စွန်ပလွံပင်: အုန်းမျိုးနွယ်ဝင်အပင်

စွန်ပလွံပင်သည် အုန်းပင် ထန်းပင်မျိုးတို့တွင် ပါဝင်၍၊ ရာသီဥတု ပူပြင်းခြောက်သွေ့ လွန်းသောအရပ်တွင် ပေါက် ရောက်သည်။ ထို့ကြောင့် ရှေးပဝေသဏီမှစ၍၊ တူးမြောင်းများဖြင့် ရေသွင်း စိုက်ပျိုးနိုင်သော အာဖရိကတိုက် မြောက်ပိုင်းနှင့် အာရှတိုက်ရှိ သဲကန္တာရအရပ်များတွင် စွန်ပလွံပင်ကို အထူး တစ်လည် စိုက်ပျိုးခဲ့ကြသည်။

စွန်ပလွံပင်: အုန်းမျိုးနွယ်ဝင်အပင်
စွံပလွံပင်ပေါ်မှ အသီးများ


ရှေးရှေးကစ၍ ထိုအရပ်ဒေသများတွင်နေထိုင်ကြသူတို့သည် စွန်ပလွံသီးကိုနေ့စဉ်စားသုံးရန်အစာအဖြစ် သုံးစွဲခဲ့ကြသည်။ စွန်ပလွံသား ကိုလည်း အခြားသစ်သား များနည်းတူ အမျိုးမျိုး အသုံးချခဲ့ကြသည်။ ပူပြင်းခြောက်သွေ့သော ဒေသများတွင် စွန်ပလွံပင်များသည် အပန်းဖြေရန် အရိပ်ကောင်းပေးကြပေသည်။ အာရေဗျသဲကန္တာရနှင့် ဆဟားရား သဲကန္တာရများတွင်ရှိသော အိုအေးစစ် ခေါ် စိမ့်စမ်းပေါ်ထွက်ရာ ကန္တာရရိပ်သားများ၌ စွန်ပလွံပင်များ ကို စိုက်ပျိုးနိုင်၍သာ လူများ နေထိုင်နိုင်ပေသည်။ အီဂျစ်တစ် နိုင်ငံတည်း၌ စွန်ပလွံပေါင်း ၅ သိန်းကျော်မျှရှိသည်။

စွန်ပလွံပင်သည် လှပတင့်တယ်သော သစ်ပင်မျိုးဖြစ် သည်။ ပင်စည်မှာ ဖြောင့်မတ်ရှည်လျား၍ အပင်ထိပ်မှာသာ အရွက်များဝေဆာလေသည်။ ပင်စည်အမြင့် ပေ ၆ဝ မှ ပေ ၈ဝ အထိရှိသည်။ ပင်စည်၏ အခေါက်သည် ကြမ်းထော်သည်။ ငှက်တောင်သဖွယ်ဖြစ်သော အရွက်များသည် အလျား ၁ဝပေမှ ပေ ၂ဝ အထိ ရှိသည်။ စွန်ပလွံပင်သည် အသက်ရှည်သော သစ်ပင်ဖြစ်ရာ နှစ်ပေါင်း တစ်ရာကျော်အထိ နှစ်စဉ်ဆက်ကာ အသီးများသီးလေ့ရှိသည်။ အသီးကို အမှည့်အတိုင်းဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ စားသုံးကြသည်။ အချို့အသီးခိုင်ကြီး များတွင် တစ်ခိုင်လျှင် အသီးပေါင်း ၁ဝဝဝ ကျော်ပါ၍ အလေး ချိန်အားဖြင့် ပေါင် ၂ဝ ကျော်မျှ ရှိသည်။ အီရတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စွန်ပလွံ အများဆုံး စိုက်ပျိုးသော တိုင်းပြည်ဖြစ် ရာ ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ စွန်ပလွံသီး အမြောက်အမြား တင်ပို့လေသည်။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌လည်း စွန်ပလွံပင်ကို စိုက်ပျိုးကြသည်။ ဥရောပတိုက်ရှိ မြေထဲပင်လယ်ကမ်းခြေတစ် လျှောက်၌ စွန်ပလွံပင်များကို အလှအပသက်သက် စိုက်ပျိုးကြ သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ရွှေဥဒေါင်းသစ်တောမင်းသုဝဏ်လိင်ဆက်ဆံခြင်းခြင်းလုံးခြင်းလုံး ကစားခြင်းမွန်ဘာသာစကားမြန်မာဇာတ်သဘင်မြန်မာနိုင်ငံ၏ ပညာရေးတာမွေမြို့နယ်ကြွက်တက်ခြင်းလိင်စိတ်ဆွခြင်းကရမက်ထားဝယ်မြို့ထိုင်းနိုင်ငံ၏ ပြည်နယ်များဘာသာစကားအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်စကားထာမြဝတီမြို့နယ်ကမ္ဘာ့အထိမ်းအမှတ်နေ့ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းနယ်ခြားစောင့်တပ်ဖွဲ့ယာဘမြထွန်းဦးအင်းဝမင်းဆက်ကင်းခြေများရွှေတိဂုံစေတီတော်နန္ဒဘုရင်Rဇာနည်ရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်အကြည်တော်အောင်လခန္ဓသုတ်ဂျိုးလေးရွာ၊ ဝေါမြို့နယ်ဟင်္သာတထွန်းရင်မြန်မာနိုင်ငံ၏ အလံတော်အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအင်္ဂလိပ်-မြန်မာ စစ်ပွဲများမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများသံဃာဂုဏ်တော်ဘဲ (မျိုးစု)ရန်ကုန်တိုင်းဒေသကြီးဘားအံမြို့စိုးထွဋ်ကြွက်နို့မြန်မာစာစတင်ဖြစ်ပေါ်လာပုံဗင်နီဇွဲလားနိုင်ငံMinecraftကမ္ဘာမကြေဘူးနတ်ပင့်ဂါထာပေါက်မြို့နယ်ကင်ဆာရောဂါဘဲမြန်မာ ကာတွန်းရုပ်ရှင်အောင်လအန်ဆန်းစီးပွားရေးလုပ်ငန်း အမျိုးအစားများပညာမစ်ကီးမောက်စ်သစ္စာဒူးရင်းသီးဂျူးဘာသာဂေါတမဗုဒ္ဓအဲလ်ဘတ် အိုင်းစတိုင်းသျှင်မဟာ သီလဝံသအော်ကာမြန်မာနိုင်ငံရှိ မြို့များကားလိုး ကော်လိုဒီအိန္ဒြာကျော်ဇင်ဗောဇ္ဈင်ခုနစ်ပါးဓမ္မရံကြီးဘုရားဝတ်မှုန်ရွှေရည်ကချင်ပြည်နယ်သွား(လူ)ရာသီဥတုနေ့နံခရစ္စတီယာနို ရော်နယ်လ်ဒိုပလောင်လူမျိုး🡆 More