ဆင်များရှင်ဘုရား

ဆင်များရှင်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ ဆင်များရှင်ဘုရားသည် အေဒီ(၁၂)ရာစု နရပတိစည်သူမင်း လက်ထက်တွင် တည်ထားခဲ့ခြင်းဖြစ်ပြီး၊ ပုဂံမြို့ဟောင်း သဗ္ဗညုဘုရား၏ တောင်ဘက် ညောင်ဦးမှ ပုဂံသို့သွားသော အနော်ရထာလမ်းမကြီး၏ ယာဘက်တွင် ကိန်းဝပ်လျက်ရှိသည်။

နရပတိစည်သူမင်း တည်ထားကိုးကွယ်ခဲ့သော စူဠမဏိစေတီတော်၏ ထောင့်တိုင် အင်္ဂတေပန်းများနှင့် လက်ရာတစ်တည်း ဖြစ်နေ၍ နရပတိစည်သူမင်း တည်ထားခဲ့သည်ဟု ယူဆကြသလို ၎င်း၏ အမတ် တစ်ဦးဦးက တည်ထားခဲ့သည်ဟုလည်း ခန့်မှန်းကြသည်။

ကွမ်းတောင်ပေါက် ဂူဘုရားကြီးဖြစ်ပြီး လိုဏ်နှစ်ဆင့်ရှိကာ ဉာဏ်တော် ပေ၅၀ဆယ်ခန့်ရှိသည်။ ပစ္စယာများပေါ်တွင် စေတီ ရှစ်ဆူတည်ထားသည်။ အာရုံခံမုခ်များကို အနောက်ဘက်သို့ လှည့်၍ တည်ထားပြီး အထက်လိုဏ်ဂူတော်ထဲတွင် ဗုဒ္ဓဆင်းတုတော် လေးဆူ တည်ထားသည်။ ဂန္ဓကုဋိတိုက်ထဲရှိ အလယ်မဏ္ဍိုင်၌ အရှေ့နှင့် အနောက်လှည့် ကျောချင်းကပ်လျက် ဗုဒ္ဓဆင်းတုတော် နှစ်ဆူ တည်ထားသည်။ ဂန္ဓကုဋိတိုက် မျက်နှာကြက်နှင့် အာရုံခံမုခ် မျက်နှာကြက်တို့တွင် နံရံဆေးရေး ပန်းချီများ ရေးထိုးထားပြီး အာရုံခံတောင်ဘက်နံရံတွင် နှစ်ကျိပ်ရှစ်ဆူ ပုံတော်များကို ဖူးတွေ့နိုင်သည်။ ဘုရားတစ်ဆူလုံးတွင် အင်္ဂတေပန်းလက်ရာ အမြောက်အမြားကို ရှေးမူမပျက် ယခုတိုင် တွေ့ရှိနိုင်သည်။

ကိုးကား

Tags:

ညောင်ဦးမြို့နရပတိစည်သူပုဂံပုဂံမြို့ဟောင်းမန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဗ္ဗညုဘုရား(ပုဂံ)

🔥 Trending searches on Wiki မြန်မာဘာသာ:

ယူကရိန်းနိုင်ငံကွန်မြူနစ်ဝါဒပခုက္ကူမြို့ဥဩအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်Canal+ Myanmarပဋ္ဌာန်းနာဂစ်မုန်တိုင်းလီယွန်နယ် မက်ဆီမယ်နုအုတ်ကျောင်းအင်္ဂါဂြိုဟ်မြန်မာ့သမိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနခုနစ်နေ့ဘုရားရှိခိုးဟာဝိုင်ယီပြည်နယ်မြန်မာ့တော်လှန်ရေးဖရဲပင်သိပ္ပံပညာလိင်စိတ်ဆွခြင်းသူငယ်နာသံချပ်ကာယန္တရားတပ်ဖွဲ့မြသလွန်ဘုရားမြရုရှားနိုင်ငံထန်းရည်ပြည်မြို့ဗမာ့လွတ်လပ်ရေးတပ်မတော်ဘုရားဂုဏ်တော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ရှေးဟောင်းအီဂျစ်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မောရသုတ်ချင်းပြည်နယ်ဆားလူ့အခွင့်အရေး၂၀၂၄၁၉၈၉မြန်မာ စံတော်ချိန်ဗျည်းတိုင်းစစ်ဌာနချုပ်တာဂျစ်ကစ္စတန်နိုင်ငံထွန်းမြတ်နိုင်ငွေ (သတ္တု)မဟာသမယသုတ်ငါး (တိရစ္ဆာန်)ပုဂံခေတ်တစ်သောင်းကျပ်တန် ငွေစက္ကူဆိုရှယ်လစ်ဝါဒကွန်ဂိုမြစ်ပါရမီရှမ်းပြည်နယ်လာအိုနိုင်ငံသရက်သီးအမျိုးသားရေးဝါဒသာမညဆရာတော်မြန်မာပိတောက်ချောင်းသာကမ်းခြေမဟော်သဓာဇာတ်တော်ဘရောက်ဆာ စစ်ပွဲများဆေးခြောက်ပင်ဖိလစ်ပိုင်နိုင်ငံမနောပွဲမဲဇာတောင်ခြေ ရတုစမ်းချောင်းမြို့နယ်Vivendiပါဠိမြန်မာနောင်းဒြပ်စင်သမ္မာကျမ်းစာနို့မြန်မာ သက္ကရာဇ်ရှမ်းလူမျိုး🡆 More