စပါးလင်

စပါးလင် (Cymbopogon) သည် အာရှတိုက်၊ အာဖရိကတိုက်၊ ဩစတြေးလျတိုက်တွင် ပေါက်သော မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်၏။ တစ်ပင်နှင့်တစ်ပင် စုပြုံ၍ ပေါက်လေ့ရှိ၏။ အရွက်များသည်သေးသွယ်ရှည်လျား၍ ကြမ်းသည်။ အရွက်၏ဘေးစွန်းများသည် ဓားသွားကဲ့သို့ ထက်၏။ စပါးလင်ပင်သည် အပွင့် ပွင့်ခဲသည်။ အများအားဖြင့် စပါးလင်ကို ဟင်းလျာများ အနံ့ကောင်းစေရန် အသုံးပြုကြ၏။ ဆေးဝါးအဖြစ်လည်း အသုံးပြုကြသည်။ အစာကြေစေရန်အတွက်လည်းကောင်း၊ ချွေးထွက်စေရန်အတွက်လည်းကောင်င်း အတွင်းဆေးအဖြစ် စားသုံးကြ၏။ ထို့ပြင် ရေချိုးရာ၌လည်းကောင်း၊ ကျပ်ထုပ်ထိုးရာ၌လည်းကောင်း စပါးလင်ကို အသုံးပြုကြသေးသည်။

Lemongrass
စပါးလင်
Cymbopogon citratus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးရင်းသေး: Panicoideae
Supertribe: Andropogonodae
မျိုးဇာတ်: Andropogoneae
မျိုးဇာတ်သေး: Andropogoninae
မျိုးစု: Cymbopogon
Spreng.
အမျိုးအစား မျိုးစိတ်
Cymbopogon schoenanthus
Synonyms
  • Andropogon sect. Cymbopogon (Spreng.) Steud.
  • Andropogon subg. Cymbopogon (Spreng.) Nees
  • Gymnanthelia Andersson

စပါးလင်မွှေးခေါ် စပါးလင်တစ်မျိုးလည်း ရှိသည်။ ထိုစပါးလင်မွှေးကို အထူးတလည် စိုက်ပျိုးယူကြ၏။ အရိုင်းပေါက်နေသော စပါးလင်ပင်များကိုလည်း တွေ့ရတတ်သည်။ ဤစပါးလင်မျိုးမှ စီထရိုနယ်လာဆီ(စပါးလင်ဆီ)ကိ ထုတ်ယူကြ၏။ ထိုအဆီကို အမွှေးအကြိုင် ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အစာကြေစေရန်အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ ထိုစပါးလင်ဆီကို ဗယ်စလင်နှင့်ရော၍ အရေပြားပေါ်၌ သုတ်ထားလျှင် ခြင်အကိုက်သက်သာသည်။

စပါးလင်ပင်များကို ရေမဝပ်နိုင်သောနုံးမြေများတွင် စိုက်ပျိုးလေ့ရှိကြ၏။ တစ်နှစ်တွင် မိုးရေချိန်လက်မ၁၂ဝ မျှရရှိသော ဒေသများ၌ စိုက်ပျိုးလျှင် ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ စိုက်ပျိုးရန် သင့်တော်သည်။ စိုက်ပျိုးရာ၌ မြေကို နွေအခါကထွန်ယက်၍ မိုးကျမှ စိုက်ပျိုးကြသည်။ စိုက်သောအခါ အတက်များကို ထိပ်ဖြတ်ပြီးနောက် အတန်းလိုက် စိုက်ကြသည်။ တစ်တန်းနှင့် တစ်တန်းကို ၃ ပေစီခွာ၍လည်းကောင်း၊ တစ်ပင်နှင့်တစ်ပင်ကို ၂ ပေစီခွာ၍လည်းကောင်း စိုက်ပျိုးတတ်ကြသည်။ စပါးလင်သည် မြေသစ်၌ ဖြစ်ထွန်းလေ့ရှိရာ မြေဩဇာထည့်ပေးရန် မလိုချေ။ ခြံမြေ၌စိုက်လျှင် နောက်ချေးဆွေး ထည့်ပေးရန် လိုသည်။ ပေါင်းသင်ပေးခြင်း မှတပါး စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပေ။ စပါးလင်ပင်သည် သုံးလေးနှစ်ခံသည်။

စပါးလင်မွှေး

ပုံသဏ္ဌာန် : အပင် သက်ကယ်ပင်နှင့် သဏ္ဌာန်တူသည်။ ၄ ပေ မှ ၆ ပေ မြင့်၍ အနံ့ အလွန်မွှေးသည်။ အရွက် ၃ ပေခန့် ရှည်သည်။ အရင်းဘက်တွင်ကြီး၍ အဖျားသို့ တဖြည်းဖြည်း သေးပြီး ချွန်သွား၏။ အပွင့် ပွင့်ချိန်တွင် အရွက်များ ရင့်ရော်ခြောက်သွေ့သွား၏။ ဟင်းစားစပါးလင်ထက် ရွက်ပြားပိုကြီးပြီး ပို၍ရှည်လျားသည်။ အပွင့် အပင်အလယ်မှထွက်၍ ထိပ်ဖျားတွင် အဆုပ်လိုက် ဖွာပြီး ပွင့်၏ သီတင်းကျွတ်လကုန်လောက်တွင် ဖူးတံ ထွက်၍ ပြာသို ၊ တပို့တွဲလများတွင် ကိုင်းပွင့်များကဲ့သို့ ပွင့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ ဒေသအများအပြားတွင် ပေါက်ရောက်သည်။ အမြင့်ပေ ၂၀၀၀ အထိဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။ စိုက်ပျိုးနည်းစနစ်။ ။ စပါးလင်မွှေးကဲ့သို့ပင် ဖြစ်သည်။ အသုံးဝင်ပုံ : ပဉ္စငါးပါး

၁ ။ စပါးလင် ဆီကို အဆစ်အမျက် ရောင်ရမ်းသောနေရာ၌ နာနာပွတ်၍ လိမ်းပေးက အဆစ်ရောင်ရမ်းခြင်း လျော့၍ ပျောက်ကင်း၏။

၂ ။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏။

၃ ။ စပါးလင် လက်ဆုပ်ခန့်ကို အမြီး၊ ခေါင်း ဖြတ်၍ ရေနှင့် သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့ ၃ ကြိမ်ထက်မနည်း သောက်ပါက ၃ ရက်ခန့် အကြာတွင် ဂျွန်းဒစ်ခေါ် ဆီး ကြောင့်ဖြစ်သော အသားဝါရောဂါ ပျောက်ကင်း၏။

၄ ။ စပါးလင်ခေါင်းအား ငရုတ်ကောင်းစေ့နှင့် ပေါင်းကြိတ်ပြီး ငရုတ်ကောင်းစေ့ခန့် လုံး၍ နေ့စဉ်သောက်လျှင် ရိုးရိုးအဖျားနှင့် ငှက်ဖျားပျောက်၏။

၅ ။ စပါးလင်အရည်သည် အစာမကြေ၊ ခံတွင်းမကောင်းသောရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။

၆ ။ ငှက်ဖျားရောဂါ ထူထပ်သော ဒေသများတွင် ခြင်ကို ကာကွယ်နိုင်ရန်အတွက် စပါးလင်ဆီကို ဖယောင်းဖြင့် ရောကျို၍ ခြင်ကိုက်သည့် နေရာများတွင် သုတ်လိမ်းပေးရ၏။

ကိုးကား

Tags:

မြက်ပင်အာဖရိကတိုက်အာရှတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဇာတ်ကြီးဆယ်ဘွဲ့ပြေတီဦးဟံသာဝတီမြောက်ဦးမြို့ပုပ္ပါးတောင်ကုန်းဘောင်ခေတ် နာမည်တွက်နည်းနယ်သာလန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမေတ္တသုတ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမိတ်လိုက်ခြင်းပခုက္ကူမြို့ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)တောက်တဲ့ဆံပင်မဟာဓမ္မရာဇာဓိပတိပိုင်တံခွန်ဘတ်စကက်ဘောအီကွေဒေါနိုင်ငံမိုဘိုင်းလ်ဖုန်းငွေဆောင်ကမ်းခြေသနပ်ခါးကောသလမင်း အိပ်မက် (၁၆)ချက်ရဟန်းခံခြင်းမြန်မာနိုင်ငံရှိ မြို့နယ်များစကြဝဠာဉာဏ်ရည်တုနည်းပညာတောင်ငူ-ဟံသာဝတီခေတ်စတော်ဘယ်ရီဒိဋ္ဌိနက်ရှိုင်းသော အစုံလိုက်သုံးပက်ကက် စစ်ဆေးခြင်းစားပွဲတင်တင်းနစ်ပုဗ္ဗဏှသုတ်ရာဇာဓိရာဇ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးဘိုးမင်းခေါင်မြန်မာနိုင်ငံ၏ အလံများ စာရင်းမန္တလေး ဘိုးတော်ဂူဂဲဘာသာပြန်မြန်မာ့ လက်ဝှေ့တရားရှုမှတ်ခြင်းအယ်လ်နီညိုငပလီကမ်းခြေမြန်မာနိုင်ငံသီရိလင်္ကာနိုင်ငံဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မဟာဘုတ်နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)ရာသီဥတုပြောင်းလဲမှုတပ်မတော်ခွေးနှလုံးသွေးကြောကျဉ်းရောဂါကန့်မြန်မာနိုင်ငံရှိ မြို့များရှမ်းလူမျိုးပုဂံဧရာဝတီမြစ်အသံရာသီခွင်စိတ်ခုနစ်နေ့ဘုရားရှိခိုးသစ္စာပိဋကတ် သုံးပုံနန်းမတော်မယ်နုမဟာနိဒါနသုတ်လေဖြတ်ခြင်းစစ်တက္ကသိုလ် (ပြင်ဦးလွင်)မြွေကိန်းသစ်ပင်ဇွဲကပင်တောင်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပြည်မြို့ဝေလငါး🡆 More