စတော့ဟုမ်းမြို့

စတော့ဟုမ်း (အင်္ဂလိပ်: Stockholm) မြို့သည် ဆွီဒင်နိုင်ငံ၏မြို့တော်ဖြစ်သည်။ စက်မှု လက်မှုလုပ်ငန်း၏ ဗဟိုအချက်အချာ ဌာနလည်း ဖြစ်၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၁,၇၈၇ ယောက် ရှိသည်။ ဤမြို့ကို ၁၂၅၅ ခုနှစ်တွင် ဆွီဒင်လူမျိုး နိုင်ငံခေါင်းဆောင်ကြီး ဗျာလဗို မြို့သား ဗျာယာ ဆိုသူက စတင် တည်ထောင်ခဲ့လေသည်။ မြို့အနေအထားမှာ တော်လဆီအွန် ပင်လယ်အော်နှင့်မေလာရေအိုင်ကြီးတို့၏ကမ်းခြေနှင့် ကျွန်းငယ် ကလေးများပေါ်တွင် ကျယ်ပြန့်စွာ တည်ရှိနေသဖြင့် အလွန်လှပ လေရကား၊ စတော့ဟုမ်းမြို့ကို ကမ္ဘာ့မြောက်ပိုင်း၏ ဗင်းနစ်မြို့ ဟူ၍ပင် ခေါ်ကြသည်။ တစ်ကျွန်းမှ တစ်ကျွန်းသို့ သွားလာရေး အတွက်လည်း ခိုင်ခံ့သော တံတားကြီးများ ဆောက်လုပ်ထား ၏။ ကျွန်းများ၌ ကျယ်ပြန့်သော ကမ်းခြေများရှိသဖြင့် လူ အများသည် ထိုဒေသသို့ လာရောက်ကာ ရေကူးခြင်း၊ နေစာလှုံခြင်းများ ပြုလုပ်ကြသည်။ ဆောင်းရာသီ ရေခဲသောအခါ၌ လည်း စတော့ဟုမ်းမြို့ပတ်ဝန်းကျင်ရှိ ရေခဲပြင်များတွင် စကိတ် စီးခြင်း၊ စကီးစီးခြင်း ပြုလုပ်ကြသည်။

စတော့ဟုမ်းမြို့
စတော့ဟုမ်းမြို့

စတော့ဟုမ်းမြို့တွင် ကြီးကျယ်ခမ်းနားသော ကစားကွင်းကြီးများ၊ ဥယျာဉ်ကြီးများနှင့် အဆောက်အအုံကောင်းကြီးများ ရှိသဖြင့် ဆွီဒင်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကို ဤမြို့၌ တွေ့မြင်နိုင်လေသည်။ ရှေးဟောင်းရာဇဝင် အဆောက်အအုံများဖြင့် ပြတိုက်ကြီးသဖွယ် ခမ်းနား လှသော စကန်ဆင် ဥယျာဉ်ကြီးမှာ ၁၆ဝဝ ပြည့်နှစ်မှစ၍ ယနေ့တိုင် မြို့သူမြို့သားများ၏ အပန်းဖြေရိပ်သာ ဖြစ်ပေသည်။ ၁၃ ရာစုနှစ်အတွင်းက ဆောက်လုပ်ခဲ့သော ရစ်ဒါဟုမ်း ဘုရားရှိခိုးကျောင်း၊ ၁၇၅၄ ခုနှစ်တွင် ပြီးစီးသော ဘုရင့်နန်းတော်၊ ပါမောက္ခအော့စဗတ် ဆောက်လုပ်၍ ၁၉၂၃ ခုနှစ်တွင် ဆောက် လုပ်သော ဘုရင့်ကပွဲရုံကြီးများမှာ စတော့ဟုမ်းမြို့ရှိ ထင်ရှား ကျော်စော၍ ပိသုကာလက်ရာမြောက်သော အဆောက်အအုံကြီး များ ဖြစ်ကြသည်။ ထို့ပြင် စတော့ဟုမ်းတက္ကသိုလ်၊ ဆေးကျောင်း၊ စိုက်ပျိုးရေးကျောင်း၊ သစ်တောကျောင်း၊ အင်ဂျင်နီယာကျောင်း အစရှိသော အဆောက်အအုံများနှင့် ပြတိုက်အမျိုး မျိုးလည်း ရှိလေ၏။ စီးပွားရေး လုပ်ငန်းများအဖြစ် အင်ဂျင်စက်၊ တံတား၊ သင်္ဘောစသော သံထည်ပစ္စည်းများ၊ စက္ကူနှင့် အစားအသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သဖြင့် ထိုလုပ်ငန်း ရပ်များဆိုင်ရာ စက်ရုံများကိုလည်း စတော့ဟုမ်းမြို့၌ပင် တွေ့ မြင်နိုင်၏။

ဆောင်းရာသီ၌ သင်္ဘောဆိပ်တွင် ရေခဲမနေစေရန် ရေခဲခွဲစက်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသောကြောင့် ပင်လယ် သွားသင်္ဘောကြီးများမှာ စတော့ဟုမ်းဆိပ်ကမ်းသို့ ကောင်းစွာ ဝင်ထွက်သွားလာနိုင်ကြ၏။ စတော့ဟုမ်းမြို့သည် ဆွီဒင်နိုင်ငံ၏ အကြီးဆုံး သင်္ဘောဆိပ် ဖြစ်လေသည်။


စတော့ဟုမ်း မြို့တော်ခန်းမမှ ၃၆၀ ဒီဂရီ ပတ်လည် ရိုက်ကူးထားသောပုံ
စတော့ဟုမ်း မြို့တော်ခန်းမမှ ၃၆၀ ဒီဂရီ ပတ်လည် ရိုက်ကူးထားသောပုံ

ကိုးကား

Tags:

ဆွီဒင်နိုင်ငံအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗုဒ္ဓဂျိုးဇတ် စတာလင်ကာဝတ်မှုန်ရွှေရည်ဂျီသရီးရိုင်ဖယ်ပြည်ထောင်စုနေ့ဆွီဒင်နိုင်ငံအာနန္ဒာဘုရားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမြန်မာနိုင်ငံရှိ မြို့များကွန်ပျူတာပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုကရေးတီးရှမ်းဘာသာစကားအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်မဟာသမယသုတ်မောရသုတ်ပွေး(ရောဂါ)သေနတ်အောင်သင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပန်းဆယ်မျိုးဦးပုညလူသားမန်ဂျပ်ရှားကျွန်းနက်သမ္ဗုဒ္ဓေနတ်ထွေးလေးစစ်တက္ကသိုလ် (ပြင်ဦးလွင်)ကချင်ပြည်နယ်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ရှစ်လေးလုံးအရေးအခင်းဗလာဒီမီယာ ပူတင်မြန်မာသဒ္ဒါလူသားတစ်ဦး၏လိင်တံအရွယ်အစားမောင်သာချိုညစ်ညမ်းခြင်းများကယားလူမျိုးနိဗ္ဗာန်စမူဆာမိုးကုတ်မြို့မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံကုန်းဘောင်ခေတ် နာမည်တွက်နည်းပင်လယ်သေမြင့်မြတ်တပ်မတော် (ကြည်း)စိုးထွဋ်ရေတစ်သောင်းကျပ်တန် ငွေစက္ကူသတိပဋ္ဌာန်ဒူဘိုင်းမြို့သင်္ကြန်မိုးဒီမိုကရေစီမြမြန်မာဘာသာစကားရခိုင်ပြည်နယ်ဘုန်းကြီးကျောင်းရန်ကုန်တက္ကသိုလ်ပိုးသတ်ဆေး၃၈ ဖြာ မင်္ဂလာမြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းမင်္ဂလာပါအင်းဝခေတ်ဘာသာစကားထူးအိမ်သင်နန်းမွေစံကျောက်စိမ်းအာဋာနာဋိယသုတ်မြန်မာ့သမိုင်းမြင်းခွာပင်သိင်္ဂါလောဝါဒသုတ်တော်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ကုလသမဂ္ဂသာယာဝတီမင်းခေါင်းကိုက်ခြင်း🡆 More