ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့၍ ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးသည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ
Second Anglo-Burmese War
ရက်စွဲ၅ ဧပြီ ၁၈၅၂ - ၂၀ ဇန်နဝါရီ ၁၈၅၃
နေရာမြန်မာပြည်အောက်ပိုင်း
ရလဒ် ဗြိတိသျှစစ်နိုင်
စစ်ရင်ဆိုင်သည့် နိုင်ငံများ

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဗြိတိသျှအင်ပါယာ

  • ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အရှေ့အိန္ဒိယကုမ္ပဏီ
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ မြန်မာ
တပ်မှူးများနှင့် ခေါင်းဆောင်များ
Lieutenant-General Sir Henry Godwin မဟာဗန္ဓုလ၏ သားတော်
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ
၁၈၅၂ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် တိုက်ပွဲဝင်ခဲ့ကြသော မြန်မာတော်ဝင်ဘုရင့်တပ်များ

စစ်ဖြစ်ရသည့်အကြောင်းရင်း

အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန် ဦးအုပ်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။

စစ်မတိုင်မီအင်္ဂလိပ်တို့၏တောင်းဆိုမှုများနှင့်မြန်မာတို့၏လိုက်လျောမှုများ

အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒလဟိုဇီက ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်အား စစ်သင်္ဘောသုံးစင်းဖြင့် ရန်ကုန်သို့ စေလွှတ်၍ လျော်ကြေးငွေများပြန်ပေးရန်နှင့် ရန်ကုန်မြို့ဝန် ဦးအုပ်အား ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ ပုဂံမင်းသည် ရန်ကုန်မြို့ဝန် ဦးအုပ်ကို အင်းဝနေပြည်တော်သို့ ပြန်ခေါ်၍ ရွှေတောင်မြို့ဝန် ဦးမှုန်ကို ရန်ကုန်သို့ ပြောင်းရွှေ့ခန့်ထားလိုက်သည်။ လျော်ကြေးငွေများကိုလည်း စုံစမ်းစစ်ဆေးပြီး သင့်သလိုစီစဉ်ပေးရန် ညွှန်ကြားခဲ့သည်။

စစ်ဖြစ်ပွားပုံ

ရေတပ်ဗိုလ်မှူးချုပ် လင်းဘတ် စေလွှတ်လိုက်သော အရာရှိတို့သည် ရန်ကုန်မြို့ဝန် ဦးမှုန်၏ အိမ်ဝင်းအတွင်း မြင်းစီး၍ဝင်သဖြင့် အမှုထမ်းတို့ကတားဆီးရာတွင် တင်းမာမှုဖြစ်ခဲ့သည်။ ထိုအရာရှိတို့ကို ဦးမှုန်က ရေဝန်စစ်ကဲနှင့်သာ တွေ့ဆုံစေသဖြင့် မကျေမနပ်ဖြစ်ကာ လင်းဘတ်ကို တိုင်ကြားခဲ့သည်။ လင်းဘတ်သည် ၁၈၅၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာဘုရင်ပိုင် ရေနန်းယာဉ်သာ သင်္ဘောကို ရန်ကုန်မြစ်အတွင်းမှ အဓမ္မယူဆောင်သွားသည်။ မြန်မာကင်းတပ်တို့က တားဆီးရာတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် လင်းဘတ်က ရန်ကုန်မြစ်၊ ပုသိမ်မြစ်၊ မုတ္တမမြစ် တို့ကို ပိတ်ဆို့ခဲ့သည်။

နှစ်ဘက်တင်းမာချိန်အင်္ဂလိပ်တို့၏ထပ်မံတောင်းဆိုမှုများ

ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်က ရေနန်းယာဉ်သာ သင်္ဘောကို ပြန်လည်ရယူလိုပါက စစ်ပြင်ဆင်စရိတ်နှင့် အင်္ဂလိပ်တို့၏နစ်နာကြေးအတွက် မြန်မာတို့က ငွေဒင်္ဂါးတစ်သန်းပေးရန်နှင့် ရန်ကုန်မြို့ဝန်ဦးအုပ်အားရာထူးမှယ်ရှားပေးရန်စသည့် အချက်များကို လိုက်လျောရမည်ဟု တောင်းဆိုသည်။

စစ်ကိုတိုက်ခိုက်ပုံ

ပုဂံမင်းသည် စစ်ကြောင်း လေးကြောင်းဖြန့်ကာ အင်္ဂလိပ်တို့ကို တန်ပြန်တိုက်ခဲ့သည်။ မြန်မာတို့သည် သမားရိုးကျစစ်ဆင်နည်းနှင့် ပြောက်ကျားစစ်ဆင်နည်းတို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ မြေပြင်ပြစ် အမြောက်ကြီး ၁၀၀ မျှအသုံးပြုပြီး ခံကတုတ်များနှင့် ခံတပ်များကို ပိုမိုတောင့်တင်းအောင် တည်ဆောက်၍ စစ်ကိုခုခံခဲ့သည်။ အင်္ဂလိပ်တပ်များသည် စစ်အင်အား ၈၁၀၀ ဦးခန့်၊ စစ်သင်္ဘော ၁၉ စင်း၊ သယ်ယူပို့ဆောင်ရေးသင်္ဘော ၁၅ စင်း၊ အဝေးပြစ်အမြောက်ကြီးများ၊ ရှစ်လက်မအမြောက်မြား၊ ဟော်ဝစ်ဇာအမြောက်ကြီးများနှင့် သ‌ေင်္ဘာတင်အမြောက်မြား အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။


Tags:

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်ဖြစ်ရသည့်အကြောင်းရင်းဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်မတိုင်မီအင်္ဂလိပ်တို့၏တောင်းဆိုမှုများနှင့်မြန်မာတို့၏လိုက်လျောမှုများဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်ဖြစ်ပွားပုံဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ နှစ်ဘက်တင်းမာချိန်အင်္ဂလိပ်တို့၏ထပ်မံတောင်းဆိုမှုများဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်ကိုတိုက်ခိုက်ပုံဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲပုဂံမင်း၁၈၅၂၁၈၅၃

🔥 Trending searches on Wiki မြန်မာဘာသာ:

မင်းတုန်းမင်းပထမ ကမ္ဘာစစ်အမေရိကန်ပြည်ထောင်စုပလွေအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နီပေါနိုင်ငံရန်ကုန်တိုင်းဒေသကြီးကြွက်နို့အရေပြားလေးဘက်နာရောဂါခန္ဓသုတ်ဗောဇ္ဈင်ခုနစ်ပါးစာပေလင်းသိုက်ညွန့် (မြန်မာ့မြေ)မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကြည့်မြင်တိုင်မြို့နယ်အဆိပ်ကောသလမင်း အိပ်မက် (၁၆)ချက်နှလုံးရောဂါပတ္တမြားဂုဏ်တော်ကွန်ချာချင်းပြည်နယ်ကျေးရွာအုပ်စုစစ်တက္ကသိုလ် (ပြင်ဦးလွင်)စကားပုံမမကြီး (ဝတ္ထု)လောက (ဗုဒ္ဓဘာသာ)ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဘန်ကောက်မြို့တပ်မတော် (ကြည်း)သမ္မာကျမ်းစာရန်ကုန်တိုင်းစစ်ဌာနချုပ်ယေရှု ခရစ်တော်မိတ်ဆွေစစ် လေးမျိုးပင်နီဆီလင်အောင်ခြင်း ၈ ပါးလမ်းမတော်ဖိုးတုတ်အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ကရမက်ရာမာယဏမြန်မာနိုင်ငံရေးသမိုင်းကြက်ဟင်းခါးပင်ဟင်္သာပြင်ဦးလွင်မြို့ရှမ်းပြည်တပ်မတော်-တောင်ပိုင်းကြူကြူလှငလျင်လှုပ်ခြင်းပန်ထွာဘုရင်မခရမ်းပင်သိပ္ပံပညာမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးအဖြူဆင်းခြင်းအကုသိုလ်စေတသိက်အီလွန် မက်စ်တောင်ကိုရီးယားနိုင်ငံတို့ဗမာအစည်းအရုံးသိဒ္ဓတ္ထမင်းသားမင်းသိင်္ခအနိစ္စနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)အော်စကာဆုမြန်မာဝီကီပီးဒီးယားလူဆိုးတွံတေးသိန်းတန်လေယာဉ်ပျံရေသီရိလင်္ကာနိုင်ငံရဲဝင်းဦးရှမ်းလူမျိုးမျက်မှန်ခွေးတောက်ပင်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များ🡆 More