အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား ၂ နှစ်တစ်ကြိမ် ကျင်းပသည့် အားကစားပွဲတော် ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားအဖွဲ့ချုပ်၊ အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်များ၏ ကြီးကြပ်မှုအောက်တွင် အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည်။

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
ASEAN Para Games (APG)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အလံ​တော်
ပထမအကြိမ်၂၀၀၁ ကွာလာလမ်ပူ
Occur every၂နှစ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၂၂ ဖနွမ်းပင်
ရည်မှန်းချက်အရှေ့တောင်အာရှဒေသရှိ မသန်စွမ်းသူများ၏ အားကစားကဏ္ဍအတွက် ရည်ရွယ်၍ ကျင်းပခြင်း
ဌာနချုပ်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့
ဥက္ကဋ္ဌOsoth Bhavilai
ဝက်ဘ်ဆိုက်aseanparasports.org

သမိုင်းကြောင်း

၂၀၀၀ ပြည့်နှစ် မေလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှားနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ကြွရောက်လာသော အာဆီယံနိုင်ငံများမှ ဧည့်သည့်တော်များသည် အာဆီယံမသန်စွမ်းအားကစားပွဲနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ကြသည်။ မလေးရှား မသန်စွမ်းအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အားကစားပွဲတော်ကျင်းပရန် ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။ မသန်စွမ်းအားကစားပွဲတော်ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးတိုင်း ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှု ပိုမိုတိုးမြှင့်ရန်နှင့် မသန်သော်လည်းစွမ်းသောသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံမှာ မူလအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။၂၀၀၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အားလုံးသဘောတူညီခဲ့ပြီး အောက်တိုဘာ ၂၃ တွင် အရှေ့တောင်အာရှ မသန်စွမ်း အားကစားအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အမည်ရွေးချယ်သည့် ထိုင်း မသန်စွမ်းအားကစား ကော်မတီ ဥက္ကဋ္ဌမှာ အဖွဲ့၏ပထမဆုံး ဥက္ကဋ္ဌဖြစ်လာသည်။

ပထမဆုံးအားကစားပွဲတော်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အားကစားသမား ၇၀၀ မှ အားကစားနည်း ၂ မျိုးတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၀၃ ဗီယက်နမ်ပွဲတော်တွင် အရှေ့တီမောကို အရံနိုင်ငံအဖြစ် ထည့်သွင်းခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

အထိမ်းအမှတ်တံဆိပ်မှာ အာဆီယံအလံ၏ အမှတ်အသားကိုယူထားသည်။ ထိပ်တွင် ၁၉၉၄ မှ ၂၀၀၄ အထိ မသန်စွမ်းအမှတ်တံဆိပ်ဖြစ်သော အမှတ်အသား ၃ ခုပါသည်။ အာဆီယံအမှတ်တံဆိပ်ကို အောင်မြင်မှုပန်း ၂ ခက် (ပုန်းညှက်ပန်း) မှ ဝန်းရံထားသည်။ ထိုတံဆိပ်ကို ၂၀၀၈ မှစ၍သုံးခဲ့သည်။ ယခင်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို အနီရောင်ဖြင့် ရေးဆွဲထားပြီး ပါဝင်သော ၁၁ နိုင်ငံကို ကိုယ်စားပြုသော ကွင်း ၁၁ ကွင်း ဖြစ်သည်။

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ 
ယခင်အလံ

ပါဝင်သောနိုင်ငံများ

အမျိုးသားပါရာလမ်းပစ်ကော်မတီ အမည်များ တရားဝင်အမည်များ စတင်ဝင်ရောက် ယှဉ်ပြိုင်သည့်နှစ် IOC ကုဒ် အခြားကုဒ်များ
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ဘရူနိုင်း နေဂါရာဘရုနိုင်းဒါရုစလမ်
၂၀၀၁
BRU
BRN (ISO)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ကမ္ဘောဒီးယား ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ
၂၀၀၁
CAM
KHM (၁၉၇၂–၁၉၇၆, ISO)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  အင်ဒိုနီးရှား အင်ဒိုနီးရှား သမ္မတနိုင်ငံ
၂၀၀၁
INA
IHO (၁၉၅၂), IDN (FIFA, ISO)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  လာအို လာအိုပြည်သူ့ဒီမိုကရတစ်သမ္မတနိုင်ငံတော်
၂၀၀၁
LAO
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  မလေးရှား မလေးရှားဖက်ဒရယ်နိုင်ငံ
၂၀၀၁
MAS
MAL (၁၉၅၂ − ၁၉၈၈), MYS (ISO)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  မြန်မာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
၂၀၀၁
MYA
BIR (၁၉၄၈ – ၁၉၈၈), MMR (ISO)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ဖိလစ်ပိုင် ဖိလစ်ပိုင်သမ္မတနိုင်ငံ
၂၀၀၁
PHI'
PHL (ISO)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  စင်ကာပူ စင်ကာပူသမ္မတနိုင်ငံ
၂၀၀၁
SGP
SIN (၁၉၅၉ – ၂၀၁၆)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ထိုင်း ထိုင်းဘုရင့်နိုင်ငံ
၂၀၀၁
THA
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  အရှေ့တီမော တီမောလက်စ်​တေဒီမိုကရက်တစ်သမ္မတနိုင်ငံ
၂၀၀၃
TLS
IOA (၂၀၀၀)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ဗီယက်နမ် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
၂၀၀၁
VIE
VET (၁၉၆၄), VNM (၁၉၆၈–၁၉၇၆, ISO)

ပွဲတော်များ

၂၀၀၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ နိုင်ငံ ၈ နိုင်ငံမှ ၁၂ ကြိမ် လက်ခံကျင်းပပြီး ဖြစ်သည်။ ၂၀၀၉ ပွဲတော်ကို လာအိုတွင် ကျင်းပရန်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေအရ မလေးရှားမှ လက်ခံကျင်းပခဲ့သည်။

မလေးရှားမှ ၃ ကြိမ် (၂၀၀၁၊ ၂၀၀၉၊ ၂၀၁၇)၊ အင်ဒိုနီးရှားမှ ၂ ကြိမ် (၂၀၁၁၊ ၂၀၂၂)၊ ဖိလစ်ပိုင်မှ ၁ ကြိမ် (၂၀၀၅)၊ ဗီယက်နမ်မှ ၁ ကြိမ် (၂၀၀၃)၊ ထိုင်းမှ ၁ ကြိမ် (၂၀၀၈)၊ မြန်မာမှ ၁ ကြိမ် (၂၀၁၄)၊ စင်ကာပူမှ ၁ ကြိမ် (၂၀၁၅)၊ က​မ္ဘောဒီးယားမှ ၁ကြိမ် (၂၀၂၃) တို့ ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပသည့်မြို့များ
ပွဲ လာဘ်ကောင် ကျင်းပရာမြို့ မှတ်ချက်
၂၀၀၁
သမင်ကြွက်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ကွာလာလမ်ပူ
၂၀၀၃
ရွှေဆိတ်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဟနွိုင်း
၂၀၀၅
ဝေလငါးမန်း
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ မနီလာ
၂၀၀၈
ချိုးငှက်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ နခွန်ရက်ချာစီမာ
၂၀၀၉
သမင်ကြွက်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကွာလာလမ်ပူ
၂၀၀၉ခုနှစ်ပွဲတော်ကို လာအိုနိုင်ငံအားကျင်းပခွင့် ပေးခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် မလေးရှားနိုင်ငံကို လွှဲပြောင်းပေးခဲ့သည်။
၂၀၁၁
ကွန်မန်ဒိုနဂါး(ဖွတ်)
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဆူရက်ခါတာ
၂၀၁၄
ဇီးကွက်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ နေပြည်တော်
၂၀၁၅
ခြင်္သေ့
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ စင်ကာပူ
၂၀၁၇
မလေးရှားကျား
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကွာလာလမ်ပူ
၂၀၂၀
ဖျက်သိမ်း
၂၀၂၂
​​တောင်ဆိတ်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဆူရတ်ခါတာမြို့
၂၀၂၃
ယုန်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ကမ္ဘောဒီးယားဖနွမ်းပင်မြို့
၂၀၂၆
~
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ထိုင်းနဂရရာဇသီမာမြို့

အားကစားနည်းများ

၂၀၀၁ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ မသန်စွမ်းသူများအတွက် ဖန်တီးထားသော အားကစားနည်းများအနက် (၂၀)နည်းကို ယှဉ်ပြိုင်ခဲ့ကြသည်။

  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ပြေးခုန်ပစ်
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ powerlifting
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဂျူဒို
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ စစ်တုရင်
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ မြားပစ်
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ စက်ဘီးစီး
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ Target Shooting
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘီးတပ်ကုလားထိုင် ဓားသိုင်း
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ရွက်လှေ
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ရေကူး
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကြက်တောင်ရိုက်
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘော့စီးယား
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘိုးလင်း (၁၀)
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘောလုံး (၅)
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘောလုံး (၇)
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ Goalball
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ စားပွဲတင်တင်းနစ်
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော
  • အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အထိုင်ဘော်လီဘော

ဆုတံဆိပ်ဇယား

၂၀၂၂ ခုနှစ် အင်ဒိုနီးရှားရှားပွဲတော်အထိ စုစုပေါင်း ဆုတံဆိပ် ၉၄၉၅ ခု ချီးမြှင့်နိုင်ခဲ့သည်။

 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ထိုင်း ၁၁၅၄ ၈၁၄ ၆၂၅ ၂၅၉၃
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  အင်ဒိုနီးရှား ၇၀၂ ၅၆၂ ၄၄၀ ၁၇၀၄
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  မလေးရှား ၆၉၁ ၆၁၉ ၅၀၀ ၁၈၁၀
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ဗီယက်နမ် ၅၆၈ ၅၃၄ ၅၁၁ ၁၆၁၃
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  မြန်မာ ၁၉၅ ၁၄၄ ၁၆၁ ၅၀၀
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ဖိလစ်ပိုင် ၁၇၄ ၂၁၅ ၂၅၈ ၆၄၇
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  စင်ကာပူ ၁၁၈ ၁၀၃ ၁၀၆ ၃၂၇
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ဘရူနိုင်း ၃၈ ၄၃ ၆၅ ၁၄၆
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  ကမ္ဘောဒီးယား ၁၄ ၃၈ ၃၆ ၈၈
၁၀ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  အရှေ့တီမော ၁၃ ၂၄
၁၁ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ  လာအို ၁၉ ၂၄ ၄၃
Total (11 NPCs) ၃၆၆၁ ၃၀၉၅ ၂၇၃၉ ၉၄၉၅

ကိုးကား

Tags:

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ သမိုင်းကြောင်းအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အထိမ်းအမှတ်တံဆိပ်အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ပါဝင်သောနိုင်ငံများအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ပွဲတော်များအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အားကစားနည်းများအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယားအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ကိုးကားအာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲလေဖြတ်ခြင်းအာဆီယံ

🔥 Trending searches on Wiki မြန်မာဘာသာ:

အယ်လ်နီညိုမထိုးသွင်းသော လိင်ဆက်ဆံခြင်းကားချင်းလူမျိုးရှစ်လေးလုံးအရေးအခင်းစကောကရင်ဘာသာစကားမန္တလေးတိုင်းဒေသကြီးအလင်္ကာရန်ကုန်ပြည်သူ့ဆေးရုံကြီးအားအောက်ချင်းငှက်ရခိုင်လူမျိုးအင်္ဂလန်နိုင်ငံမှန်နန်း ရာဇဝင်ယောလူမျိုးဂျူး (စာရေးဆရာမ)မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)ဝတ်မှုန်ရွှေရည်သောမတ် အက်ဒီဆင်ငလျင်လှုပ်ခြင်းလူသားမြန်မာအဘိဓာန်မက္ခရာမင်းသားကြီးသထုံမြို့ကမ္ဘာဂြိုဟ်တရုတ်မြန်မာကျပ်ငွေဗောဇ္ဈင်ခုနစ်ပါးရှင်စောပုရဲယိုပင်ရွှေသိမ်တော်ဘုရား (ကျောက်ဆည်)ကြွက်တက်ခြင်းသခွတ်ပင်ရှမ်းဘာသာစကားမောရသုတ်သမ္မာကျမ်းစာမကွေးမြို့ပြည်ထဲရေး ဝန်ကြီးဌာနမျောက်ကျိုက်ထီးရိုးဘုရားပင်ဂွင်းလယ်တွင်းသား စောချစ်ပထမ အင်္ဂလိပ် - မြန်မာစစ်နတ်ပင့်ဂါထာကာလီမယ်တော်သမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ကမ္ဘောဇသာဒီရွှေနန်းတော်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသက်ရင်းကြီးပင်တပ်မတော် (ကြည်း)မြန်မာနိုင်ငံရှိ ခရိုင်များပြည်မြို့မိကျောင်းအချိန်၊ မြန်မာ့ရိုးရာယူနိုက်တက်ကင်းဒမ်းနိုင်ငံအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကြာဗောဇ္ဈင်္ဂသုတ်မေတ္တေယျဘုရားယောက်ျား အင်္ဂါတံဂဠုန်ဇီဝဇိုးငှက်တနင်္သာရီမြို့ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကင်ဂိုအွန်ထမနဲပွဲရခိုင်ပြည်နယ်ဒဏ္ဍာရီငှက်လိင်ဆက်ဆံခြင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တောင်ငူခေတ်ချမ်းချမ်းခရစ်ယာန်ဘာသာအရက်ဆိုကရေးတီး🡆 More