အကျဉ်းဦးစီးဌာန(အင်္ဂလိပ်: Prisons Department)သည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၉၇၄ (အကျဉ်းဦးစီးဌာန) |
ယခင်အဖွဲ့အစည်း |
|
ဌာနချုပ် | ရုံးအမှတ်(၄၉)၊ နေပြည်တော် |
ဝန်ကြီးများ | ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် |
ဌာနအကြီးအမှူးများ | ဦးမျိုးဆွေ၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | ပြည်ထဲရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | prisonsdepartment.gov.mm |
ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့်အတူ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် အင်္ဂလိပ်တို့သည် စစ်တွေမြို့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသောအကျဉ်းထောင်ကို စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး ၁၈၉၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် မြန်မာနိုင်ငံအကျဉ်းထောင်အက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲဥပဒေ၊ ၁၉၀၀ ပြည့်နှစ် အကျဉ်းသားများအက်ဥပဒေ စသော ဥပဒေများအား ပြဋ္ဌာန်းခဲ့ပြီး အကျဉ်းထောင်များအား အုပ်ချုပ်ခဲ့သည်။ အကျဉ်းဦးစီးဌာနအား ၁၈၉၄ ခုနှစ်တွင် အကျဉ်းဌာနအဖြစ်လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် အကျဉ်းဌာနခွဲအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် အကျဉ်းဦးစီးဌာနအဖြစ်လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။
အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဦးစီးမှူးရုံးများနှင့် အကျဉ်းထောင်၊ စခန်းများကို အောက်ပါအတိုင်း ဖွဲ့စည်းထားရှိသည်-
အကျဉ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
စဉ် | အမည် | တာဝန်သက်တမ်း | |
---|---|---|---|
မှ | အထိ | ||
၁ | သရေစည်သူ ဦးဘမောင် | ၂၇-၁၂-၁၉၄၇ | ၁၄-၁-၁၉၅၁ |
၂ | သရေစည်သူ ဦးဘမောင် | ၂၇-၁၂-၁၉၄၇ | ၁၄-၁-၁၉၅၁ |
၃ | သီရိပျံချီ ဦးဘသိန်း | ၁၅-၁-၁၉၅၁ | ၂၆-၉-၁၉၅၉ |
၄ | သီရိပျံချီ ဦးလှဖေ | ၂၇-၉-၁၉၅၉ | ၁၇-၁၁-၁၉၆၁ |
၅ | သီရိပျံချီ ဦသန်းနွဲ့ | ၁၈-၁၁-၁၉၆၁ | ၈-၉-၁၉၆၈ |
၆ | ဦးထွန်းရင်လော | ၉-၉-၁၉၆၈ | ၁၇-၉-၁၉၆၈ |
၇ | ဦးငြိမ်းလှိုင် | ၁၈-၉-၁၉၆၈ | ၂၉-၈-၁၉၇၂ |
၈ | ဇေယျကျော်ထင် ဦးဘခင် | ၃၀-၈-၁၉၇၂ | ၃၁-၈-၁၉၈၂ |
၉ | ဦးဝင်းလွင် | ၁-၉-၁၉၈၂ | ၂၄-၂-၁၉၈၅ |
၁၀ | ဦးတင်ဦး | ၁၅-၇-၁၉၈၅ | ၁၀-၁၀-၁၉၈၈ |
၁၁ | ဦးဇော်မင်း | ၁၁-၁၀-၁၉၈၈ | ၂၃-၈-၁၉၉၅ |
၁၂ | ဦးကျော်ထွန်း | ၃၁-၈-၁၉၉၅ | ၁၂-၁-၂၀၀၃ |
၁၃ | ဦးဘမြင့် | ၁၃-၃-၂၀၀၃ | ၆-၉-၂၀၀၄ |
၁၄ | ဦးဇော်ဝင်း | ၇-၉-၂၀၀၄ | ၂၇-၁၂-၂၀၁၂ |
၁၅ | ဦးသန်းဌေး | ၂၈-၁၂-၂၀၁၂ | ၇-၁၀-၂၀၁၆ |
၁၆ | ဦးသိန်းဦး | ၈-၁၀-၂၀၁၆ | ၂၁-၆-၂၀၁၈ |
၁၇ | ဦးမြင့်စိုး | ၂၅-၆-၂၀၁၈ | ၂၀၂၀ |
၁၈ | ဦးဇော်မင်း | ၂၀၂၀ | ၂၀၂၃ |
၁၉ | ဦးမျိုးဆွေ | ၂၀၂၃ | လက်ရှိ |
This article uses material from the Wikipedia မြန်မာဘာသာ article အကျဉ်းဦးစီးဌာန, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.