ပုဂံမြို့ဟောင်း

တမ္မဒီပ(ခေါ်)ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များအတွက် ကြည်ညိုဖွယ်ရာ နာမည်ကျော်စေတီပုထိုးများကြောင့် သော်လည်းကောင်း ပြည်တွင်းခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။

တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင်၉၀အကွာတွင်တည်ရှိသည်။

သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ်ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟူသော် စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ်(အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သားအလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍လက်တွေ့ကျသည့်၊တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီသည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

ယှဉ်တွဲ ဖတ်ရှုရန်

  1. ပုဂံ
  2. ပုဂံခေတ်
  3. ပုဂံမင်း
  4. ပုဂံမြို့သစ်
  5. ပုဂံခေတ်ကဗျာ
  6. ပုဂံမင်းဆက်
  7. ပုပ္ပါးတောင်


Tags:

ပုဂံမြို့ဟောင်း တည်နေရာပုဂံမြို့ဟောင်း သမိုင်းကြောင်းပုဂံမြို့ဟောင်း ပုဂံနိုင်ငံတော်ပုဂံမြို့ဟောင်း ယဉ်ကျေးမှုပုဂံမြို့ဟောင်း ပုဂံနိဂုံးပုဂံမြို့ဟောင်း ယှဉ်တွဲ ဖတ်ရှုရန်ပုဂံမြို့ဟောင်းမြို့တော်

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ နိုင်ငံရေး၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတောင်သူလယ်သမားနေ့လာအိုနိုင်ငံရေးမြို့နယ်ပန်းဆယ်မျိုးဥပဂုတ္တထေရ်ဘားအံမြို့ဟစ်တလာနရသူ (ပုဂံ)လိင်တူစုံမက်ခြင်းရွှေဆံတော်ဘုရား (ပြည်)မြင်းခွာပင်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းကြိတ်မှန်ပင်သံပေါက်ကွမ်းရွက်ပင်ဂျပန်နိုင်ငံဂျူးဘာသာအလက်ဇန္ဒား ဂရေဟမ် ဘဲလ်သရဲဆင်အယုဒ္ဓယသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ပိဋကတ် သုံးပုံလီဆာမိုးလေဝသအရှေ့မြောက်တိုင်းစစ်ဌာနချုပ်အင်္ဂလိပ်-မြန်မာ စစ်ပွဲများပြေတီဦးညှင်းသန်လျင် မင်းကျောင်းဆရာတော်ဘာသာတရားအောင်သင်းနယ်ခြားစောင့်တပ်ဖွဲ့နိုင်ငံရေးမြန်မာ့ဝတ်စားဆင်ယင်မှုမင်္ဂလာတောင်ညွန့်မြို့နယ်သီလကမ္ဘာမြေနေ့သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သူနာပြုအတတ်သောမတ် အက်ဒီဆင်မင်္ဂလာတရား ၃၈-ပါးမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဆယ်ပါးသီလအသူရကာယ်တပ်မတော် (ကြည်း)ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အေ (အက္ခရာ)စိန်စတင်းပျူမြို့ပြနိုင်ငံများရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးကွမ်းယာဟင်္သာတထွန်းရင်ကျောက်ကပ်ရောင်ရောဂါအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှစ်ကျိပ်ရှစ်ဆူသမဝါယမ ဝန်ကြီးဌာနတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများရန်ကုန်တိုင်းဒေသကြီးအပျိုမြှေးရခိုင်ပြည်တပ်မတော်အင်းဆက်ပန်ထွာဘုရင်မနေအဖွဲ့အစည်းတကောင်းတိန့်လိကျွင်းတပ်မတော်စိုးထွဋ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအာခါလူမျိုးအရှေ့အိန္ဒိယကျွန်းစုမန္တလေးမြို့တို့ဗမာအစည်းအရုံးဥပုသ်🡆 More