စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်သည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) ဟုခေါ်ဆိုကြသည်။ ထိုစကားလုံးသည် ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ (ခါကီ) (khaki) ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။
စစ်အာဏာရှင်စနစ်သည် "coup d'état" ခေါ် အစိုးရကိုဖြုတ်ချခြင်းမှ ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် အရပ်သားအစိုးရရှိလျက်နှင့်ပင် စစ်တပ်ကိုယ်တိုင်အုပ်ချုပ်မှုများလည်း ရှိနိုင်သည်။ ထိုကဲ့သို့သောအခြေအနေများတွင် အစိုးရသည် စစ်တပ်၏အလိုကိုလိုက်ပေးရခြင်း သို့မဟုတ် အစိုးရ၏အာဏာမှေးမှိန်ခြင်းတို့ဖြစ်တတ်သည်။ သာဓကအားဖြင့် ပထမကမ္ဘာစစ်ကာလ ဂျာမန်အင်ပါယာတွင် ဂျာမန်စစ်ဗိုလ်ချုပ်များသည် ဘုရင် ဝီလ်ဟမ် (Kaiser Wilhelm II) ထက်ပင် အာဏာပို၍ကြီးမားလာခဲ့သည်။ ၁၉၃၁ နောက်ပိုင်း ဂျပန်အင်ပါယာတွင်လည်း စစ်တပ်သည်အစိုးရအားဖြုတ်ချမှုမရှိသော်လည်း ဗီတိုအာဏာကိုအသုံးပြုနိုင်ခဲ့သည်။
စစ်အာဏာရှင်များသည် အရပ်သားအစိုးရကို ပြန်လည်ဖွဲ့စည်းပေးသော်လည်း အစိုးရ၏အကြီးအကဲအဖြစ် ဆက်လက်လုပ်ဆောင်ကြသည်။ ပါကစ္စတန်နိုင်ငံ၏ ဗိုလ်ချုပ်များဖြစ်ကြသော Muhammad Zia-ul-Haq (၁၉၇၇–၁၉၈၈) နှင့် Pervez Musharraf (၁၉၉၉–၂၀၀၈) တို့သည် မိမိ၏သမ္မတရာထူးကို တိုးချဲ့နိုင်ကြသည်။
စစ်အာဏာရှင်အစိုးရများသည် ထိုသို့အုပ်ချုပ်ရကြောင်းကို နိုင်ငံတော်တည်ငြိမ်စေလိုခြင်း၊ ပြည်သူများအတွက် အန္တရာယ်ရှိသောဝါဒများမှ ကာကွယ်စေလိုခြင်း စသည်တို့ကိုအကြောင်းပြုကြသည်။ စစ်အာဏာရှင်များအားလုံးသည် နိုင်ငံတော်၏အရေးပေါ်အခြေအနေတွင် Martial law ခေါ် စစ်တပ်မှခေတ္တအုပ်ချုပ်ခြင်းကို အကြောင်းပြုပြီးအာဏာသိမ်းခဲ့ကြသည်။
စစ်အာဏာရှင်စနစ်နှင့် ဘုရင်စနစ်တို့မှာ ဆင်တူမှုများရှိသည်။ စနစ်နှစ်ခုလုံး၏ခေါင်းဆောင်များမှာ စစ်ဖက်ရေးရာတွင် အတွေ့အကြုံရှိကြသူများ သို့မဟုတ် စစ်တပ်၏ဦးဆောင်သူများ ဖြစ်ကြသည်။ ထို့အပြင် နောက်ဆက်ခံမည့်သူများကိုလည်း စစ်ပညာကိုသင်ကြားစေသည်။
အဓိကကွာခြားချက်မှာ ဘုရင်စနစ်တွင် မိမိ၏သားများကို နောက်ဆက်ခံမည်သူအဖြစ် တင်မြှောက်နိုင်သည်။ စစ်အာဏာရှင်စနစ်တွင်မူ ထိုကဲ့သို့တင်မြောက်နိုင်စွမ်းမရှိပေ။ ထိုကဲ့သို့မြှောက်တင်ပါကလည်း အာဏာမှာမှေးမှိန်လာခဲ့လေသည်။ သာဓကအားဖြင့် နပိုလီယန်သည် ပြင်သစ်အစိုးရကိုဖြုတ်ချပြီးနောက် ပြင်သစ်နိုင်ငံ၏ဘုရင်အဖြစ်ခံယူလေသည်။ သို့သော် ပြင်သစ်ဘုရင်စနစ်ထောက်ခံသူများနှင့် ဥရောပဘုရင်များသည် နပိုလီယန်ကိုဘုရင်အဖြစ် အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။
နိုင်ငံ | ယခင်အစိုးရစနစ် | ရက်စွဲ | ရက်စွဲ |
---|---|---|---|
ဘင်္ဂလားဒေ့ရှ် | Unitary parliamentary constitutional republic | ၃၀ ဒီဇင်ဘာ ၂၀၁၈ | ၂၀၁၈ ရွေးကောက်ပွဲ |
ဆူဒန် | Federal dominant-party presidential republic | ၁၁ ဧပြီ ၂၀၁၉ | 2019 Sudanese coup d'état |
မာလီ | Unitary semi-presidential republic | ၁၉ ဩဂုတ် ၂၀၂၀ | 2020 Malian coup d'état 2021 Malian coup d'état |
မြန်မာ | Unitary assembly independent constitutional republic | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း |
ချဒ် | Unitary dominant-party presidential republic | ၂၀ ဧပြီ ၂၀၂၁ | Northern Chad offensive |
This article uses material from the Wikipedia မြန်မာဘာသာ article စစ်အာဏာရှင်စနစ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.