ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ

24°E / 3°S 24°E / -3; 24

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို ယခင်က ဇိုင်ယာနိုင်ငံဟု ခေါ်ဝေါ်ခဲ့ကြသည်။ အာဖရိကတိုက် အလယ်ပိုင်းတွင် တည်ရှိသည်။ အတ္တလန္တိတ် သမုဒ္ဒရာဘက်တွင် ပင်လယ်ထွက်ပေါက် ကမ်းရိုးတန်း ၃၇ ကီလိုမီတာ ရှိသည်။ ၎င်းသည် အာဖရိကတိုက်တွင် ဧရိယာအကျယ်အဝန်းအားဖြင့် ဆူဒန်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့ပြီးလျှင် တတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင်မူ (၁၂)ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေမှာ (၇၁)သန်းကျော်ရှိသည်။ လူဦးရေအနည်းအများအရ ကမ္ဘာပေါ်တွင် နံပါတ်(၁၈)မြောက် အများဆုံးနိုင်ငံဖြစ်သည်။ အာဖရိကတွင် စတုတ္ထမြောက် လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည်။ ပြင်သစ်ဘာသာစကားကို ရုံးသုံးဘာသာစကား အဖြစ် သတ်မှတ်ထားသော နိုင်ငံများ တွင် လူဦးရေအများဆုံးဖြစ်သည်။

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ
République démocratique du Congo  (ပြင်သစ်)
Repubilika ya Kôngo ya Dimokalasi  (Kituba)
Republíki ya Kongó Demokratíki  (Lingala)
Jamhuri ya Kidemokrasia ya Kongo  (Swahili)
Ditunga dia Kongu wa Mungalaata  (Luba-Lulua)
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အလံတော်
အလံတော်
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Justice – Paix – Travail" (ပြင်သစ်)
"တရားမျှတခြင်း – ငြိမ်းချမ်းခြင်း – အလုပ်"
နိုင်ငံတော် သီချင်း: Debout Congolais  (ပြင်သစ်)
"Arise, Congolese"
ဖိုင်:National anthem of the Democratic Republic of the Congo.ogg
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
မြို့တော်
နှင့် အကြီးဆုံးမြို့
ကင်ရှာဆာမြို့
4°19′S 15°19′E / 4.317°S 15.317°E / -4.317; 15.317
ရုံးသုံး ဘာသာစကားများပြင်သစ်
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ
ကိုးကွယ်မှု
DemonymCongolese
အစိုးရပြည်ထောင်စု တစိတ်တပိုင်း သမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်
• သမ္မတ
ဖီလစ် ချီစီကေဒီ
• ဝန်ကြီးချုပ်
ယန်းမီချယ် ဆာမာ လုကွန်ဒီ
• ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ
မာဒက်စတီ ဘာဟာတီ လုကွေးဘို
• အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ခရစ္စတို အမ်ဘိုဆို အန်ကိုဒီယာ ပွန်ဂါ
• ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ
ဒျူဒိုနေ ကာလုဘာ ဒီဘွေး
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
တည်ထောင်ခြင်း
၁၈၇၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်
၁၈၈၅ ခုနှစ် ဇူလိုင် ၁ရက်
၁၉၀၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်
၁၉၆၀ ခုနှစ် ဇွန်လ ၃၀ ရက်
၁၉၆၀ ခုနှစ် စက်တင်ဘာလ ၂၀ ရက်
• ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟု အမည်ပြောင်းလဲခြင်း
၁၉၆၄ ခုနှစ် ဩဂုတ်လ ၁ ရက်
၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်
၁၉၉၇ ခုနှစ် မေလ ၁၇ ရက်
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်
ဧရိယာ
• စုစုပေါင်း
၂,၃၄၅,၄၀၉ km2 (၉၀၅,၅၆၇ sq mi) (အဆင့်: ၁၁)
• ရေထု (%)
၃.၃၂
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
၁၀၅,၀၄၄,၆၄၆ (အဆင့် - ၁၅)
• သိပ်သည်းမှု
၃၉.၄/km2 (၁၀၂.၀/sq mi)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
Increase $၇၇.၄၈၆ ဘီလီယံ
• Per capita
Increase $၈၄၃
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
Increase $၄၆.၁၁၇ ဘီလီယံ
• Per capita
Increase $၅၀၁
Gini (2012)ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၄၂.၁
အလယ်
HDI (2019)Increase ၀.၄၈၀
နိမ့် · ၁၇၅
ငွေကြေးကွန်ဂို ဖရန့် (CDF)
အချိန်ဇုန်WAT နှင့် CAT (UTC+1 to +2)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+၂၄၃
ISO 3166 ကုဒ်CD
Internet TLD.cd

အနောက်ဘက်တွင် ရှိသော အိမ်နီးချင်း ကွန်ဂိုသမ္မတနိုင်ငံ နှင့် ကွဲပြားမှု ရှိစေရန် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကို DR Congo (သို့မဟုတ်) DROC (သို့မဟုတ်) DRC (သို့မဟုတ်) RDC (သို့မဟုတ်) မြို့တော်အမည်နှင့်တွဲလျှက် ကွန်ဂို(ကင်ရှားဆား) ဟုခေါ်ဆိုသည်။ မြောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ယူဂန်းဒါးနိုင်ငံရဝမ်ဒါနိုင်ငံဘူရွန်ဒီနိုင်ငံ၊ တောင်ဘက်တွင် ဇမ်ဘီယာနိုင်ငံနှင့် အင်ဂိုလာနိုင်ငံ၊ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့အပြင် အရှေ့ဘက်တွင် တန်ဇေးနီးယားနိုင်ငံနှင့် တန်ဂန်ညီကာရေကန် ကြီးခြားလျှက် တည်ရှိသည်။ ပင်လယ်ထွက်ပေါက်အနေဖြင့် မွမ်ဒါမြို့တွင် (၉)ကီလိုမီတာအကျယ်ရှိသော ကွန်ဂိုမြစ်ဝ အပါအဝင် ၄၀ကီလိုမီတာနီးပါး ရှိသော ကမ်းရိုးတန်း ဖြင့် ဂီနီပင်လယ်ကွေ့ ဘက်သို့ ထွက်ပေါက် ရှိသည်။

သမိုင်းကြောင်းတစ်လျှောက်တွင် လွတ်လပ်သောကွန်ဂိုနိုင်ငံ၊ ဘယ်လ်ဂျီယမ်ကွန်ဂို၊ ကွန်ဂိုလီယိုပိုဗီးလ် (Congo-Léopoldville)၊ ကွန်ဂို(ကင်ရှားဆား)၊ ဇိုင်ယာ ဟု အမည်အမျိုးမျိုး ခေါ်တွင်ခဲ့သည်။ ပထဝီဝင်အနေအထားအရ အာဖရိကအလယ်ပိုင်းတွင် တည်ရှိနေသော်လည်း စီးပွားရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင် တောင်အာဖရိကနိုင်ငံများနှင့်သာ ပူးပေါင်းပြီး တောင်အာဖရိကနိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။

၁၉၉၈တွင် စတင်ခဲ့သော ဒုတိယကွန်ဂိုစစ်ပွဲကြောင့် တိုင်းပြည်သည် တော်တော်အထိနာပျက်စီးခဲ့သည်။ ယင်းစစ်ပွဲတွင် နိုင်ငံပေါင်း (၉)ခုမှ စစ်တပ်များပါဝင်ဆင်နွှဲကြသဖြင့် အာဖရိကကမ္ဘာစစ် ဟုပင် တင်စားပြောဆိုကြသည်။ ၂၀၀၃ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း နိုင်ငံအရှေ့ပိုင်းတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသေးသည်။ ဤစစ်ပွဲသည် ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်တွင် အသေအပျောက် အများဆုံးသော စစ်ပွဲကြီးဖြစ်သည်။ လူပေါင်း ၅.၄သန်းခန့် သေကြေ ပျက်စီးခဲ့ရသည်။

ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူတစ်ဦးချင်းဝင်ငွေအနည်းဆုံးတိုင်းပြည်လည်းဖြစ်သလို၊ ဇင်ဘာဘွေနိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယမြောက် အဆင်းရဲဆုံးတိုင်းပြည်လည်း ဖြစ်သည်။

သမိုင်းကြောင်း

မှတ်စု

ကိုးကား

Tags:

ပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အရှေ့တောင်အာရှသရေခေတ္တရာကားသက်ရှိပန်းမြန်မာ့တပ်မတော် သမိုင်းကြောင်းဂျူး (စာရေးဆရာမ)ပုဂံမြို့ဟောင်းဘဲ (မျိုးစု)ခန့်စည်သူအဲလ်ဘတ် အိုင်းစတိုင်းကင်ဆာရောဂါသံလွင်မြစ်တစ်သောင်းကျပ်တန် ငွေစက္ကူပန်းကြည့်ပွဲတော်တရုတ်ပြည်သူ့သမ္မတနိုင်ငံသန်လျင်မြို့ဖားအောက်တောရဆရာတော်မိုးကုတ်တရားနက္ခတ် ၂၇ လုံးမြန်မာနိုင်ငံရှိ ပွဲတော်များကျောက်ခေတ်မုန့်ဟင်းခါးထူးအိမ်သင်ရဟန်းခံခြင်းမင်းရောင်၊ ဗိုလ် (မြို့လုလင်သူကြီး)အလောင်းစည်သူရက္ခိုင့်တပ်တော်စစ်ကိုင်းတိုင်းဒေသကြီးရာသီခွင်ယေရှု ခရစ်တော်ပါတော်မူခြင်းဆင်ဖြူရှင်မင်းစိတ်သဇင်ပန်းဂျာနယ်ကျော် မမလေးပညာရေးဝန်ကြီးဌာနငပလီကမ်းခြေမြန်မာအက္ခရာတပ်မတော် (ရေ)နန်းမတော်မယ်နုကြောင်ရိုသေပင်အစားအစာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမောင်ရတနသုတ်မဟော်သဓာတန်ခူးလနတ်မင်းကြီးလေးပါးဘန်နီဖြိုးစေတီပုထိုးများကယန်းလူမျိုးအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ဂျပန်သမိုင်းအပြင် ၃၇ မင်းခရစ္စတီယာနို ရော်နယ်လ်ဒိုသဲအင်းဂူဆရာတော်ဇော်ဂျီဘရူနိုင်းနိုင်ငံဖွေးဖွေးဘရာဇီးနိုင်ငံပူဒီနာတပ်ရင်း (၇)မြန်မာ ကာတွန်းရုပ်ရှင်လွတ်လပ်ရေးကြေညာစာတမ်းပညာရေးဖားဗလာဒီမီယာ ပူတင်အမျိုးသမီးအောင်လင်းဒွေး🡆 More