မဒါဂတ်စကားနိုင်ငံ

47°E / 20°S 47°E / -20; 47


မဒါဂတ်စကားသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်၏ အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် တည်ရှိသည်။ နိုင်ငံအတွင်း မဒါဂတ်စကားကျွန်း ပါဝင်ပြီး ထိုကျွန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်ကာ ၅၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၂၂၇,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ထိုကျွန်းသာမက အခြားသော ကျွန်းငယ်လေးများ မြောက်မြားစွာ ပါဝင်ပြီး ထိုကျွန်းများတွင် အကြီးဆုံးမှာ နိုဆီဘီ နှင့် နိုဆီဘိုဟာရာ ကျွန်းတို့ ဖြစ်ကြသည်။

မဒါဂတ်စကား သမ္မတနိုင်ငံ
Madagascar၏ အလံတော်
အလံတော်
Madagascar၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
  • "Fitiavana, Tanindrazana, Fandrosoana" (Malagasy)
  • "Amour, Patrie, Progrès" (ပြင်သစ်)
  • "Love, Fatherland, Progress"
နိုင်ငံတော် သီချင်း: Ry Tanindrazanay malala ô!
ချစ်စရာကောင်းတဲ့ တို့ဘိုးဘွားမြေ
Madagascar၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အန်တာနာနာရီဗိုမြို့
18°55′S 47°31′E / 18.917°S 47.517°E / -18.917; 47.517
ရုံးသုံး ဘာသာစကားများ
လူမျိုးစု (၂၀၀၄)
ကိုးကွယ်မှု
DemonymMalagasy
အစိုးရပြည်ထောင်စု တစိတ်တပိုင်းသမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်
• သမ္မတ
Andry Rajoelina
• ဝန်ကြီးချုပ်
Christian Ntsay
• ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ
Rivo Rakotovao
• အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
Christine Razanamahasoa
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
တည်ထောင်ခြင်း
၁၅၄၀
၁၈၉၆ ခုနှစ် ဩဂုတ်လ ၆ ရက်
• သမ္မတနိုင်ငံကြေညာခဲ့
၁၉၅၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်
• ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း
၁၉၆၀ ခုနှစ် ဇွန်လ ၂၆ ရက်
ဧရိယာ
• စုစုပေါင်း
၅၈၇,၀၄၁ km2 (၂၂၆,၆၅၈ sq mi) (အဆင့်: ၄၆)
• ရေထု
၅,၅၀၁ km2 (၂,၁၂၄ sq mi)
• ရေထု (%)
၀.၉%
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
၂၈,၄၂၇,၃၂၈ (အဆင့် - ၅၂)
• သိပ်သည်းမှု
၃၅.၂/km2 (၉၁.၂/sq mi) (အဆင့် - ၁၇၄)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၄၅.၉၄၈ ဘီလီယံ
• Per capita
$၁,၆၉၇
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၁၂.၇၃၄ ဘီလီယံ
• Per capita
$၄၇၁
Gini (၂၀၁၂)မဒါဂတ်စကားနိုင်ငံ ၄၂.၆
အလယ်
HDI (၂၀၁၉)Increase ၀.၅၂၈
နိမ့် · ၁၆၄
ငွေကြေးအာရီယာရီ (MGA)
အချိန်ဇုန်EAT (UTC+3)
• နွေရာသီ (DST)
not observed (UTC+3)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၆၁
Internet TLD.mg

မဒါဂတ်စကားသည် ဇီဝမျိုးကွဲတို့နှင့် ပတ်သက်၍ အရေးပါသော နေရာတစ်နေရာဖြစ်ပြီး ၎င်းတွင် တွေ့ရသော အပင်နှင့် တိရစ္ဆာန် အမျိုးအစား ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာပေါ်ရှိ တခြားနေရာများတွင် မည်သည့်နေရာတွင်မှ မတွေ့ရပေ။

သမိုင်းကြောင်း

မဒါဂတ်စကားကျွန်းကို ရှေးအခါကာလက အာရပ် လူမျိုးတို့ လာရောက်၍ နယ်သစ်စိုက်ထူကြသည်။ ထိုနောက် ၁၅ဝဝ ပြည့်နှစ်ခန့်က ပေါ်တူဂီလူမျိုးတို့ ရောက်လာကြသည်။ ၁၇ ရာစုနှစ်တွင် ပြင်သစ်တို့လာရောက်၍ စခန်းများဖွင့်ကြ သည်။ သို့သော် ကြာမရှည်ပေ။ ၁၈ ရာစုနှစ်တွင် ပြန်လည် ဖွင့်လှစ်ပြန်သည်။ ၁၈၁ဝ ပြည့်နှစ်မှ ၁၈၁၁ခုနှစ်အထိ ပြင်သစ် စခန်းများကို ဗြိတိသျှတို့က သိမ်းပိုက်ထားခဲ့၏။ ထိုအတော အတွင်း ခရစ်ယာန်အယူဝါဒီဖြစ်သော တိုင်းရင်းသားအကြီးအကဲ တစ်ဦးသည် ပထမ ရိုဒါမာဘုရင်အဖြစ် နန်းတက်အုပ်စိုးသည်။ ယင်းဘုရင်လွန်ပြီးနောက် အချင်းချင်း မသင့်မတင့်ဖြစ်ကြပြန် လေရာ ပြင်သစ်တို့က ဥရောပတိုက်ရှိ လက်နက်နိုင်ငံများအား ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်ပေးရန် တောင်းပန်ခဲ့ကြသည်။ ၁၈၉ဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်က မဒါဂတ်စကားတွင် ပြင်သစ်တို့အုပ်ထိန်းခြင်းကို အသိအမှတ်ပြုခဲ့သော်လည်း မာလာ ဂေဆီတို့က လက်မခံခဲ့ပေ။ ထိုကြောင့် မဒါဂတ်စကားသို့ စစ်တပ်များစေလွှတ်ကာ ထိုစဉ်က အုပ်စိုးနေသော ဘုရင်အား ပြင်သစ်တို့ အုပ်ထိန်းခြင်းကိုလက်ခံအောင် အတင်းအကြပ်ပြုခဲ့ သည်။ ၁၈၉၆ ခုနှစ်တွင် မဒါဂတ်စကားကျွန်းသည် ပြင်သစ်တို့၏ ကိုလိုနီနယ်ဖြစ်လာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ၁၉၄၂ ခုနှစ်တွင် မဒါဂတ်စကားကျွန်းကို ဗြိတိသျှတို့ သိမ်း ပိုက်ထားခဲ့သည်။ ဤသို့ပြုရခြင်းမှာ အိန္ဒိယသမုဒ္ဒရာ အတွင်း ရှိ မဟာမိတ်သင်္ဘောများကို တိုက်ခိုက်နိုင်ရန်အလို့ငှာ မက်ဒါ ဂက်စကာကျွန်းကို ဝင်ရိုးတန်းနိုင်ငံများက အသုံးပြုခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်၏။ သို့သော် နောင်အခါ ဗြိတိသျှတို့သည် မိမိတို့ဘက်သား ပြင်သစ်တို့အား ပေးအပ်ခဲ့သည်။ စစ်ပြီး ကာလတွင် မဒါဂတ်စကားကျွန်းသည် ပြင်သစ်သမဂ္ဂတွင် အဝင်အပါဖြစ်သော ပင်လယ်ရပ်ခြား ပြင်သစ်ပိုင်နယ် ဖြစ်လာခဲ့၏။ ၁၉၄၇ ခုနှစ်တွင် တိုင်းရင်းသားများ လက်နက်ကိုင်၍ ပုန်ကန်ထကြွသော်လည်း ပြင်သစ်တို့က မကြာမီ နှိမ်နင်းလိုက် လေသည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော ပြည်သူ့ဆန္ဒမေးပွဲကြီး၌ မဒါဂတ်စကားကျွန်းသည် ပြင်သစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို တစ်ကျွန်းလုံးလိုလို ထောက်ခံခဲ့၍ ပြင်သစ်ပြည်ထောင်စုတွင် အဝင်အပါ သမ္မတ နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ မာလာဂေဆီသမ္မတနိုင်ငံဟူ၍လည်း အမည်ပြောင်းလိုက်လေသည်။ ၁၉၆ဝ ပြည့်နှစ်တွင် အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့လေသည်။

ကိုးကား

Tags:

ပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အသည်းရောင် အသားဝါ ရောဂါ ဘီပိုးစစ်ဆောင်ပန္နားပစ္စဝေက္ခဏာဆင်ခြင်ခြင်းပြည်ထောင်စုနေ့မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အစုအပြုံလိုက် သတ်ဖြတ်မှုများဖားမိုးကောင်းမြို့နယ်တန်ခူးလတိဗက်ကျောက်ဆည်မြို့နရသီဟပတေ့စက်တော်ရာသီရိလင်္ကာနိုင်ငံဓမ္မရံကြီးဘုရားပရိတ်ကြီး ၁၁ သုတ်ဗမာပြည် ကွန်မြူနစ်ပါတီသဇင်ပန်းပုသိမ်မြို့ဗဟိုစာမျက်နှာညှင်းဓနုလူမျိုးသင်္ဂါယနာစံပယ်ပန်းမြန်မာဘာသာခွေးပြင်ဦးလွင်မြို့နယ်ဝိကာလဘောဇနသိက္ခာပုဒ်မင်းသုဝဏ်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အဆင့် ခရီးစဉ်များရွှေတိဂုံစေတီတော်မြန်မာတို့၏ကျင့်ဝတ်များပဉ္စဝဂ္ဂီငါးဦးမင်းလူစတုမဟာရာဇသုတ်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များမုံရွာမြို့ပုဗ္ဗဏှသုတ်မြန်မာပိတောက်ပင်နီဆီလင်ရန်ကုန်တိုင်းဒေသကြီးပုပ္ပားမယ်တော်ဥပုသ်သီပေါမင်းပုဂံလိင်ကချင်လူမျိုး၃၂ ကောဋ္ဌာသမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြင်းအမျိုးသမီးမြန်မာ့ ပထမဆုံးများကျောက်စာချင်းမိုင်မြို့အီရန်နိုင်ငံနန္ဒမာလာဘိဝံသပြင်ဦးလွင်မြို့စိန်ဂျာမနီနိုင်ငံကံဂူဂယ်ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်အာနာပါနကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများနေမြန်မာတိုင်းရင်းသားမျိုးနွယ်များမလေးရှားနိုင်ငံကားလိုး ကော်လိုဒီ၂၄ ပစ္စည်းအာဇာနည်နေ့နှလုံးသွေးကြောကျဉ်းရောဂါကချင်လွတ်မြောက်ရေးတပ်မတော်ငါးပါးသီလနန်းမတော်မယ်နုဒိဋ္ဌိ🡆 More