒဏ်ကို မခံနိုင်ကြသဖြင့် ကွဲအက်ပြီးလျှင် သဲမှုန်များ ဖြစ်လာကြ၏။ ထို့နောက် လေပြင်းတိုက်ခတ် သောအခါ အခြားကျောက်များနှင့် ရိုက်ခတ်မိကြပြန်သဖြင့် သဲမှုန်များပွားများလာ၏။ ထိုသဲမှုန့်များသည် တစ်နေရာ၌ ကျရောက်စုပုံနေသောအခါ သဲခုံများဖြစ်လာသည်။

ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ
ချဒ်နိုင်ငံ၏အရှေ့မြောက်ဘက်ပိုင်းရှိ ကုလားအုတ်များအားတွေ့ရစဉ်

အက်တစ်လက် တောင်တန်းများ၏ တောင်ဘက်တွင် ရေရနိုင်သော အိုအေးဆစ်ကြီးများရှိ၍၊ ထိုနေရာများ၌ စွန်ပလွံပင်အမြောက်အမြားရှိ၏။ လူနေထိုင်နိုင်သည့် နေရာအချို့မှာ အယ်လ်ဂျီးရီးယားနိုင်ငံ၏ တောင်ဘက်နှင့် လစ်ဗျားနိုင်ငံ၏ တောင်ဘက်ဒေသများဖြစ်သည်။

ဆဟာရသဲကန္တာရ၏ အနောက်ပိုင်းနှင့် အလယ်ပိုင်း၌ တွားရက်ခေါ် လူမျိုးများနေထိုင်၍၊ မြောက်ပိုင်းတွင် ဗက်ဒူးအင်း လူမျိုးများနေထိုင်ကြ၏။ အနောက်ဘက်၌ ဗားဗားခေါ် လူမျိုးများကို တွေ့ရသည်။

ဆဟာရ သဲကန္တာရ: အာဖရိကရှိ ကန္တာရ
အဟက်ဂါ တောင်များရှိ အိုအေစစ်တစ်ခုအားတွေ့ရပုံ

ဆဟာရ သဲကန္တာရအတွင်း၌ နေထိုင်သော လူများသည် သိုး၊ ဆိတ်များ မွေးမြူ၍သော်လည်းကောင်း၊ အိုအေစစ်များ၌ ဂျုံ၊ ပြောင်းစသော ကောက်ပဲသီးနှံများ စိုက်ပျိုး၍သော်လည်းကောင်း အသက်မွေးမြူကြ၏။ အချို့မှာ တစ်နေရာမှ တစ်နေရာသို့ ကုန်များကို သယ်ယူရောင်းချကြ၏။ သဲကန္တာရထဲ၌ ကုလားအုတ်များနှင့် ခရီးသွား သောအခါ နံနက်အရုဏ်မတက်မီကထ၍ သွားကြရ၏။

နေ့လယ်နေပြင်းသောအခါရပ်နားနေရ၏။ ထိုသို့ ခရီးသွားရာ၌ လမ်းတွင် ရေပြတ်သွား မည်ကိုလည်းကောင်း၊ သဲမုန်တိုင်းနှင့် တိုးမိနေမည်ကိုလည်းကောင်း၊ တစ်ခါတစ်ရံ လူရိုင်းများ အတိုက်အခိုက်ခံရမည်ကိုလည်းကောင်း စိုးရိမ်ရသဖြင့် ဘေးရန်များလှ၏။

အနောက်ဘက် ကမ်းခြေရှိ နေရာအနည်းငယ်ကို ချန်လှပ် ၍ ဆဟာရသဲကန္တာရကြီးတစ်ခုလုံးကို ပြင်သစ်အစိုးရကပိုင်၏။ ပြင်သစ်တို့သည် မြောက်ဘက်မှ သဲကန္တာရအတွင်းသို့ မီးရထားလမ်းများကို တိုးချဲ့ ဖောက်လုပ်၍ အချို့နေရာများ၌ အဝီစိတွင်းများကို တူးဖော်ကာ လူများနေထိုင်နိုင်အောင် စီမံ ဆောင်ရွက်လျက်ရှိ၏။ မြောက်ဘက်မှ တောင်ဘက်သို့ မော်တော်ကား၊ လေယာဉ်ပျံများနှင့် ဖြတ်သန်းသွားလာလျက်ရှိ ကြ၏။ မြို့များမှာ အများအားဖြင့် သဲကန္တာရအစွန်အဖျား၌ ရှိသည်။ ယင်းတို့အနက် တင်ဗတ်တူးမြို့မှာ အနည်းငယ် ထင်ရှားသည်။

ကိုးကား

23°N 13°E / 23°N 13°E / 23; 13 13°E / 23°N 13°E / 23; 13

Tags:

Ar-Sahara.oggဖိုင်:Ar-Sahara.oggဝီကီပီးဒီးယား:Media helpအင်္ဂလိပ်ဘာသာစကားအာဖရိကတိုက်အာရပ်ဘာသာစကားဤအသံ အကြောင်းဥရောပတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကျေးရွာအုပ်စုမိုင်တဲလ် မြန်မာအင်္ဂုလိမာလသုတ်ကိုကိုဦး (ဗိုလ်ချုပ်)စိုးလွင်လွင်မြန်မာနိုင်ငံရှိ မြို့များတဏှာတရုတ်သမ္မတနိုင်ငံတောင်တရုတ်ပင်လယ်မန္တလေးမြို့အိချောပိုနေအဖွဲ့အစည်းလင်ခန်းမယားခန်း ပြတ်စဲခြင်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များမဟာသမယသုတ်ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ဇော်ဂျီ (စာရေးဆရာ)ဗင်းဆင့် ဗန်ဂိုးစုဖုရားလတ်တနင်္သာရီတိုင်းဒေသကြီးဆင်ဖြူကျွန်းမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းတရားဂုဏ်တော်လီဆူလူမျိုးခင်ပွန်းကြီးဆယ်ပါးသိပ္ပံပညာဂျိန်ဖော့လူမျိုးဗေဒင်ဧရာဝတီတိုင်းဒေသကြီးစိတ်ပညာကရင်အမျိုးသားအလံတော်ကြာသပတေးဂြိုဟ်ကိန္နရာအကတက်စမေးနီးယားကျွန်းမြသန်းတင့်ပစိဖိတ် သမုဒ္ဒရာနွေရာသီမင်္ဂလသုတ်ဗြိတိသျှအင်ပါယာဇေယျ (စာရေးဆရာ)စင်ကာပူနိုင်ငံမြန်မာနိုင်ငံ၏ သမ္မတမြန်မာနိုင်ငံရှိ ခရိုင်များစပါးမြန်မာအက္ခရာဘော်နီယိုကျွန်းတိရစ္ဆာန်အောက်ဆီဂျင်ရိုဟင်ဂျာတစ်တော့ချစ်ပို၊ မ၊ သူရဗုဒ္ဓတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောင်လံမြို့ဘုရားဂုဏ်တော်ကွန်ချာမနီလာမြို့ဘောလုံးကစားခြင်းပီရူးနိုင်ငံခရမ်းရင့်ရောင်မန္တလေး နန်းတော်တယ်လီဖုန်း ကုတ်နံပါတ်မြန်မာ စံတော်ချိန်အမျိုးသားနေ့ရှစ်လေးလုံးအရေးအခင်းပြည်မြို့မဟာဗောဓိတထောင်ChatGPTခင်ညွန့် (ဗိုလ်ချုပ်ကြီး)အချစ်မြိတ်မြို့ကချင်လွတ်မြောက်ရေးတပ်မတော်မူးယစ်ဆေးဝါးဝီကီမီဒီယာ ဖောင်ဒေးရှင်းပြင်ဦးလွင်မြို့🡆 More