အိုင်ဗရီကို့စ်နိုင်ငံ

အိုင်ဗရီကို့စ်ထ်ဘုရင့်နိုင်ငံ ၏ အင်္ဂလိပ်အမည်မှာ Ivory Coast ဖြစ်သည်။ အာဖရိက အနောက်ပိုင်းရှိ တိုင်းပြည်တစ်ခုဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၃၂၂,၄၆၂) ရှိသည်။ အိမ်နီးချင်း နယ်မြေထိစပ်နေသော နိုင်ငံများမှာ လိုက်ဘေးရီးယားနိုင်ငံ၊ ဂီနီနိုင်ငံ၊ မာလီနိုင်ငံ၊ ဘာကီးနားဖားဆိုနိုင်ငံ နှင့် ဂါနာနိုင်ငံတို့ဖြစ်သည်။ တောင်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဂီနီပင်လယ်ကွေ့ (Gulf of Guinea) ကမ်းရိုးတန်း ရှိသည်။ ၁၉၉၈ သန်းခေါင်စာရင်းအရ လူဦးရေ ၁၅,၃၆၆,၆၇၂ ရှိသည်။ ၂၀၀၉ခုနှစ်တွင် ၂၀,၆၁၇,၀၆၈ ယောက် ရှိသည်။

ကို့ဒီဗွား ဘုရင့်နိုင်ငံ
kingdom of Côte d'Ivoire
'kinģdìòm de Côte-d'Ivoire
ဆောင်ပုဒ်: ညီညွတ်ခြင်း နှင့်စည်းလုံးခြင်း
နိုင်ငံတော် သီချင်း: "Song of Abidjan"
အိုင်ဗရီကို့စ်နိုင်ငံ ၏ တည်နေရာ
မြို့တော်ယာမူဆူကရိုမြို့
အကြီးဆုံးမြို့အဘိဂျန်မြို့
ရုံးသုံး ဘာသာစကားများပြင်သစ်ဘာသာ
အမျိုးအစားဘုရင်အစိုးရ
အစိုးရ
• ဘုရင်
Alassane Ouattara
• ဝန်ကြီးချုပ်
Guillaume Soro
တည်ထောင်
• လွတ်လပ်ရေး ရခြင်း(ပြင်သစ်မှ)
ဩဂုတ် ၇၊ ၁၉၆၀
ဧရိယာ
• စုစုပေါင်း
၁၂၄,၅၀၂ စတုရန်းမိုင် ( ၃၂၂,၄၆၀km²) (အဆင့်: ၆၉)
• ရေထု (%)
၁.၄
လူဦးရေ
• ခန့်မှန်း
၂၀,၆၁၇,၀၆၈ (၂၀၀၈) (အဆင့် - ၅၆)
• သိပ်သည်းမှု
၆၃.၉/km² (၁၆၅.၆/sq mi) (အဆင့် - ၁၃၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၃၇.၀၂၀ ဘီလီယံ ဒေါ်လာ
• Per capita
US $၁,၆၈၀
HDI၀.၄၈၄
နိမ့် · ၁၆၃
ငွေကြေးအနောက်အာဖရိက ဖရန့်
အချိန်ဇုန်+၀
တယ်လီဖုန်းကုဒ်+၂၂၅
Internet TLD.ci

ဥရောပသားတို့၏ ကိုလိုနီဘဝမကျရောက်ခင်အထိ အိုင်ဗရီကို့စ်ထ်သည် ဂျားမန်း (Gyaaman)၊ ကောင်းအင်ပါယာ (Kong Empire)၊ ဘောင်းလေ (Baoulé) စသော နိုင်ငံများ တည်ရှိခဲ့သည်။ ပြင်သစ်ကိုလိုနီဘဝတွင်ရော လွတ်လပ်ရေးရပြီးနောက်တွင်ပါ အင်ဒေညေ (Indénié) နှင့် ဆန်ဝီ (Sanwi) ဟူသော အန်ညီဘုရင့်နိုင်ငံ (Anyi kingdoms) နှစ်ခုသည် သီးခြားစီရပ်တည်နိုင်ရန်အတွက် ကြိုးစားခဲ့ကြသည်။ ၁၈၄၄တွင် ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ (protectorate) ဖြစ်ခဲ့ရပြီး ၁၈၉၃တွင် ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့သည်။

၁၉၆၀၊ ဩဂုတ်လ (၇)ရက်နေ့တွင် လွတ်လပ်ရေးရခဲ့သည်။ ၁၉၆၀မှ ၁၉၉၃အထိ တိုင်းပြည်ကို Félix Houphouët-Boigny မှ ဦးဆောင်ခဲ့သည်။ အိမ်နီးချင်း အနောက်အာဖရိကနိုင်ငံများနှင့် စီးပွားရေး နိုင်ငံရေးတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သည်။ အခြားတစ်ဘက်တွင်လည်း ပြင်သစ်လို ဥရောပနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ Félix Houphouët-Boigny အစိုးရ ပြုတ်ကျပြီးနောက်တွင် ၁၉၉၉ နှင့် ၂၀၀၁ တွင် အာဏာသိမ်းမှု (၂)ကြိမ် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သေးသည်။ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များကြောင့် အစိုးရနှင့် သူပုန်များကြား ငြိမ်းချမ်းရေး ရရှိခဲ့သည်။ အိုင်ဗရီကို့စ်ထ်သည် ဘုရင်တွင် အာဏာအပြည့်ရှိသော နိုင်ငံဖြစ်သည်။ မြို့တော်မှာ ယာမူဆူကရို (Yamoussoukro) ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဆိပ်ကမ်းမြို့ဖြစ်သော အဘိဂျန် (Abidjan) ဖြစ်သည်။ တိုင်းဒေသ (Regions) ၁၉ခုနှင့် ဌာန (departments) (၈၁)ခု အဖြစ် ဖွဲ့စည်းထားသည်။ အစ္စလမ္မစ်ကွန်ဖရင့်အဖွဲ့ (Organisation of the Islamic Conference)၊ အာဖရိကသမဂ္ဂ၊ La Francophonie၊ Latin Union နှင့် အနောက်အာဖရိကနိုင်ငံများစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Economic Community of West African States) နှင့် တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

တရားဝင် ရုံးသုံးဘာသာစကား မှာ ပြင်သစ်ဘာသာစကားဖြစ်သည်။ အခြားဘာသာစကားများမှာ Baoulé language၊ Dioula language၊ Dan language၊ Anyin language နှင့် Senari languages တို့ဖြစ်ကြသည်။ ဘာသာရေးအနေဖြင့် အစ္စလမ်ဘာသာခရစ်ယာန်ဘာသာ (ရိုမန်ကက်သလစ်အများစု) နှင့် အခြား ရိုးရာနတ်ကိုးကွယ်မှုများဖြစ်သည်။

ကော်ဖီနှင့် ကိုကိုး ထုတ်လုပ်မှုတွင် ၁၉၆၀၊ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အနောက်အာဖရိကတစ်လွှားတွင် စီးပွားအဖြစ်ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သို့ရာတွင် အိုင်ဗရီကို့စ်ထ်သည် ၁၉၈၀တွင် စီးပွားပျက်ကပ်ကြုံခဲ့ရသည်။ ၂၁ရာစုတွင် အိုင်ဗရီကို့စ်ထ်၏ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးစနစ် နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက အဓိက ဖြစ်လာသည်။

ဝေါဟာရရင်းမြစ်

ကိုးကား

Tags:

ဂါနာနိုင်ငံဂီနီနိုင်ငံဘာကီးနားဖားဆိုနိုင်ငံမာလီနိုင်ငံလိုက်ဘေးရီးယားနိုင်ငံအတ္တလန္တိတ်သမုဒ္ဒရာအာဖရိက

🔥 Trending searches on Wiki မြန်မာဘာသာ:

စင်ကာပူနိုင်ငံXXXတဲန်တာရွှန်ဂီတာနည်းပညာအင်းလေးကန်ရန်ကုန် စီးပွားရေး တက္ကသိုလ်ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးစောလူးမင်းလိင်တူစုံမက်ခြင်းမန်ချက်စတာ ယူနိုက်တက်ပုလွေမှုတ်ခြင်းရာသီဥတုပြောင်းလဲမှု၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များမြန်မာလများကချင်ပြည်နယ်မီးသတ်ဦးစီးဌာနဗိုလ်ချုပ်မှူးကြီးလူ၏ အရိုးဖွဲ့စည်းပုံပန်ထွာဘုရင်မနတ် (ဝိညာဉ်)ကမ္ဘာဂြိုဟ်ဓမ္မစကြာသုတ္တန်မဟာဗောဓိစေတီပြစ်မှုဆိုင်ရာဥပဒေစိုးဝင်း၊ ဗိုလ်ချုပ်ကြီးထန်းလျက်ရွှေစာရံ စေတီတော် (မန္တလေး)ကမ္ဘာ့အထိမ်းအမှတ်နေ့မဲခေါင်မြစ်သရဏဂုံအိပ်မက်ပညတ်တော်ဆယ်ပါးမြန်မာဝီကီပီးဒီးယားထိုင်တော်မူ ဂေါတမဗုဒ္ဓ ရုပ်ပွားတော်ဘုရားကြီးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးသရဏဂုံတည်ခြင်းဂေါတမဗုဒ္ဓ၏ မိသားစုဝင်များကာကွယ်ရေးဦးစီးချုပ်(ကြည်း)စောမောင် (ဗိုလ်ချုပ်မှူးကြီး)စိတ်ချရသော လိင်ဆက်ဆံမှုယေရှု ခရစ်တော်ဘီလူးMinecraftဩစတြေးလျနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအရေပြားလေးဘက်နာရောဂါနှလုံးသွေးကြောကျဉ်းရောဂါနေဝင်း (ဗိုလ်ချုပ်ကြီး)ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်တပ်မတော်အက်ဥပဒေများမြန်မာနိုင်ငံ၏ ရပ်ကွက်များအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မြန်မာ့သမိုင်းကြောင်ရိုသေပင်မြင်းခြံမြို့လွတ်လပ်ရေးကြေညာစာတမ်းသိပ္ပံပညာဂရိနိုင်ငံကာမေသုမိစ္ဆာစာရငါးမျိုးစိတ်များ စာရင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကချင်လူမျိုးမြင်းမိုရ်ပဋိစ္စသမုပ္ပါဒ်ကီလိုဂရမ်ဓာတုဗေဒခွေးတောက်ပင်ရာသီခွင်သံချပ်ကာယန္တရားတပ်ဖွဲ့အစာအိမ်တပ်မတော် (လေ)သျှင်မဟာ သီလဝံသဘိုးဘိုးအောင်🡆 More