စိန့်ပီတာ

စိန်ပီတာ (ရှင်ပေတရု)သည် ယေရှု၏ တစ်ကျိပ်နှစ်ပါး သော တပည့်တော်တို့တွင် အထင်ရှားဆုံး တပည့်တော်ဖြစ် သည်။ ဓမ္မသစ်ကျမ်းတွင် စိန်ပီတာကို ဆိုင်မွန်(ရှိမုန်) ဟူ၍ ၎င်း၊ ဆိုင်မွန်ပီတာ (ရှိမုန်ပေတရု) ဟူ၍လည်းကောင်း၊ ကေဖဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့် ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။ ပီတာ၏ ငယ်စဉ်ဘဝကို မသိရသော်လည်း ကပါနေယမ် (ကပေရနောင်)မြို့တွင် ယောက်ခမ၏ အိမ်၌ ညီဖြစ်သူ အင်ဒရူး (အန္ဒြေ)နှင့်အတူ တံငါအလုပ်ဖြင့် အသက်မွေးသည် ဟူ၍ကား သိရှိရသည်။

စိန့်ပီတာ
စိန့်ပီတာ

ယေရှုသည် ဂယ်လီလီ(ဂါလိလဲ) အိုင်ထဲ၌ ပိုက်ချနေကြ သော ပီတာနှင့် သူ၏ညီ အင်ဒရူးတို့ကို မြင်လေလျှင်၊ 'ငါ့ နောက်သို့ လိုက်ကြလော့၊ သင်တို့သည် လူကိုဖမ်းသော တံငါ ဖြစ်စေခြင်းငှာ ငါပြုမည်'ဟု မိန့်သဖြင့် သူတို့သည် ပိုက်ကွန် များကို စွန့်၍ ယေရှု၏နောက်သို့ လိုက်ပါသွားကြ၏။

ပီတာသည် စိတ်လိုက်မာန်ပါပြုလုပ်တတ်သည်။ တပည့် တော်တို့တွင် ယေရှုနှင့် အရင်းနှီးဆုံး တပည့်တော်တစ်ပါးဖြစ် သဖြင့် နောက်လိုက်တပည့်များကို စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ကိုလွှဲအပ်ခြင်း ခံရသူဖြစ်သည်။ ထို့ကြောင့် ပီတာသည် ပါလက်စတိုင်းပြည်တွင်လှည့်လည်၍ ဆင်းရဲဒုက္ခခံလျက် ခရစ် ယာန်အယူဝါဒကို ဟောပြောခဲ့သည်။ ရောမမြို့တွင်လည်း သာသ နာပြုခဲ့ဘူးသည်ဟုဆိုသည်။ ဗရင်ဂျီဂိုဏ်းဝင်တို့က စိန်ပီတာ အား ရောမမြို့၏ ပထမဂိုဏ်းအုပ်ဘုန်းကြီးအဖြစ်၎င်း၊ ပထမ ပုပ်ရဟန်းမင်းကြီးအဖြစ်၎င်း၊ အသိအမှတ် ပြုထားကြသည်။

စိန်ပီတာသည် ရောမဘုရင် နီးရိုးလက်ထက်တွင် အဖမ်းခံ ရပြီးနောက် ကားစင်တင်၍အသတ်ခံရသည်ဟု အချို့ကဆိုသည်။ အချို့ကလည်း အသက်အရွယ်ကြီးရင့်လာသဖြင့် အိုမင်းမစွမ်း ဖြစ်၍ အနိစ္စရောက်သည်ဟု ဆိုသည်။ ဓမ္မသစ်ကျမ်းတွင် စိန်ပီ တာရေးခဲ့သော ဩဝါဒစာ ၂ စောင်ကိုတွေ့ရှိနိုင်သည်။ ရောမမြို့တွင် စိန်ပီတာအားရည်စူး၍ ဆောက်လုပ်ထား သော ဘုရားရှိခိုးကျောင်းကြီးကို၎င်း၊ ထိုကျောင်းအတွင်း၌ စိန်ပီတာ၏ ကြေးရုပ်တုကြီးကို၎င်း တွေ့မြင်နိုင်ပေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မီလန်မြို့၃၁-ဘုံဖက်ဒရယ်ပြည်ထောင်စုစနစ်သမ္မာကျမ်းစာမြန်မာပိတောက်ကျန်စစ်သားကျန်းမာရေး ဝန်ကြီးဌာနသွေးထေရဝါဒမြန်မာ-အင်္ဂလိပ် အဘိဓာန်မြန်မာသရုပ်ဆောင်များစာရင်းအောက်ချင်းငှက်ယောက်ျား အင်္ဂါတံကမ္ဘာမြေနေ့လိင်စိတ် နိုးထခြင်းနန္ဒမာလာဘိဝံသဂုဏ်ဆယ်ပါးမိုင်တဲလ် မြန်မာနတ်သျှင်နောင်မင်းကျင့်တရားအောင်ချိမ့်မြန်မာတိုင်းရင်းသားမျိုးနွယ်များမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့စိန်ဦးသန့်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းအာဆီယံထိပ်သီးအစည်းအဝေးမြန်မာနိုင်ငံ၏ အမည်များသန်လျင်မြို့အပူချိန်ခုနစ်နေ့ဘုရားရှိခိုးနှစ်ကျိပ်ရှစ်ဆူကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)စိုးလွင်လွင်သောတာပန်ဇာတ်ကြီးဆယ်ဘွဲ့သီတင်းကျွတ်လပြည့်နေ့သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမြစ်ကြီးနားမြို့ညှင်းပြေတီဦး.mmရေသည်ပြဇာတ်တရုတ်စံကားဆင်ဖြူရှင်မင်းကိုယ်ဝန်ဖျက်ချခြင်းမေတ္တာမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကိုကိုးကျွန်းအာဇာနည် ခေါင်းဆောင်ကြီးများမြိတ်မြို့ကျင့်ဝတ်တင်မိုးအမျိုးသမီးများ၏ အခွင့်အရေး၂၄ ပစ္စည်းငှက်ဖျားရောဂါကီလိုမီတာညစ်ညမ်းခြင်းများအမြောက်တရုတ်မကွေးတိုင်းဒေသကြီးခါကာဘိုရာဇီအိတ်ချ်အိုင်ဗွီ ရောဂါပိုးကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်စိတ်အရှေ့တောင်အာရှနိုင်ငံများအသင်းနတ်နေပြည်တော်မြို့စံပယ်ပန်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဇီဝဇိုးငှက်ဩကာသ ဘုရားရှိခိုးဝိနည်းဘကြီးတော်(စစ်ကိုင်းမင်း)အောင်သူ (ဘောလုံးသမား)ခရမ်းလွန်ရောင်ခြည်🡆 More