ကုန်းတွင်းပိတ်နိုင်ငံ

ကုန်းတွင်းပိတ်နိုင်ငံဟူသည်မှာ ပင်လယ်ကမ်းစပ်နှင့်နယ်မြေမထိစပ်ပဲ ကုန်းမြေအတွင်းပိတ်နေသော (သို့မဟုတ်) ကုန်းတွင်းပိတ်ပင်လယ်နှင့်သာ နယ်မြေထိစပ်နေသော တိုင်းပြည်ကို ဆိုလိုသည်။ ကမ္ဘာပေါ်တွင် ကုန်းတွင်းပိတ်နိုင်ငံ စုစုပေါင်း (၄၇)နိုင်ငံရှိသည်။ မြောက်အမေရိကတိုက်၊ ဩစတြေးလျတိုက်နှင့် လူနေထိုင်မှုမရှိသော အန္တာတိကတိုက် တို့တွင် ကုန်းတွင်းပိတ်နိုင်ငံ မရှိပေ။

ကမ္ဘာ့ကုလသမဂ္ဂ ပင်လယ်ဆိုင်ရာသဘောတူညီချက်ဥပဒေများအရ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအား ဆက်စပ်နိုင်ငံနယ်မြေတစ်ခုမှတစ်ဆင့် ပင်လယ်ကမ်းရိုးတန်းဆီသို့ အခွန်မဲ့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပေးထားသည်။ ကုလသမဂ္ဂမှ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီရန်အတွက် အထွေထွေအတွင်းရေးမှူးချုပ်၏ ကွပ်ကဲမှုအောက်တွင် အစီအစဉ်တစ်ခု ချမှတ်ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတာဝန်ရှိသူမှာ Anwarul Karim Chowdhury ဖြစ်သည်။ အချို့သောတိုင်းပြည်များသည် လွန်စွာရှည်လျားသော ကမ်းရိုးတန်းများ ပိုင်ဆိုင်ကြသော်လည်း ကုန်သွယ်ရေးအတွက် အသုံးပြု၍ မရနိုင်ပေ။ ဥပမာအားဖြင့် သမိုင်းကြောင်းအရ ရုရှားနိုင်ငံသည် အာတိတ် သမုဒ္ဒရာဖက်တွင်သာ ဆိပ်ကမ်းတည်ဆောက်နိုင်ပြီး ရေခဲနေမှုကြောင့် တစ်နှစ်လျှင် လပေါင်းများစွာ အသုံးမပြုနိုင်ပဲ ပိတ်ထားရသည်။ သို့ဖြစ်၍ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်လိုမှုသည် ရုရှား၏ ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက် နှင့် ပစိဖိတ်သမုဒ္ဒရာ များဖက်သို့ နယ်မြေချဲ့ထွင်မှုအတွက် တွန်းအားဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အချို့သော ကုန်းတွင်းပိတ်နိုင်ငံများသည် နီးစပ်ရာ ပင်လယ်ကမ်းစပ်သို့ ဆက်သွယ်ရန်အတွက် သင်္ဘောများ ခုတ်မောင်းနိုင်လောက်အောင် ကြီးမားသော မြစ်ကြီးများ ရှိနေကြသည်။ ဥပမာအားဖြင့် ပါရာဂွေးနှင့် ဘိုလီးဗီးယား တို့သည် ပါရာဂွေးမြစ်နှင့် ပါရာနားမြစ် များမှတစ်ဆင့် ပင်လယ်ထွက်ပေါက် ရယူနိုင်ကြသည်။ အချို့သောတိုင်းပြည်များမှာမူ ကက်စပီယန်ပင်လယ် နှင့် အေရယ်ပင်လယ် တို့ကဲ့သို့သော ကုန်းတွင်းပိတ်ပင်လယ်များနှင့် ရှည်လျားသော ကမ်းရိုးတန်းများ ရှိနေကြသည်။ သို့ရာတွင် သမုဒ္ဒရာထွက်ပေါက် မရှိသဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မပြုနိုင်ပေ (ကက်စပီယန်ပင်လယ်သည် ယခုအခါ ဗော်လ်ဂါမြစ်နှင့် ဒွန်းမြစ်များ အကြားတွင် ပင်လယ်နက်ဆီသို့ လူလုပ် တူးဖော်ထားသော တူးမြောင်းဖြင့် ပင်လယ်နက်ဆီသို့လမ်းဖောက်ထားသည်။)။ ဥပမာအားဖြင့် ကာဇက်စတန်နိုင်ငံ

ကုန်းတွင်းပိတ်နိုင်ငံများ စာရင်း

နိုင်ငံ ဧရိယာ (km²) လူဦးရေ
ကုန်းတွင်းပိတ်နိုင်ငံ  အာဖဂန်နစ္စတန် 647,500 29,117,000
ကုန်းတွင်းပိတ်နိုင်ငံ  အင်ဒိုရာနိုင်ငံ 468 84,082
ကုန်းတွင်းပိတ်နိုင်ငံ  အာမေးနီးယား 29,743 3,254,300
ကုန်းတွင်းပိတ်နိုင်ငံ  ဩစတြီးယား 83,871 8,396,760
ကုန်းတွင်းပိတ်နိုင်ငံ  အဇာဘိုင်ဂျန် [a] 86,600 8,997,400
ကုန်းတွင်းပိတ်နိုင်ငံ  ဘီလာရုဇ် 207,600 9,484,300
ကုန်းတွင်းပိတ်နိုင်ငံ  ဘူတန် 38,394 691,141
ကုန်းတွင်းပိတ်နိုင်ငံ  ဘိုလီးဗီးယား 1,098,581 10,907,778
ကုန်းတွင်းပိတ်နိုင်ငံ  ဘော့ဆွာနာ 582,000 1,990,876
ကုန်းတွင်းပိတ်နိုင်ငံ  ဘာကီးနားဖားဆို 274,222 15,746,232
ကုန်းတွင်းပိတ်နိုင်ငံ  ဘူရွန်ဒီ 27,834 8,988,091
ကုန်းတွင်းပိတ်နိုင်ငံ  ဗဟိုအာဖရိကသမ္မတနိုင်ငံ 622,984 4,422,000
ကုန်းတွင်းပိတ်နိုင်ငံ  ချဒ် 1,284,000 10,329,208
ကုန်းတွင်းပိတ်နိုင်ငံ  ချက်သမ္မတနိုင်ငံ 78,867 10 674 947
ကုန်းတွင်းပိတ်နိုင်ငံ  အီသီယိုးပီးယား 1,104,300 85,237,338
ကုန်းတွင်းပိတ်နိုင်ငံ  ဟန်ဂေရီ 93,028 10,005,000
ကုန်းတွင်းပိတ်နိုင်ငံ  ကာဇက်စတန်[a][b] 2,724,900 16,372,000
ကုန်းတွင်းပိတ်နိုင်ငံ  ကိုဆိုဗို[c] 10,908 1,804,838
ကုန်းတွင်းပိတ်နိုင်ငံ  ကာဂျစ္စတန် 199,951 5,482,000
ကုန်းတွင်းပိတ်နိုင်ငံ  လာအို 236,800 6,320,000
ကုန်းတွင်းပိတ်နိုင်ငံ  လီဆိုသို[d] 30,355 2,067,000
ကုန်းတွင်းပိတ်နိုင်ငံ  လစ်တန်စတိန်း 160 35,789
ကုန်းတွင်းပိတ်နိုင်ငံ  လူဇင်ဘတ် 2,586 502,202
ကုန်းတွင်းပိတ်နိုင်ငံ  မက်စီဒိုးနီးယား 25,713 2,114,550
ကုန်းတွင်းပိတ်နိုင်ငံ  မာလဝီ 118,484 15,028,757
ကုန်းတွင်းပိတ်နိုင်ငံ  မာလီ 1,240,192 14,517,176
ကုန်းတွင်းပိတ်နိုင်ငံ  မော်လ်ဒိုဗာ 33,846 3,567,500
ကုန်းတွင်းပိတ်နိုင်ငံ  မွန်ဂိုးလီးယား 1,564,100 2,736,800
ကုန်းတွင်းပိတ်နိုင်ငံ  နာဂိုနို-ကရာဘက်[c] 11,458 138,000
ကုန်းတွင်းပိတ်နိုင်ငံ  နီပေါ 147,181 29,331,000
ကုန်းတွင်းပိတ်နိုင်ငံ  နိုင်ဂျာ 1,267,000 15,306,252
ကုန်းတွင်းပိတ်နိုင်ငံ  ပါရာဂွေး 406,752 6,349,000
ကုန်းတွင်းပိတ်နိုင်ငံ  ရဝမ်ဒါ 26,338 10,746,311
ကုန်းတွင်းပိတ်နိုင်ငံ  ဆန်မာရီနိုနိုင်ငံ[d] 61 31,716
ကုန်းတွင်းပိတ်နိုင်ငံ  ဆားဘီးယား 88,361 7,306,677
ကုန်းတွင်းပိတ်နိုင်ငံ  ဆလိုဗက်ကီးယား 49,035 5,429,763
ကုန်းတွင်းပိတ်နိုင်ငံ  တောင်အော်ဆက်တီးယား[c] 3,900 72,000
ကုန်းတွင်းပိတ်နိုင်ငံ  တောင်ဆူဒန် 619,745 8,260,490
ကုန်းတွင်းပိတ်နိုင်ငံ  အဲ့စ်ဝါတီးနီ 17,364 1,185,000
ကုန်းတွင်းပိတ်နိုင်ငံ   ဆွစ်ဇာလန် 41,284 7,785,600
ကုန်းတွင်းပိတ်နိုင်ငံ  တာဂျစ်ကစ္စတန် 143,100 7,349,145
ကုန်းတွင်းပိတ်နိုင်ငံ  ထရန်နစ္စတြီးယား[c] 4,163 537,000
ကုန်းတွင်းပိတ်နိုင်ငံ  တာ့ခ်မင်နစ္စတန်[a] 488,100 5,110,000
ကုန်းတွင်းပိတ်နိုင်ငံ  ယူဂန်းဒါး 241,038 32,369,558
ကုန်းတွင်းပိတ်နိုင်ငံ  ဥဇဘက်ကစ္စတန်[b] 447,400 27,606,007
ကုန်းတွင်းပိတ်နိုင်ငံ  ဗာတီကန်[d] 0.44 826
ကုန်းတွင်းပိတ်နိုင်ငံ  ဇမ်ဘီယာ 752,612 12,935,000
ကုန်းတွင်းပိတ်နိုင်ငံ  ဇင်ဘာဘွေ 390,757 12,521,000
စုစုပေါင်း 16,963,624 470,639,181
Percentage of World 11.4% 6.9%
    [a] ဆားငန်အိုင်ဖြစ်သော ကက်စပီယန်ပင်လယ်သို့သာ ထွက်ပေါက်ရှိသည်။
    [b] ဆားငန်အိုင်ဖြစ်သော အေရီယယ်ပင်လယ်သို့သာ ထွက်ပေါက်ရှိသည်။
    [c] အသိအမှတ်ပြုမှု အငြင်းပွားနေဆဲနိုင်ငံများဖြစ်သည်။
    [d] နိုင်ငံတစ်ခု၏အတွင်းတွင် လုံးဝပိတ်မိနေသောနိုင်ငံများဖြစ်သည်။

အထက်ပါကုန်းတွင်းပိတ်နိုင်ငံများကို အောက်ပါအတိုင်း နယ်မြေစုဖွဲ့နိုင်သည်။

အောက်ပါတိုင်းပြည်များသည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခုတည်းအဖြစ် ရပ်တည်နေသော ကုန်းတွင်းပိတ်နိုင်ငံများဖြစ်ကြသည်။

အကယ်၍ ကော့ကေးဆပ်ဒေသကို ဥရောပတိုက်တွင် ထည့်သွင်းရေတွက်ပါက ဥရောပတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံအရေအတွက် (၁၉)နိုင်ငံဖြင့် အများဆုံးဖြစ်သည်။ ကာဇက်စတန်နိုင်ငံကို တစ်ခါတရံတွင် ဥရောပ-အာရှခွတည်နိုင်ငံအဖြစ်ယူဆလေ့ရှိရာ ၎င်းကိုပါ ထည့်သွင်းတွက်ချက်ပါက ဥရောပတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံပေါင်း (၂၀)အထိရှိမည်ဖြစ်သည်။ အကယ်၍ ၎င်းတိုင်းပြည်များကို အာရှတိုက်တွင်ပါဝင်သည်ဟု ထည့်သွင်းတွက်ချက်ပါက အာဖရိကတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံစုစုပေါင်း (၁၆)နိုင်ငံဖြင့် အများဆုံးဖြစ်မည်ဖြစ်သည်။ ကော့ကေးဆပ်တိုင်းပြည်များအားထည့်သွင်းတွက်ချက်မှုပေါ်မူတည်၍ အာရှတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံ (၉)နိုင်ငံ သို့မဟုတ် (၁၄)နိုင်ငံရှိသည်။ တောင်အမေရိကတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံ (၂)နိုင်ငံတည်းသားရှိသည်။ မြောက်အမေရိကတိုက်နှင့် ဩစတြေးလျတိုက်တို့တွင် ကုန်းတွင်းပိတ်နိုင်ငံမရှိပေ။

ဒွိ (နှစ်ထပ်ပိတ်) ကုန်းတွင်းပိတ်နိုင်ငံများ

ကုန်းတွင်းပိတ်နိုင်ငံတစ်ခုသည် ၎င်းကိုပိတ်ထားသောပတ်ဝန်းကျင်တိုင်းပြည်များသည်လည်း ကုန်းတွင်းပိတ်နိုင်ငံများသာ ဖြစ်နေကြလျှင် ၎င်းနိုင်ငံကို ဒွိကုန်းတွင်းပိတ်နိုင်ငံ (သို့မဟုတ်) နှစ်ထပ်ပိတ်ကုန်းတွင်ပိတ်နိုင်ငံဟု ခေါ်ဆိုသည်။ ကမ္ဘာပေါ်တွင် ဒွိကုန်းတွင်းပိတ်နိုင်ငံ ၂နိုင်ငံရှိသည်။

  1. လက်ချင်စတိန်းသည် ဗဟိုဥရောပဒေသတွင် တည်ရှိပြီး ပင်လယ်ထွက်ပေါက်ရယူရန်အတွက် အနည်းဆုံး ဆွစ်ဇာလန်နှင့် ဩစတြီးယား ၂နိုင်ငံကို ဖြတ်သန်းရမည်။
  2. ဥဇဘက်ကစ္စတန်သည် ဗဟိုအာရှတွင် တည်ရှိပြီး အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံတို့က ဝန်းရံထားသည်။

ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံများ

အကယ်၍ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုကို ဝိုင်းပတ်ပိတ်ဆို့ထားသော ပတ်ဝန်းကျင်နိုင်ငံမှာ တစ်နိုင်ငံတည်းသာ ရှိလျှင် ၎င်းကုန်းတွင်းပိတ်နိုင်ငံကို ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံဟု ခေါ်ဆိုသည်။ ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံ (၃)နိုင်ငံရှိသည်။

  1. ဆန်မာရီနိုနိုင်ငံ (အီတလီနိုင်ငံအတွင်း လုံးဝပိတ်နေသည်။)
  2. ဗာတီကန်စီးတီး (အီတလီနိုင်ငံအတွင်း လုံးဝပိတ်နေသည်။)
  3. လီဆိုသိုဘုရင့်နိုင်ငံ (တောင်အာဖရိကနိုင်ငံအတွင်း လုံးဝပိတ်နေသည်။)

ကိုးကား

အင်္ဂလိပ်ဝီကီပီဒီးယား

Tags:

ကုန်းတွင်းပိတ်နိုင်ငံ များ စာရင်းကုန်းတွင်းပိတ်နိုင်ငံ ဒွိ (နှစ်ထပ်ပိတ်) များကုန်းတွင်းပိတ်နိုင်ငံ ဧကဥဿုံများကုန်းတွင်းပိတ်နိုင်ငံ ကိုးကားကုန်းတွင်းပိတ်နိုင်ငံမြောက်အမေရိကတိုက်အန္တာတိကတိုက်ဩစတြေးလျတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

ခြင်းလုံးဂျပန်သမိုင်းကယားပြည်နယ်အရှေ့တောင်အာရှနိုင်ငံများအသင်းခင်မောင်တိုးဗိုလ်ချုပ်မှူးကြီးသွေးမင်းတုန်းမင်းခေါင်းကိုက်ခြင်းကန်တော်ကြီး(ရန်ကုန်)သမုဒ္ဒရာခြင်းလုံး ကစားခြင်းရှင်ပြုခြင်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အင်းလေးကန်ကြောင် (တိရစ္ဆာန်)ကလောမြို့ပေကျင်းမြို့ပန်းချီမဟာသမယသုတ်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)စိတ်စမူဆာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းဝက်ခြံဘုရားဂုဏ်တော်ကလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များပညတ်တော်ဆယ်ပါးဂျိုးဇတ် စတာလင်အမြောက်ကြို့ထိုးခြင်းကင်ဆာရောဂါစိန်ပြောင်းမဂ္ဂင် ၈ ပါးနေပြည်တော်မြို့မြန်မာကျပ်ငွေနှင်းဆီကိုရီးယားနိုင်ငံနေ့နံတိုင်းစစ်ဌာနချုပ်မလေးရှားနိုင်ငံနာဂလူမျိုးငါး (တိရစ္ဆာန်)ပလေးတိုးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမြန်မာနိုင်ငံခါကာဘိုရာဇီ၂၄ ပစ္စည်းမေတ္တသုတ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဘုရား (ဗုဒ္ဓဘာသာ)ကချင်လူမျိုးအမေရိကန်ပြည်ထောင်စုအပူချိန်ကျွန်းနက်ဓာရဏပရိတ်cxaieမြန်မာနိုင်ငံ၏ ရပ်ကွက်များကျုံးစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)မြန်မာသဒ္ဒါစေတသိက်တောင်တွင်းကြီးမြို့အင်္ဂုလိမာလသုတ်ပုလွေမှုတ်ခြင်းလိင်မှတဆင့် ကူးစက်တတ်သော ရောဂါမင်္ဂလသုတ်ဗဒင်ရေဗီယက်နမ်စစ်ပွဲဘရူနိုင်းနိုင်ငံရှမ်းပြည်နယ်🡆 More